Haj Diary: Arriving in Mecca (Burmese Translation)

Haj Dariry from Aljazeera News by  Jamal Elshayyal

translated into Burmese Language by Kyaw Kyaww Oo

ဟာဂျ ပထမနေ့

အိပ်ရာမှ အစောကြီးနိုးနေသည်။ မိမိ ဘဝအတွက်ကြီးကျယ် သောခရီးတခု အစပြုတော့ မည်ဆိုသည့်အသိကြောင့်စိတ်လှုပ်ရှားနေသောကြောင့်ဖြစ်သည်။ ရေကို စိတ်တိုင်းကျချိုးပြီး ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့ သို့ ဟာဂျ ခရီးစဉ်အတွက် မပါမဖြစ်သည့် ဝတ်ဖြူစင်ကျယ်နှစ် ပိုင်းကို မကျန်ခဲ့ရန် တဖန် စစ်ကြည့်ရသည်။

မိတ်ဆွေများ မိသားစုများ အတွက်ဟာဂျ ခေါ် ကာ့အဘာ ဝတ်ကျောင်းတော် ခရီး သည်အဆန်းမဟုတ်တော့ပါ။မိမိ အ တွက်တော့မ မျော်လင့်ပဲ ဟာ့ဂျ ခရီးသွားရန် အခွင့်အလမ်းပေါ်လာ၍ ပိုပြီ့း်စိတ် လှုပ်ရှားရပါသည်။

ဟာ့ဂျ ခရီးမစမီပင် ဟာ့ဂျ၏ဝတ်တရားများက အစပြု နေပါပြီ။ ပေးရန်ရှိအကြွေးများ အကျေဆပ်ရပါသည်။ပြုခဲ့သည့်အမှားများအ တွက်တောင်းပန်ထိုက်သူများကို ခွင့်လွှတ်ပါရန်တောင်းပန်ရပါသည်။ မိမိ၏ သေတမ်းစာ ကိုရေးရချိန်မှာ ငြိမ်းချမ်းသောခံစားမှူထူးကိုရပါသည်။

လေဆိပ်ကိုရောက်တော့ အသင့်စောင့်နေတဲ့ အယ်ဂျာ့ဇီရား အဖွဲ့ဝင်များ နဲ့ဆုံရပါပြီ။မိမိတို့အားလုံးနှစ်ထောင်ရှစ်ခုနှစ် ဟာ့ဂျ အတွက်သတင်းလဲယူရင်း ဟာ့ဂျပြုဖို့သွားကြမှာပါ။

ယုံကြည်မှူနှင့်ညီနောင်စိတ်ဓတ်

လေယဉ်မတွက်မီ မိမိအဖွဲ့ကို ဆင်ခြင်သုံးသပ် ကြည့်ရာ ဟာ့ဂျ ၏ အဓိကရည်ရွယ်ချက်ဖြစ်သည့်ယုံကြည်မှူနှင့်ညီနောင်စိတ်ဓတ် ကို မိမိ၏ အဖွဲ့ငယ်အတွင်းမှာပင်တွေ့နေရ၏။ မိမိတို့အဖွဲ့သားများမှာနိုင်ငံစုံ ၊အောစတြိရန်း၊အင်္ဂလန်၊အီဂျစ်၊မိုရိုကို မှအစ်စ္စလမ်ဘာသာ ဝင် များ၊လူမျိုးမတူယဉ်ကျေးမှူမတူသော်လည်း ယုံကြည်မှူ တူညီသူများပါ။

ဂျီဒါလေယဉ် ကွင်းမရောက်မီလေယဉ်မှူးက လေယဉ်သည် မိကတ် အပေါ်သို့ကျော်ဖြတ်ကြောင်း ကျေညာ၏။ မိမိတို့အားလုံး အေဟရမ် ခေါ် ဟာ့ဂျခရီးသည်များအပြည့်အဝ ဖြစ်ကြလေပြီ။ ခရီးသည်များအားလုံး တပြိုင်တည်း

“ကျွန်တော်မျိုးတို့အလာ့အမိန့်နာခံရန်အသင့် ဖြစ်ကြပါပြီ” “Labayk Allahuma Labbayk” (I am ready to obey your orders O Allah) လို့ ကြွေးကျော်သံ လေယဉ်ထဲမှာပဲ့တင်ဟပ်ံသွားပါတော့တယ်။

မိမိ ရဲ့ရင်ခုန်သံမြန်လာတာသတိထားမိပါ တယ်။စိတ်ထဲမှာလဲကိုယ့်ရဲ့မွေးရပ်မြေ ကိုပြန်ရောက်လာ သလိုခံစားရပါတယ်။တကယ်တော့ ကျွန်တော့ဘဝမှာ မက္ကာမြို့ ကို တခေါက်မှ မရောက်ဖူးပါ။

ဆော်ဒီပြန်ကြားရေးဝန်ကြီးဌာနမှ ကိုယ်စားလည်များက ကျွန်တော်တို့ကို တမန်တော်မိုဟာ မက် (PBUH) အစ်စ္စလမ်ဘာသာကို ပထမဦးဆုံး ကမ္ဘာ ကိုကြေညာတဲ့ မက္ကာမြို့ သို့ခေါ်ဆောင်ရန်ကြိုဆိုနေတာကိုတွေ့ရပါတယ်။

မက္ကာမြို့ သို့ အဝင်ခရီး

ညကအိပ်ရေးပျက်ထားလို့ ကားထဲရောက်တာနဲ့အိပ်ပျော်သွားပါတယ်။ ထူးခြားတဲ့တိုက်ဆိုင်မှူလို့ပဲပြောရမလား ကျွန်တော်နိုးလာတော့ကားက မြို့ အဝင်မှာပါ။ကားတန်းကြီးဟာမရွေ့တော့ပါ။မေးကြည့်တော့ ပုလိပ်များမြို့အဝင်ပါမစ်စစ်နေတာပါတဲ့။ မြို့ရဲ့ ယဉ် ကြောပိတ်ဆို့မှူဟာ ကျွန်တော်မကြာခဏရောက်ဖူးပြီး စည်ကားလှတဲ့ ကိုင်ရိုနဲ့ပင်မယှဉ်သာတာတွေ့ရပါတယ်။

အဖွဲ့သားအားလုံးဟိုတယ်မှာခဏနားပြီးတော့ Tawaf Alqudoom လို့ခေါ်တဲ့ပထမဦး ဆုံး ကာ့အဘာကျောင်းတော်မြတ်ကို တမန်တော်မြတ် လမ်းစဉ်အတိုင်း ခုနှစ်ကြိမ်ပတ်ပြီး အလ္ထာရဲ့ဂုဏ်ုံတော်များကို အခြားထောင်ပေါင်းများစွာသော ဟဂျခရီးသည်များ နှင့်အတူပူးပေါင်းပါဝင်ရန်တွက်လာခဲ့ပါတယ်။

ဟာ့ဂျ အကြောင်းကြားဖူးသမျှ မြင်ဖူးသမျှတွေဟာ တကယ် ကျွန်တော့ ကိုယ်တွေ့မျက်စေ့နဲ့မြင်ရတာနဲ့ပြောမပြတတ်လောက်အောင်ကွာခြားလွန်းနေပါတယ်။ ထောင်ပေါင်းများစွာ သော အသားအရောင်မျိုးစုံ နဲ့လူမျိုး ပေါင်းစုံ၊အသက်အရွယ်စုံ ဟာ တ သွေမ တိမ်းသောလုပ်ရပ်ကို၊တ သွေမ တိမ်း တချိန်တဲမှာ၊တ သွေမ တိမ်းသော တူညီတဲ့ယုံကြည်ချက်နဲ့လုပ်ဆောင်နေကျခြင်းဖြစ်ပါတယ်။

ထောင်ပေါင်းများစွာသော လူများ။.ကျွန်တော့ဘေးမှလူ သည်ဘီလျံနာသူဌေးကြီးတယောတ်ဖြစ်နိုင်သလိုသာမန်လက်လုပ်လက်စားတစ်ယောက်လဲဖြစ် နိုင်ပါတယ်။အဝတ်အစားအရ အပြုအမူအရ အားလုံး တူညီသောလုပ်ရပ်တခုထဲကိုသာ လုပ်ဆောင်နေကြတာ အံ့ဘွယ်ပါ ။

လူသားအားလုံးအဆင့်တန်းတူကြပြီ

ကအဘာ ကျောင်းတော်မြတ်ကို ခုနစ်ကြိမ်ပတ်လှဲ့ပြီးနောက် ကျွန်တော်တို့အားလုံး ဇမ်ဇမ်ရေသောက်ကြတယ်။ဇမ်ဇမ်ရေ ဟာတမန်တော်အီဘရာဟင် လက်ထက်မှဒီနေ့အထိသဲကန္တာရထဲမှာလူပေါင်းသန်းပေါင်းများစွာသောက်လို့မကုနပါ။

ဒုက္ခရောက်နေတဲ့တမန်တော်အီဘရာဟင် ရဲ့ဇနီးဟာဂျာ နဲ့ရင်သွေးငယ်လေးတို့သဲကန္တာရထဲမှာ ကျန်ခဲ့ စဉ် ထူးဆန်းစွာ ထွက်ပေါ်လာတဲ့ စမ်းရေပါ။

အလ္ထာက ဟာဂျာရဲ့ဆုမွန်ကို အဖြေပေးတဲ့အနေ နဲ့ဇမ်ဇမ်ရေကိုပေးသနားပါတယ်။

မူစလင်များအားလုံး ဟာဂျာပြေးလွှားခဲ့တဲ့ တောင်နှစ်ခုကို သူမရဲ့ခြေရာအတိုင်း ခုနစ်ကြိမ် လျှောတ်ရပါတယ်။

ပထမနေ့အဆုံးသတ်ပါပြီ။ လုပ်ခဲ့သမျှ ကိုအားလုံးနားမလည်သေးပေမဲ့ လူသားအားလုံးအတူတူပါဘဲဆိုတာကို စတင်ခံစားနားလည်လို့ရတာပါ။

မမျှတတဲ့လောကကြီးမှာပထမဆုံးမျှတခြင်းကိုခံစားရခြင်းဆိုရင်ပိုမှန်ပါလိမ့်မယ်။

ကျော်ကျော်ဦး


Leave a comment