Undestanding Islamး Islam ကိုနားလည်ခြင်းအပိုင်း(လေး)

The following post is adapted from the original public talk title ” Is the Quran Allah’s Word?” by Dr Zakir Naik.

For the benefit of the Non Burmese readers and those who want to know more, I have included the original extract which I have copied from  Words of Loves blog in this post.

regards,

Kyaw Kyaw Oo

Extract from a Public Talk by : Dr Zakir Naik

May peace, blessings and mercy of Almighty Allah be on all of you.

The topic of this talk is “IS THE QURAN GOD’S WORD?”

Many people have a misconception that Prophet Muhammad (May peace be upon him) was the founder of the religion of Islam. In fact, Islam is in existence since man first set foot on the earth. God Almighty has sent several revelations and messengers to this earth. All the previous Prophets sent by Allah (SWT) were meant only for their people and their nation and the complete message was meant for a particular time period. That is the reason that the miracle they performed like the parting of the sea, like raising the dead to life convinced the people of that time but cannot be examined and verified by us today.

keep reading at  Navedz’s Words of Love

The following is the part 4 of the series of adaption of  Dr Zakir Naik ‘s work into Burmese language.

by Kyaw Kyaw Oo

ကျမ်းမြတ်ကုရအန်ကိုတမန်တော်မိုဟာမက်عليه السلامကသိစိတ်နဲ့ဖြစ်စေမသိစိတ်နဲ့

ဖြစ်စေရေးတယ်ဆိုတဲ့အရှေ့တိုင်းပညာရှင်တို့ရဲ့ အဆိုကိုချေပလိုပါတယ်။

Orientalists တွေကကျမ်းမြတ်ကုရအန် တမန်တော်မိုဟာမက်عليه السلام ၏နှုတ်မှဆင့်ပြန်ခဲ့သည်ကို သုတေသနပြုချက်များမှလုံးဝမငြင်းနိုင်တဲ့အခါ

ကျမ်းမြတ်ကုရအန်ကိုတမန်တော်မိုဟာမက်عليه السلامိ ကသိစိတ်နဲ့ဖြစ်စေမသိစိတ်နဲ့ဖြစ်စေ

ရေးတယ်ဆိုပြီး  စွပ်စွဲမှူတွေပြုလာကြပါတယ်။

တမန်တော်မိုဟာမက်عليه السلام် ဟာမည်သည့်အခါကမှကျမ်းမြတ်ကုရအန်ကိုမိမိစိတ်သဘော

အရဆင့်ပြန်ခဲ့သည်လိှု့မမိန့်ကြားခဲ့တာ Islamဘာသာဝင်တွေအားလုံးနားလည်ကြပါတယ်။

အမှန်တော့တမန်တော်မိုဟာမက်عليه السلامသည်ကျမ်းမြတ်ကုရအန်သည်ဖန်ဆင်းရှင်၏

ဗျာဒိတ်တော်ဖြစ်ကြောင်းအစဉ်တစိုက်ပြောခဲ့သောသစ္စာရှင်မဟာလူသားတဦးဖြစ်ပါတယ်။

သမိုင်းကြောင်းကိုပြန်လေ့လာရင်တမန်တော်မိုဟာမက်عليه السلامသည်တမန်တော်မဖြစ်မီ

အချိန်ကတည်းကမှန်သောစကားကိုသာဆိုသောသစ္စာရှင်အဖြစ်အာရေဗျမှာကျော်ကြားပါတယ်။ှ

ရိုးသားမြင့်မြတ်သောလူသားတဦးအနေနဲ့တမန်တော်ဘဝမရောက်မီပင်အများရဲ့လေးစားမှူ

ခံရပါတယ်။ဒါဟာသမိုင်းအရပြောနေတာပါ။

ဒါကြောင့်တမန်တော်မိုဟာမက်عليه السلام်ကို Al- Ameen သစ္စာရှင် ဆိုတဲ့ဘွဲ့နဲ့လူအများကသိနေကြတာတမန်တော်ဘဝမရောက်မီကတည်းကပါ။

တမန်တော်ရဲ့ ရန်သူများသည်ပင်လျှင် သူတို့ရဲ့အဖိုးတန်ရတနာများကိုယုံကြည်စိတ်ချစွာအပ်နှံထားတာ သမိုင်းအရ အတိအကျပါ။

ဒါဆိုရင်အင်မတန်ရိုးသားဖြောင့်မတ်တဲ့သစ္စာရှင် တဦးကကျန်းမြတ်ကုရအန်နဲ့ပတ်သက်၍ဘာကြောင့်လိမ်ညာပြောဆိုရမှာလဲလို့

မေးခွန်းပြန်မေးရပါလိမ့်မယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Orientalists တွေရဲ့စွပ်စွဲမှူ တွေကိုဆန်းစစ်ကြည့်ရအောင်

အချို့ကတမန်တော်عليه السلامသည်ရုပ်ပစ္စည်းနဲ့အာဏာအတွက် တမန်တော်အဖြစ်ကြေညာနိုင်ရန်ဒီလိုကုရအန်ကိုမိမိနှုတ်မှပြောပြီး ဖန်ဆင်းရှင်ရဲ့ဗျာဒိတ်တော်လို့ဆိုတယ်လို့စွပ်စွဲပါတယ်။

မှန်ပါတယ်။

သမိုင်းမှာရုပ်ဝထ္ထုနဲ့အာဏာမက်မောပြီးတမန်တော်လို့ကြေညာတဲ့

တမန်တော်အတုတွေအများကြီးရှိခဲ့ပါတယ်။ဒါပေမဲ့တမန်တော်မိုဟာမတ်၏ ရုပ်ဝထ္ထုပိုင်ဆိုင်မှူသည်တမန်တော်မဖြစ်မီကပိုပြီးချမ်းသာတယ်လို့ဆိုရပါ့မယ်။

တမန်တော်ရဲ့ကြင်ရာတော်ခတီဂျာသခင်မသည်ချမ်းသာကြွယ်ဝသူအမျိုးသမီးဖြစ်ပါတယ်။

တမန်တော်မြတ်သက်တော်နှစ်ဆဲ့ငါးနှစ်မှာခတီဂျာသခင်မနဲ့လက်ဆက်ပြီး

နောက်ထပ်ဆဲ့ငါးနှစ်လုံးလုံးချမ်းသာကြွယ်ဝစွာနေခဲ့ရပါတယ်။

အောက်ပါစာပိုဒကိုဖတ်ကြည့်ပါ

ဟာဒီသ(Hadith) အာနာဝါဝီ အမှတ်လေးရာကိုးဆဲ့နှစ်ကဒီလိုဆိုပါတယ်

ဒီအချိန်ဟာတမန်တော်လို့ကြေညာပြီ်း နောက်ကြင်ယာတော်
ခတီဂျာသခင်မကွယ်လွန်ပြီး မဒီနာမြို့သို့ဟီဂျရတ်လို့ခေါ်တဲ့
ပြောင်းရွှေနေထိုင်ရချိန်ဖြစ်ပါတယ်။

အိုင်ရှာသခင်မကဆင့်ပြန်ခဲ့သည်မှာ

မိမိတို့ ( တမန်တော်နှင့်အိုင်ရှာသခင်မ)သည် မီးထွန်းရန်ဆီမရှိသောကြောင့် တစ်လ၊နှစ်လအမှောင်ထဲတွင်နေရသည်။မိမိတို့စားရသည်မှာ ရေ၊စွန်ပလွန်သီးနှင့် တခါတရံမဒီနာမြို့သားများပေးသည့်ဆိတ်နို့ ဖြင့်အသက်ဆက်ရသည်။

တမန်တော်မြတ်عليه السلام၏ဘဝတလျှောတ်လုံးအထက်ပါပုံစံဖြင့်စံပြလူသား

အဖြစ်နေသွားခဲ့သည်။

ရီရဒ်အက်ဆာလေဟီးနဟာဒီသအမှတ်465 နှင့်466

ဟာဇရတ်ဘီလားလပြောကြားခဲ့သည်မှာ

တမန်တော်သည်လက်ဆောင်ပဏာများရတိုင်း ဆင်းရဲသားတို့ကိုချက်ခြင်းဝေမျှပေးသည်။

မိမိအတွက်သိမ်းဆည်းထားခြင်းလုံးဝမရှိ။

ဒါဆိုရင်ဘာကြောင့်တမန်တော်သည်လောကီစည်းစိမ်အတွက်

ကုရအန်ကျမ်းမြတနှင့်ပတ်သက်၍မဟုတ်မမှန်ပြောစရာမရှိကြောင်းရှင်းလောက်ပြီထင်သည်။

မိတ်ဆွေ… တမန်တော်မြတ်عليه السلامထံမှဗျာဒိတ်တော်ကျကျမ်းမြတ်ကုရအန်ကို

ဖတ်ကြည့်ပါဦး

စူရာဘာကရာ2:79

သို့ဖြစ်၍ကျမ်းဂမ်များကိုမိမိတို့ကိုယ်တိုင်မိမိထို့လက်ဖြင့်စီရင်ရေးသားပြီး

အနည်းငယ်မျှသောအဖိုးအခလဲလှယ်ရောင်းချစားသုံးရန်အလို့ငှါ ဤကျမ်းဂမ်သည်

ကားအလာအရှင်မြတ်ထံမှ(ထုတ်ပြန်ပို့ချသောဒေသနာတော်ကျမ်းဂမ်)တည်း ဟူ၍(လိမ်လည်)ပြောဆိုကြသောသာသနာ့ရှေ့ဆောင်ရှေ့ရပ်တို့သည် ပျက်စီးကြရကုန်လတံ့။

တဖန်ယင်းသူတို့သည်မိမိတို့ကိုယ်တိုင်မိမိတို့လက်ဖြင့်(မဟုတ်မမှန်)ရေးသားခဲ့ခြင်း

ကြောင့်လည်းကောင်း(မပြုထိုက်မပြူအပ်သောနည်းမျိုးဖြင့်ဥစာပစ္စည်း)

ရှာဖွေခြင်းကြောင့်လည်းကောင်းပျက်စီးကြရကုန်လတံ့။

အထက်ပါအာရတ်(Verse)သည် ကျမ်းဂမ်များကိုမိမိတို့၏လက်နှင့်ရေးသားပြီး

ဖန်ဆင်းရှင်ထံမှလို့လိမ်ညာသူများသည်ပျက်စီးဆုံးရှုံးရလိမ့်မယ်လို့ရှင်းရှင်းလေးဆို

ထားပါတယ်။

အကယ်၍တမန်တော် عليه السلام သည်ကျမ်းမြတ်ကုရအန်ကိုမိမိကိုယ်တိုင်ရေးသားခဲ့လျှင်သမိုင်းရဲ့

တချိန်ချိန်မှာအမှန်တရားပေါ်ပေါက်ဖို့အခွင့်အလမ်းအမြဲရှိရှိနေပါတယ်။ထောင်ပေါင်းများစွာ

သောဘာသာခြားသုတေသီများကတမန်တော်ရဲ့ဘဝနဲ့သမိုင်းကိုခေတ်အဆက်ဆက်

ဘက်ပေါင်းစုံကသုတေသနပြုခဲ့ကြတာပါ။ဘယ်သုတေသီကမှတမန်တော် عليه السلامသည်ကျမ်းမြတ်ကုရအန်ကိုမိမိကိုယ်တိုင်ရေးသားတယ်လို့အထောက်အထားမတွေ့ခဲ့ပါ။

အထက်ပါအာရတ်(Verse)ရဲ့ဆိုလိုချက်က အကယ်၍တမန်တော် عليه السلامသည်ကျမ်းမြတ်ကုရအန်ကိုမိမိ

ကိုယ်တိုင်ရေးသားခဲ့ လျှင်မိမိကိုယ်ကိုပျက်စီးမယ်လို့ပြန်ပြောနေတာဖြစ်၍ လုံးဝအကျိုးအကြောင်းဆီလျှော်မှူမရှိပါ။

ဒါကြောင့်ကျန်းမြတ်ကုရအန်သည်တမန်တော်မိုဟာမက်عليه السلام်၏

လက်ရာမဟုတ်ဖန်ဆင်းရှင်Allah (SWT)ထံမှဆိုတာရှင်းရှင်းသိနိုင်ပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆက်ပြောပါရစေ

Orientalists အရှေ့တိုင်းပညာရှင်များကတမန်တော်မြတ် عليه السلامသည်ကျမ်းမြတ်

ကုရအန်ကိုလောကီစည်းစိမ်၊အာဏာ အတွက်အသုံးချခဲ့တယ်လို့စွပ်စွဲကြ

တာတွေ့ရပါတယ်။

တမန်တော်عليه السلامသည်လောကီစည်းစိမ်၊အာဏာ မက်သောခေါင်းဆောင်

တဦးလားလို့မေးစရာဖြစ်လာပါတယ်။

အာဏာစည်းစိမ်ခံလိုသောခေါင်းဆောင်များသည် အဝတ်အစားအဆောင်အယောင်

များကိုမက်မောကြတယ်။စားကောင်းသောက်ဖွယ်များမက်မောကြတယ်။

အလွန်ခမ်းးနားကြီးကျယ်တဲ့နန်းတော်ကြီးတွေမှာနေလေ့ရှိကြတယ်။

ကျွန်တော်တို့ချစ်မြတ်နိုးတဲ့တမန်တော်عليه السلام ရဲ့ဘဝကိုကြည့်ရအောင်

တမန်တော်မြတ်عليه السلام သည်

မိမိသောက်ရန်ဆိတ်နို့ကို မိမိလက်ဖြင့်ညှစ်ယူသူဖြစ်ပါတယ်။

မိမိဝတ်ရန်အဝတ်ကိုကိုယ်တိုင်ဗိုင်းငင်သူ…

မိမိစီးရန်ဖိနပ်ပျက်ရင်ကိုယ်တိုင်ပြင်ချုပ်သူ…

အိမ်မှူကိစ္စအဝဝကိုကူညီလုပ်ပေးသူ….

အလွန်တရာကူညီသူ….

ကြမ်းပြင်မှာထိုင်ပြီးအများနဲ့ဆွေးနွေးသူ….

ဈေးကိုအများသူငါလိုအစောင့်အရှောက်မပါပဲသွားသူ….

မရှိဆင်းရဲသားများကဖိတ်ခေါ်လျှင်လက်ရေတပြင်တည်းကြွေးတာစားသူ…

အလွန်ရိုးသားဖြူစင်တဲ့ဘဝကိုစံပြတည်ဆောတ်ပြသွားသူဖြစ်ပါတယ်။

စူရာတောင်ဘာ(9:61)

ဟယ်အချင်းတို့ (တမန်တော်သည်)အသင်တို့နှင့်ပတ်သက်၍ကောင်းရာကောင်းကြောင်းများ

ကိုနားထောင်လေ့ရှိသည်။

တမန်တော်عليه السلامသည်မာနထောင်လွှားခြင်းမရှိပဲ လူတိုင်း၏ စကားများကို (ကောင်းရာကောင်းကြောင်းအတွက်)နားထောင်လေ့ရှိသည်။

တခါတွင်အာရပ်ဘာသာမဲ့တို့၏ကိုယ်စားလှယ် အွတ်ဒဘာ ဆိုသူကတမန်တော်عليه السلام်ကို

“အကယ်၍သင်တမန်တော်မဟုတ်တော့ဟုကြေညာလျှင်၊အာရေဗျမှရှိသမျှစည်းစိမ်အကုန်

မိမိတို့ပေးရန်အဆင်သင့်ရှိသည်။အာရေဗျ၏ဘုရင်အဖြစ်တင်မြောက်ရန် နှင့်သင်လိုချင်ရာအားလုံးမိမိတို့ပေးမည်။ သင့်အနေနှင့်ဖန်ဆင်းရှင်တဆူဝါဒကိုဗျာဒိတ်တော်မှတဆင့်ပြောကြားခြင်းရပ်ဆိုင်းရန်သာလို

ပါသည်”။

တမန်တော်မြတعليه السلام်လုံးဝလက်မခံခဲ့ပါ။

အကြိမ်ပေါင်းများစွာတမန်တော်ကို စည်းစိမ်အာဏာနှင့်သာသနာကိုစွန်လွတ်ရန်သွေးဆောင်ခဲ့ကြ

သော်လည်း စိတ်ဝင်စားခြင်းမရှိခဲ့ပါ။

တမန်တော်ကဦးလေးတော်အဘူတာလစ်ကို

“ဦးရီးတော် သူတို့ကနေနှင့်လကို(တမန်တော်)၏လက်နှစ်ဖက်တွင်ထဲ့ပေးသည့်တိုင် Allah ၏တာဝန်ပးမှူကိုသေသည်အထိစွန့်လွတ်မည်မဟုတ်ပါ” ဟုပြောခဲ့သည်။

မည်သည့်သာမန်လူမျိုးမဆိုဒီလို စည်းစိမ်အာဏာတွေနဲ့ဖျားယောင်းလာရင်

အနည်းနဲ့အများလိုချင်တပ်မက်စိတ်တွေပေါ်မှာပါ။ဒါပေမဲ့တမန်တော်က

အောင်မြင်မှူတစ်ခုရတိုင်း Allah အရှင်မြတ်ရဲ့ကျေးဇူးတော်လို့သာကြွေးကျော်

ပြီး ပိုမိုနှိမ့်ချရိုးကျိုးတဲ့ အသွင်ဟာထိုစဉ်ကသာမန်အာရပ်ဘုရင်များနဲ့

လုံးဝနှိုင်းယှဉ်လို့

မရတဲ့အပြင် ဒီလောကမှာခေတ်အဆက်ဆက်ပေါ်ပေါက်ခဲ့သည့်
မည်သည့်ခေါင်းဆောင်နဲ့မှနှိုင်းယှဉ်လို့မရတာကိုတွေ့ရပါတယ်။

ဆက်ရေးပါဦးမယ်

Allah knows the best
ချစ်ခင်စွာဖြင့်
ကျော်ကျော်ဦး


3 thoughts on “Undestanding Islamး Islam ကိုနားလည်ခြင်းအပိုင်း(လေး)

  1. Doa @ tootoolayy says:

    လာရောက်လေ့လာသွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကိုကျော်ကျော်ဦး ဘလောဂ့်ကို ဒါ ပထမဦးဆုံး အကြိမ် ရောက်ဖူးခြင်းပါ။ ပိုစ့်တွေကို နိုင်သလောက်တော့ ဖတ်သွားပါတယ်။ နောက်လာလည် လေ့လာပါဦးမယ်။

    လေးစားစွာဖြင့်

  2. khajar says:

    ကျွန်တော်ကို quran ဘာသာပြန်ကို hathis တော် ၆ ကြမ်း ကို e-mail ပို့ ပေးပါ
    salam

Leave a comment