Danya Wadi

သမိုင်းရေးတဲ့နေ့

10.3.2013

၂၀၁၃ ခု မတ်လ ၉ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟီဓော တက္ကသိုလ်မှာ ခေတ်သစ် ရခိုင်သမိုင်းကို စရေးတဲ့နေ့လို့ ခံစားလိုက်ရပါတယ်။ ထိုင်းနိုင်ငံရောက် ရခိုင်အမျိုးသားများက ကမကထ လုပ်ပြီး ရခိုင်သမိုင်းကို ရေးနိုင်ဘို့ စီစဉ်ခဲ့ပါတယ်။ ရခိုင်အမျိုးသားများ စီစဉ်ခဲ့ပေမယ့်-၊ ရိုဟင်ဂျာများကိုတော့ ဖိတ်ကြားခြင်းမရှိခဲ့ပါ။ ဒါပေမယ့်- ဘန်ကောက်ကို ကျွန်တော်ရောက်ပြီး- အခမ်းအနားစီစဉ်သူကို ကြည့်တော့ ကျွန်တော့မိတ်ဆွေ အရင်းထက် ပိုပြီး သံယောဇဉ်ရှိတဲ့ ကိုကျော်သောင်း ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်နေပါတယ်။ ကျွန်တော်လည်း ဖိတ်စာပါ ဖုံးနဲ့ ဆက်သွယ်လိုက်ပါတယ်။ ကိုကျော်သောင်းက အလုပ်များနေပြီး ဖုံးမကိုင်ဖြစ်ပါ။- ကိုဇော်မင်းထွန်းက ဖုံး ကိုင်ပါတယ်။ ကျွန်တော် ကိုဌေးလွင်ဦး ဖြစ်ကြောင်း အခမ်းအနားကို တက်ရောက်ချင်ကြောင်း အကြောင်းကြား ခဲ့ပါတယ်။

ကိုဇော်မင်းထွန်းတို့ တိုင်ပင်ပြီး ကျွန်တော်နဲ့နောက်ထပ် ရိုဟင်ဂျာ အမျိုးသားရေး လှုပ်ရှားသူ သုံးဦး တက် ရောက်ခွင့်ရခဲ့ပါတယ်။ ဒီပွဲမှာ တစ်ဘက်တစ်ဘက် ဆက်ဆံရေးတန့်နေတဲ့ ရခိုင်နဲ့ ရိုဟင်ဂျာတို့ ထိပ်တိုက်တိုး မလား၊ သို့မဟုတ် ကျွန်တော်နဲ့ ဆရာဒေါက်တာအေးချမ်း ထိပ်တိုက်တိုးမလား- ဆိုပြီး တက်ရောက်သူများရဲ့ မျက်နှာများ နည်းနည်း အသက်မဲ့နေခဲ့ပါတယ်။

အပြောင်းအလဲက မြန်ဆန်လွန်းလှပါတယ်။ နာရီဝက်လောက်အတွင်းမှာ တစ်ဘက်နဲ့တစ်ဘက် ရန်လိုသူတွေ မဟုတ်ဘူး ဆိုတာကို နွေးထွေးစွာ

ခံစားမိလာခဲ့တယ်။ တစ်ယောက်-တစ်ယောက် ပြုံးပြချင်လာကြတယ်၊ မျက်နှာက ရပ်တန့်မာကြောနေတဲ့ အရေပြာတွေပြား ပြေလျှော့လာခဲ့ပါတယ်။ အခမ်းအနားမှာ ပထမဆုံး စကား ပြောသူက ဂျက်လိုင်ဒါ ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး- သူ့ဘက်က ပဋိပက္ခသဘောတရားများကို ရှောင်ကြဉ်ပြောဆိုသွား ခဲ့ပါတယ်။ ပြီးတော့ မေးလိုရာများကို စာရေးပြီး မေးခဲ့ရပါတယ်။ ဒုတိယမြောက် ပုဂ္ဂိုလ် စတီဗင် ဆိုတဲ့ စကော် လာ တစ်ဦးဖြစ်ပြီး သူ့ဘက်ကလည်း ပဋိပက္ခ ဖြစ်စေမယ့် အရာများကို ရှောင်ဖယ်ပြောဆိုခဲ့ပါတယ်။ သူအလှည့် ပြီးတော့လည်း မေးလိုရာများကို စာရေးမေးခဲ့ရပါတယ်။

နောက်ဆုံး စကားပြောတဲ့ ပုဂ္ဂိုလ်ကတော့ ဆရာဒေါက်တာအေးချမ်း ဖြစ်ပါတယ်။ အပွင့်လင်းဆုံးပြောရရင် ကျွန်တော်တို့ တွေးထင်ထားသလောက် သဘောထား တင်းမာသူ မဟုတ်ဘဲ-၊ သူသိရာကို သူ့ဘက်က ပွင့်ပွင့် လင်းလင်း ၀ုန်းဝုန်းဒိုင်းဒိုင်းပြောတတ်သူ ဖြစ်ကြောင်း စတင်ခံစားမိပါတယ်-၊ သူသိထားတာ ဆိုတော့ ထုံးစံ အတိုင်း “ရိုဟင်ဂျာ” ဆိုတာ…

View original post 299 more words

3 thoughts on “

  1. danyawadi says:

    ထိုင်းနိုင်ငံ၊ဘန်ကောက်ညီလာခံတွင်ရိုဟင်ဂျာအရေး ကိစ္စဆွေးနွေးပွဲသို့တက်ရောက်ခဲ့သူများ၏ ဓါတ်ပုံ …
    Posted by danyawadi on March 16, 2013 in News, Photos

    ???????????????????????????????

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s