သွားစရာမြေမရှိ Nowhere to Go Burmese translation

Rohingya moved away

အောက်တိုဘာ၊ ၁ ၊ ၂၀၁၂။

ဘာသာပြန်။……။ ကိုပေါ။

http://www.khitmaung.com/ မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

အစောင့်ဂိတ်ဟာ တဖြည်းဖြည်း နီးလာတယ်။ လမ်းဘေး တဖက်တချက်မှာ လက်နက်ကိုင် အစောင့်တွေ ရှိနေတယ်။  ကျနော်တို့ စီးလာတဲ့ သုံးဘီးလည်းမက ပစ်ကပ်ထရပ် ကားလည်းမကျတဲ့ တက္ကစီကားဟာ တအိအိ နဲ့ မောင်းဝင် လာတယ်။ ဒရိုင်ဘာဟာ အသက်ပြင်းပြင်း ရှုရှိုက်ပြီး တုန့်ဆိုင်း နေတယ်။ သူဟာ စိတ်လှုပ်ရှားပြီး ထခုန်တော့မတတ် သိသိသာသာ ကြောက်နေ တယ်။  လွန်ခဲ့တဲ့ ငါးမိနစ်လောက်က  ကားခ မြိုးမြိုးမြက်မြက် ရမယ်ဆိုရင် ကျနော်တို့ သွားလိုရာ ရဲရဲဝံ့ဝံ့ လိုက်ပို့ပေးမယ်လို့ ပြောခဲ့တာ လည်း ဒီလူငယ်ပါပဲ။ ကျနော်တို့မှာ တခြား ရွေးစရာမရှိမှန်း သူသိတယ်လေ။ တခြား ကားဒရိုင်ဘာ တယောက်က ကျနော်တို့ကို ရှုံ့မဲ့ ငြင်းဆန်ပြီး သူ့လည်ပင်း ကိုသူ ဓားနဲ့လှီးသလို လုပ်ပြတာကိုလည်း သူမြင်ပြီးသား မဟုတ်လား။ ကျနော်တို့သွား ချင်တဲ့ နေရာဟာ သိသိသာသာကြီးကို အန္တရာယ်များတဲ့သဘော ရှိနေတာကိုး။

 

နောက်ဆုံး အခြေအနေ။…..။ ဒီဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ ကူလ်ဆွမ်း ဘီဘီဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းက သေဆုံးသွားခဲ့ပါပြီ။

 

“ဘင်္ဂလီ” ငြင်းလိုက်တဲ့ ပထမ ဒရိုင်ဘာက သူ့ခေါင်းကို တွင်တွင်ခါရင်း ပြောတယ်။ “ဘင်္ဂလီ၊ နိုး၊ နိုး၊ နိုး”

ဘင်္ဂါလီ။ လာပြန်ပြီ ဒီစကားလုံး။ တကမ္ဘာလုံးက ရိုဟင်ဂျာလို့ သိထားကြတဲ့ မူဆလင် လူနည်းစု မျိုးနွယ်တခုကို တွေ့ဖို့အတွက် ကျနော်တို့ဟာ မြန်မာပြည်က ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေကို လာခဲ့တာပါ။ ဒါပေမယ့် ကျနော်တို့ တွေ့ခဲ့သမျှ … ကဖီးဆိုင်က စားပွဲထိုး တွေကအစ၊ ဒေသခံ အန်ဂျီအိုဝန်ထမ်းတွေ အလယ်၊  ဗုဒ္ဂ္ဂ္ဓဘာသာ ဘုန်းတော်ကြီးတွေ အဆုံး… လူတိုင်းက ဒီ ရိုဟင်ဂျာဆိုတဲ့ စကားလုံးဟာ အဓိပဿပါယ်မရှိဘူးလို့ ပြောနေကြပါတယ်။ “ဘင်္ဂါလီ” လို့ပဲ သူတို့က ပြောပါလိမ့်မယ်။ ဒီအပြောင်း အလဲဟာ မကြာမီက မှ ပေါ်ပေါက်လာတဲ့ ဖြစ်စဉ်တခု ဖြစ်ပုံရပါတယ်။ ဘုန်းကြီး ကျောင်းတခုမှာ ကျနော်တို့ကို ဘာသာ ပြန်အဖြစ် ဆောင်ရွက်ပေးတဲ့ ရဟန်းငယ် တပါးဟာ သူ့ထက်ဝါကြီးတဲ့ ဘုန်းကြီးတပါးကို ကျနော်တို့ အင်တာဗျုး နေစဉ် အတောအတွင်းမှာ မကြာခဏ ယောင်ပြီး ရိုဟင်ဂျာလို့ သုံးနှုန်းနေခဲ့ပါတယ်။

“ရိုဟင်ဂျာ” လို့ သူက စလိုက်တာနဲ့..

“ဘင်္ဂါလီ” လို့ သူ့ကျောင်းထိုင်ကလည်း ထပ်ကာတလဲလဲ ပြင်ပေးနေခဲ့ပါတယ်။

ဒီအပြုအမူဟာ လူမျိုးစုတခုအပေါ်မှာ ဘယ်လိုခေါ်ဝေါသလဲ ဆိုတာ လက်ပေါက် ကပ်နေတဲ့ အဖြစ်အပျက်မို့ နည်းနည်း အူကြောင်ကြောင်နိုင်တယ်လို့ ထင်ကောင်း ထင်စရာရှိပါတယ်။ ဒါပေမယ့် ဒါဟာ ရခိုင်ပြည်နယ်မှာ ပြန့်နှံ့နေတဲ့ ဒီထက် ပိုကြီးမားတဲ့၊ ဆိုးရွားတဲ့ ပြဿနာကြီး တခုရဲ့ ရောဂါလက္ခာဏာတခု ဖြစ်ပါတယ်။ ဒီဒေသ ဟာ  “ကမ္ဘာပေါ်မှာ အနှိပ်ကွပ်ခံရဆုံး လူနည်းစု”လို့ ကုလသမဂက  ဖော်ပြခြင်း ခံရတဲ့ အရေအတွက် မသေးလှတဲ့ ရိုဟင်ဂျာလူမျိုးစု အတွက် အိမ်လို့ ခေါ်ဆိုစရာ နေရာဖြစ်ပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံသား အဖြစ် သတ်မှတ်ခြင်း မခံရဘဲ ဆယ်စုနှစ်များ နဲ့ချီပြီး တရားဝင်ခွဲခြား နှိပ်ကွပ်မှု့ကို ခံစားခဲ့ကြရပါတယ်။ အခုဆိုရင် ရိုဟင်ဂျာ တွေဟာ အဆိုးရွားဆုံးသော ကပ်ဘေးကို ထပ်ကြုံနေကြရပါပြီ။အဲဒါကတော့  ရိုဟင်ဂျာ တွေကို တိုင်းပြည်ကနေ အပြီးတိုင် မောင်းထုတ်ဖို့ ရခိုင်လူမျိုးတွေအကြား တနေ့တခြား ကြီးထွားလာနေတဲ့ တွန်းအား ကြီးပါပဲ။

ကျနော်တို့ဟာ ဒီအဖြစ်အပျက်ကို လပေါင်း များစွာ ခပ်ခွာခွာက လေ့လာစောင့်ကြည့် ခဲ့ပါတယ်။ ကျနော်တို့ ဖတ်ရသလောက် ဒီဒေါသကို စတင် မီးမွှေးခဲ့တဲ့ အရာကတော့ မေလအတွင်းက မသီတာထွေး လို့ခေါ်တဲ့ ရခိုင်အမျိုးသမီးငယ်တဦး ကို ရက်ရက် စက်စက် မုဒိန်းကျင့် သတ်ဖြတ်ခဲ့မှု့ပါ။ နောက်ကွယ်က တရားခံလို့ စွတ်စွဲခံရသူတွေ ကတော့ ရိုဟင်ဂျာလူမျိုး သုံးဦးဖြစ်ပြီး သူတို့ကို အလျှင်အမြန် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဖမ်းဆီးမှု့ဟာ ဒီရေအလား မြင့်တက်လာတဲ့ ဒေါသလှိုင်းလုံးကို ငြိမ်သက် သွားစေဖို့ မလုံလောက် ခဲ့ပါဘူး။ ရက်အနည်းငယ်ကြာတဲ့အခါ လူအုပ် ကြီးက ကားတစီးကို ဝိုင်းပြီး ပါလာတဲ့ မွတ်စလင်ကိုးယောက်ခန့်ကို သတ်ဖြတ်ခဲ့ ပါတယ်။အသတ်ခံရသူတွေဟာ ရိုဟင်ဂျာ မဟုတ်သလို သူတို့ဟာ ရခိုင်ပြည်နယ် ကတောင် မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ ကိုးကွယ်တဲ့ဘာသာတရားဟာ သူတို့ကို တိုက်ခိုက်ရန်အတွက် တရားထူထောင်ဖို့ လုံလောက်တဲ့ အကြောင်းပြချက် ဖြစ်ခဲ့ဟန် တူပါတယ်။ဒေါသထွက်နေတဲ့ ရိုဟင်ဂျာ တွေဟာ ပြန်လည် လက်တုန့်ပြန်ဖို့ ဆုံးဖြတ်ခဲ့တယ်။

မောင်းတော်မြို့နယ်က ဆန္ဒပြပွဲတခုဟာ အင်မတန် အကျည်းတန်တဲ့ အဖြစ်ကို ဆိုက်သွားတယ်။ လက်စားချေမှု့ လှိုင်းလုံးတွေ ဆက်လိုက်လာခဲ့ တယ်။ အကြမ်းဖက်မှု့တွေ ပြန့်ပွားသွားခဲ့ပြီး သောင်းချီတဲ့လူတွေအတွက် အိပ်မက်ဆိုး ကြီးဟာ စတင်ခဲ့ပါတော့တယ်။ အွန်လိုင်း ပေါ်မှာလည်း ရခိုင်ထောက်ခံသူတွေနဲ့ ရိုဟင်ဂျာတက်ကြွ လှုပ်ရှားသူတွေအကြား စကားလုံးစစ်ပွဲတွေ ဖြစ်ခဲ့ပြီး စွတ်စွဲမှု့တွေနဲ့ အပြန်အလှန် ပစ်ပေါက်ကြပါတယ်။ အမုန်း ဆိပ်တွေ တက်နေကြချိန် တခါတရံမှာ အမှန်တရားကို စိစစ်ခွဲခြားယူဖို့ ခဲယဉ်း ပါလိမ့်မယ်။ ဒါကြောင့် ဘာတွေဖြစ်ပျက်နေ သလဲဆိုတာကို ရှာဖွေရန် အတွက် ကျနော်တို့ လာခဲ့ပါတယ်။ စစ်တွေကို ကျနော်တို့ ပထမဦးဆုံး ဆိုက်ရောက်လာတော့ အိပ်မော ကျနေတဲ့ မြို့ငယ်လေးတခုသဏ္ဍာန် မြင်တွေ့ရပါတယ်။  လမ်းပေါ်မှာ စစ်ဖက် အရာရှိ အချို့ကို မြင်တွေ့ရပြီး ညမထွက်ရအမိန့်ကလည်း ရှိနေဆဲပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ လအနည်းငယ်က ဒီမြို့ကလေးကို လောင်တိုက်သွင်းခဲ့တဲ့ အကြမ်းဖက်မှု့တွေရဲ့ အရိပ်အယောင်ကို မမြင်တွေ့ရတော့ သလောက်ပါပဲ။ လမ်းပေါ် မှာ ရိုဟင်ဂျာတွေလည်း တယောက်တလေမှ မရှိခဲ့ပါဘူး။ ရိုဟင်ဂျာတွေကို သူတို့ရဲ့ ရုပ်ရည်ကနေ ကျနော်တို့ ခွဲခြားနိုင်ပါတယ်။ သူတို့ဟာ ရခိုင်တွေနဲ့ အမှတ်ထင်ထင် ကွဲပြား ပါတယ်။ အသားအရည် ပိုနက်မှောင်ပြီး သူတို့ရဲ့ရုပ်ရည်လက္ခဏာတွေဟာ အိမ်နီးချင်း ဘဂင်ဿလားဒေ့ရှ်နိုင်ငံသားတွေနဲ့ ပိုဆင်ပါတယ်။ ဈေးဆိုင်တွေမှာလည်း ရိုဟင်ဂျာမတွေ့ရ၊ ဈေးထဲမှာလည်း မတွေ့ရ၊ အလုပ်သွားတာ၊ ကျောင်းသွားတာမှာလည်း ရိုဟင်ဂျာတွေကို မတွေ့ခဲ့ရပါဘူး။ အရင်က ရိုဟင်ဂျာတွေဟာ စစ်တွေမြို့ လူဦးရေရဲ့အနည်းဆုံး ထက်ဝက်မျှ ရှိပါတယ်။ ဒါပေမယ့် အခုတော့ ရိုဟင်ဂျာ လူ့အဖွဲ့အစည်းတရပ်လုံး စစ်တွေမြို့ ကနေ ပျောက်ဆုံးသွားပါတယ်။

“မွတ်စလင် လုံးဝမရှိတော့ဘူး” ကဖီးတခုထဲက စားပွဲထိုး တယောက်က ဝင်းလက်နေတဲ့ အပြုံးပန်းတွေ ဝေဝေဆာ ဆာနဲ့ ကျနော်တို့ကို ပြောတယ်။ “အခု လုံခြုံသွားပြီ။ ပြဿနာလုံးဝမရှိတော့ဘူး”

“မွတ်ဆလင်တွေဘယ်ရောက်သွားသလဲ” မေးတော့ သူက ရောက်တတ်ရာရာ လက်ကို ညွှန်ပြလိုက်ပြီး “သွားကုန်ကြပြီ”

ဒါပေမယ့် ဘယ်ကိုရောက်သွားသလဲ…

******************************

အောင်မင်္ဂလာ ရပ်ကွက်ဟာ စစ်တွေ တက္ကသိုလ်ပရဝုဏ်ဟောင်း အနီးမှာ တည်ရှိပါတယ်။ အဲဒီရပ်ကွက်ဟာ ဘာမှ ပြောစမှတ်မရှိလှပါဘူး။ အိမ်တွေ သိပ်ကောင်း ကောင်းမရှိ။ အများစုဟာ ဖျက်ဆီးခံ ထားရတဲ့ သစ်သားတိုင်တွေ၊ ထုတ်တန်းတွေ သာဖြစ်နေပါတယ်။ ဒါပေမယ့် စစ်တွေမြို့ လယ်ခေါင်မှာ အောင်မင်္ဂလာရပ်ကွက် ဟာ အချက်တချက်ကြောင့် ထူးခြားနေတယ်။ ဘာလဲဆိုတော့ ဒီရပ်ကွက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ရူးသွပ်မှု့အတွင်းမှာ လူအုပ်ကြီးတွေက ရွာပေါင်း များစွာကို မီးရှို့ဖျက်ဆီးလို့ လူထောင်ပြောင်း များစွာ စွန့်ခွာထွက်ပြေး ရတဲ့အချိန်မှာ ရှင်သန် ကျန်ရစ်နိုင်ခဲ့တဲ့ တခုတည်းသော ရိုဟင်ဂျာနယ်မြေ ဖြစ်ခဲ့ ပါတယ်။

ကျနော်တို့သွားရောက်တဲ့ မနက်ခင်းက မိုးဖွဲဖွဲလေး ရွာသွန်းနေတယ်။ ကျနော်တို့ဟာ ယူနီဖောင်းဝတ် ထားတဲ့ လက်နက်ကိုင် အချို့ဘေးက အမြန်ဖြတ် လာခဲ့ကြတယ်။ ကျနော်တို့ကို တားများတားလိုက် လေမလား ဆိုတဲ့ စိုးရိမ်စိတ်နဲ့ပေါ့။ ဒါပေမယ့် ဘယ်သူကမှ မတားဆီးခဲ့ပါဘူး။နိုင်ငံခြား သားတွေကို သူတို့ သိပ်အာရုံမစိုက်ပုံ မရဘူး။ အစောင့်တွေရဲ့တာဝန်ဟာ ရိုဟင်ဂျာတွေကို အဲဒီနေရာကနေ အပြင်ကို မထွက်အောင် တားဆီးရမယ့် တာဝန်ပါ။

ကျနော်တို့ရဲ့ ဂျိတ် (အချိတ်အဆက်)ဟာ သူစောင့်မယ် ပြောထားတဲ့နေရာမှာ မတ်တတ်ရပ် စောင့်နေပါတယ်။ သူဝတ်လာ ခဲ့မယ်ပြောတဲ့ အဝတ်အစားအတိုင်း ဝတ်စား ထားပါတယ်။ ကျနော်တို့နဲ့ မျက်လုံးချင်း ခဏဆုံလိုက်ပြီးတဲ့ အချိန်မှာ သူဟာ အဆောက်အဦးတခု အတွင်းကို စွတ်ကနဲ ဝင်သွားပါတယ်။ ကျနော်တို့လည်း သုတ်ခြေ တင်ပြီး သူ့နောက်ကို လိုက်ကြပါတယ်။

ကျနော်တို့ အထဲရောက်တာနဲ့ W (ဒေသခံရဲ့ အမည်အတိုခေါက်)က ကျနော်တို့ လက်တွေ ကို ဖမ်းဆုပ် ကိုင်လိုက်ကြပါတယ်။ ဒီလို ချိန်းတွေ့နိုင်ဖို့ အတွက် ကျနော်တို့ ဖုန်းပေါ်မှာ နာရီများစွာ အချိန်ဖြုန်းခဲ့ရတာဖြစ်ပါတယ်။ နောက်ဆုံးမှာ အသံနဲ့မျက်နှာ တွဲမြင် လိုက်ရတာ ဝမ်းသာစရာပါ။ သူဟာ အဂင်ဿလိပ်စကားကို ချောချောမွေ့မွေ့ သွက်သွက်လက်လက် ပြောဆိုနိုင်ပြီး ကျနော်တို့က အခြေအနေကို မေးမြန်း လိုက်တာနဲ့တပြိုင်နက် သူ့ဆီက ကရားရေ လွှတ်သလို စကားတွေ ထွက်ကျလာ ပါတော့တယ်။

“ကျနော်တို့တွေ ဒုက္ခရောက်နေတယ်ဗျာ။ ဒီတိုင်းပြည်ထဲမှာ ကျနော်တို့ ဘယ်လောက် ကြာကြာ ဒုက္ခခံစားခဲ့ရသလဲ။ ကျနော်တို့ ဆက်ပြီး သည်းမခံနိုင်တော့ဘူးဗျာ”

ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းက သူ့ရဲ့လမ်းကို လာဝိုင်းတဲ့ ရခိုင်လူမျိုးတွေပါဝင်တဲ့ လူအုပ်ကြီး အကြောင်းကို သူက ကျနော်တို့ကို ပြောပြပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ လွန်ခဲ့တဲ့ ၂ ရက်လောက်က မောင်းတောမှာ ကျေးရွာတရွာကို ရိုဟင်ဂျာတွေက ဖျက်ဆီး ခဲ့တဲ့အတွက် တုန့်ပြန် လက်စားချေဖို့ပါ။  ယောက်ျား၊ မိန်းမ၊ ကလေး ရှိရှိသမျှကို အိမ်ထဲကနေ ထွက်ဖို့ ပြောပါတယ်။ လမ်းပေါ်မှာ လူတွေ ထောင်ပေါင်းများစွာ ပြည့်နှက်နေပြီး နောက်ဘာဆက်ဖြစ်မလဲ ဆိုတာ မရေရာဖြစ်နေပါတယ်။

အဲဒီနောက် ငရဲပွက်တော့တာပါပဲ။

“ကျနော့်ယောက်ဖ နှစ်ယောက် အသတ်ခံ ရတယ်”

Wရဲ့အသံဟာ ကွဲအက်နေတယ်။ သူ့မျက်လုံး တွေ စိုစွတ်နေတယ်။

“ကျနော်တို့ ဘယ်လိုဆက်ပြီး စိတ်ရှည်သီးခံ ရမလဲ၊ ဒါဟာ မှန်ရော  မှန်ကန်ရဲ့လားဗျာ”

သူ့ယောက်ဖ နှစ်ယောက်စလုံး သူ့မျက်စိ အောက်မှာတင် ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ် ခြင်းခံခဲ့ရပါတယ်။ ရဲစခန်းဟာ အနီးအနား မှာတင်ရှိပါတယ်။ မိသားစုဝင်တွေဟာ အကြမ်းဖက်သတ်ဖြတ်မှု့ ဖြစ်ပွားနေကြောင်း သတင်းပို့ပီး အကူအညီ တောင်းခဲ့ပါတယ်။ ဒါပေမယ့် ရဲတွေဟာ အားလုံးပြီး ဆုံးသွားတော့မှ ရောက်ရှိလာပြီး အဲဒီ အချိန်မှာ အရမ်း နောက်ကျသွားခဲ့ပါပြီ။

ရူးသွပ်မှု့ကြီး ပြီးဆုံးသွားတဲ့ အချိန်မှာ ထောင်ပေါင်း များစွာသော အိမ်တွေဟာ ဘုန်းဘုန်းကျသည် အထိ ဖျက်ဆီးခံခဲ့ရတယ်။ ရခိုင်ပြည်နယ်ကနေ တိတ်တဆိတ် ခိုးထုတ် လာခဲ့တဲ့ ဗီဒီယိုမှတ်တမ်း တွေထဲမှာ ကြံရာမရ ဖြစ်နေတဲ့ ရွာသားတွေဟာ သူတို့အိမ်တွေကို ဝါးမျိုနေတဲ့ မီးလျှံကြီးများကို ငြှိမ်းသတ်ဖို့ ကြိုးစားနေတာကို မြင်တွေ့ရပါတယ်။ ဗီဒီယိုတခုထဲမှာဆိုရင် ရိုဟင်ဂျာတစုဟာ ရေကန်လို့ထင်ရတဲ့ ခါးလောက်နက် တဲ့ရေထဲမှာ မတ်တတ်ရပ်ပြီး ကြံမိကြံရာ ဆုတောင်းစာတွေကို အော်ဆိုနေကြတယ်။ နောက်ခံမှာတော့ သူတို့ရဲ့အိမ်ယာတွေကို မီးလျှံတွေက ဝါးမျိုလျက်။

ဘာကြောင့်လဲလို့ အသေအချာ မသိရပေမယ့် အောင်မဂင်ဿလာရပ်ကွက်ဟာ ဒီအကြမ်းဖက် မှု့တွေကြားက ရုန်းထွက် ရှင်သန်နိုင်ခဲ့ ပါတယ်။ အခြားသူတို့ရဲ့ ဆွေမျိုးမိတ်ဆွေများ လိုမဟုတ်ဘဲ W ရဲ့ မိသားစုနဲ့ အိမ်နီးချင်းတွေဟာ သူတို့ အိမ်တွေမှာပဲ ဆက်လက်နေထိုင်နိုင်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ သွားလာ လှုပ်ရှားမှု့ကိုတော့ အကြီးအကျယ် ကန့်သတ်ထားခြင်း ခံခဲ့ရ ပါတယ်။

“ကျမတို့ မြို့ထဲသွားရင် သူတို့က ဖမ်းမယ်” W ရဲ့သမီးဖြစ်သူ အက်စ် က ပြောပါတယ်။ “ပုံမှန်အားဖြင့် ကျမတို့ အိမ်ပြင်တောင် မထွက်ရဲပါဘူး”

သုံးလအကြာ ဘယ်မှမသွားရလို့ ထိန်းချုပ်ခံရ တဲ့အခါ စထိလာတယ်။ သိုလှောင်ထားတဲ့ အစားအစာတွေ နည်းပါးလာတယ်။ ဈေးကနေ ရနိုင်တဲ့ နိစ္စဓူဝ လိုအပ်ချက်တွေအတွက် သူတို့မိသားစုဟာ ရခိုင်လူမျိုး ကြားလူများ အပေါ်မှာ မှီခိုနေရပါတယ်။ ငွေကြေး အကြပ်အတည်း ကလည်း ကြီးထွားလာတယ်။ အရွယ် ရောက်သူဘယ်သူမှ အလုပ်သွားလို့မရ။ ကလေးများလည်း ကျောင်းတက်လို့ မရ။ နဂိုပုံမှန် အခြေအနေကို ပြန်ရောက် မရောက် ဆိုတာကိုလည်း ဘယ်သူမှမသိ။

W နဲ့ သူ့မိသားစုအတွက် အခြေအနေဟာ အုံ့မှို့င်းနေတယ်ဆိုရင် လုံးဝ ရွာလုံးကျွတ် ဖျက်ဆီးခံလိုက်ရပြီး ရွာပျောက်သွားတဲ့ ရိုဟင်ဂျာ ထောင်ပေါင်းများစွာအတွက်တော့ အလွန့်အလွန် သာ၍ ဆိုးရွားလှပါတယ်။ တမနက်မှာ အရင်တုန်းက တံငါရွာကလေး တရွာဖြစ်ခဲ့ဘူးတဲ့ နေရာတခုကို ကျနော်တို့ သွားကြည့်ကြပါတယ်။ ခွေးလေခွေးလွင့် တကောင်ဟာ မိုင်ပေါင်းများစွာ ရှည်လျားတဲ့ မီးကျွမ်းနေတဲ့ သစ်သားများ၊ အုတ်ကျိုး အုတ်ပဲ့များနဲ့ ဖွာလန်ကြဲနေတဲ့ အိမ်သုံး ပစဿစည်းများအကြားမှာ စားကြွင်းစားကျန်ကို လှန်လှောရှာဖွေနေပါတယ်။ နဂိုက အိမ်အဝင် တံခါး တခုလို့ ယူဆရတဲ့ အကြွင်းအကျန် နေရာတခုမှာ ပိုင်ရှင်မရှိတော့တဲ့ ကလေးစီး ဖိနပ်တခုဟာ လဲလျောင်းနေပါတယ်။

******************************

ဒုက္ခသည်စခန်းတွေဟာ အစောင့်ဂိတ်ရဲ့ အလွန်မှာ ရှိတယ်။ စစ်တွေမှာ ခြေမချမိခင် အချိန်ကာလ ကြာရှည်သဖြင့်ကတည်းက စခန်းထဲမှာရှိတဲ့ ဒုက္ခသည်တွေနဲ့ ဖုန်းပေါ်မှာ စကားပြောခဲ့ရတဲ့ အလျောက် ဒီစခန်း တွေအကြောင်းကို ကြားသိခဲု့ပီး ဖြစ်တယ်။  အခြေအနေတွေဟာ ဆိုရွားတယ်၊ စားနပ် ရိက္ခာ၊ နေရာထိုင်ခင်းနဲ့ ဆေးဝါးမလုံ လောက်၊ အဲဒီနေရာကို သွားရောက်ဖို့လည်း ခက်ခဲလှတယ်ဆိုတဲ့ အကြောင်း။ ကျနော်တို့ မဖြစ်မနေ ကြိုးစားကြည့်ရမယ့် အကြောင်း။ မဖြစ်မနေ သွားကြည့်ရမယ်ဆိုတဲ့ အကြောင်း။ အမြန်ဆုံးလာသင့်တဲ့အကြောင်း။

ကျနော်တို့ တက္ကစီဟာ အတားအဆီးနားကို တလိမ့်ချင်း ဝင်လာနေတယ်။ အစောင့်တွေရဲ့ အလွန် တနေရာမှာ ကျနော်တို့ရဲ့ အချိတ်အဆက်ဟာ စောင့်နေတယ်။ ဒရိုင်ဗာ ဟာ ကျနော်တို့ဖက် လှည့်ကြည့်တယ်။

“ပတ်စ်ပို့တ် (နိုင်ငံကူးလက်မှတ်)”လို့ ဒရိုင်ဘာက ပြောတယ်။ ကျနော်တို့ ဘယ်သူဘယ်ဝါဆိုတာ  ကျနော်တို့အနေနဲ့ အစောင့်တွေကို ပြသသင့်တယ် ဆိုတဲ့ သဘော။

ကျနော်တို့ တယောက်မှ တုပ်တုပ် မလှုပ်ကြဘူး။ ဒီအကြံဟာ မကောင်းဘူး ဆိုတာ ကျနော်တို့ ဗီဇစိတ်အလျောက် သိနေကြတယ်။

“ပတ်စ်ပို့တ်”လို့ ဒရိုင်ဘာက ထပ်ပြော ပြန်တယ်။

“မောင်း၊ မောင်း၊ မောင်း” ဂျိမ်းစ်က ခပ်တိုးတိုးပြောတယ်။

“မောင်း၊ ဟုတ်လား”

“မောင်း”

ဒရိုင်ဘာက (အရှိန်မြှင့်)လီဗာကို နင်းလိုက် တယ်။ တက္ကစီဟာ အစောင့်တွေကို ဖြတ်ကျော်သွားတယ်။ ကျနော်တို့ဟာ ခေါင်းတွေကို ငုံ့ထားရင်း အသက်ကို အောင့်ထားကြတယ်။နေ့လည်စာ စားချိန်မို့ လား မသိ။ ဘယ်သူမှ ကျနော်တို့နောက်ကို လိုက်မလာခဲ့ဘူး။ အစောင့်ဂိတ်ကို ကျော်တဲ့အခါ အော်သံတသံကို ကြားရတယ်။ ကျနော်တို့ရဲ့ အချိတ်အဆက်ဆီက။ သူက တကဿကစီနောက်က ပြေးလိုက်လာတယ်။ ပြေးလာရင်းက သူက ရယ်ဖြဲဖြဲနဲ့ “နောက်ဆုံးတော့ ခင်ဗျားတို့ ရောက်လာ ပြီပေါ့လေ” တဲ့။ ကျနော်တို့ ပြုံး လက်ဆွဲ နှုတ်ဆက်ကြရင်း ကျနော်တို့ပတ်ဝန်းကျင် ကို စောင်းငဲ့ကြည့်ဖြစ်ကြတယ်။ ပထမဦးဆုံး အကြိမ်အနေနဲ့ ရိုဟင်ဂျာတွေကို နေ့လည် ကြောင်တောင် လမ်းပေါ်မှာ မြင်ဖူးခြင်းပါပဲ။ ကျနော်တို့တက္ကစီဟာ အရောင်းအဝယ်တွေနဲ့ ယောက်ယက်ခတ်နေတဲ့ ဈေးတခု၊ ဆေးရုံ တဲတွေနဲ့  အတန်းလိုက် ဆောက်ထားတဲ့ ယာယီတဲတွေကြားက မြွေလိမ်မြွေကောက် ဖြတ်မောင်း လာခဲ့တယ်။ ကျနော်တို့ဟာ တက္ကစီကို ရပ်ခိုင်းပြီး ဗီဒီယိုရိုက်ဖို့ စိတ်စောနေကြတယ်။ ဒါပေမယ့် ကျနော်တို့ ဂျိတ်(အချိတ်အဆက်)က ကျနော်တို့အနေနဲ့ ဒေသခံ ဘာသာရေးသင်တန်း ကျောင်းကို အရင်သွားသင့်တယ်လို့ ပြောပါတယ်။

******************************

ကျနော်တို့ ဝင်လာတာနဲ့ ဒုက္ခသည်တွေက ကျနော်တို့ဘေးမှာ လာဝိုင်းကြပါတယ်။ အရမ်း များပြားလှတဲ့ ဒုက္ခသည်တွေပါ။ တဖွဲဖွဲ လာနေကြတယ်။  ဘာသာရေး သင်တန်းကျောင်း စာသင်ခန်းတွေက၊ လှေကားအောက်က အိပ်ရာတွေက၊ အဖြစ် တည်ဆောက်ထားတဲ့ မီးဖိုချောင်တွေက၊ အဲဒီ ဝင်းအတွင်းမှာရှိတဲ့ ဗလီက နေ့လည်ခင်း ရှိခိုးနေကြသူများရော အသီးသီး ထွက်လာ ကြပါတယ်။ လူတွေဟာ ကျနော်တို့ ကင်မရာပတ်ပတ်လည်မှာ ဝိုင်းပြီး လူတိုင်းက တချိန်တည်း တပြိုင်တည်း သူတို့ရဲ့ အဖြစ်အပျက်တွေကို ပြောပြဖို့ ကြိုးစားနေ ကြပါတယ်။ သူတို့ရဲ့ ကြောက်မက်ဖွယ် ကောင်းတဲ့ အတွေ့အကြုံတွေကိုပါ။

မိန်းမတယောက်က သူ့သမီးကလေးရဲ့ ကျိုးနေတဲ့ လက်ကို မပြခင် သူ့နဖူးက ကွဲနေတဲ့ ဒဏ်ရာကို ပြပါတယ်။ လူအုပ်က လာပြီး တိုက်ခိုက်စဉ်က သူတို့ဟာ သူတို့ရဲ့ အိမ်ခေါင်မိုးပေါ်မှာ ပုန်းနေခဲ့ကြ ရပါတယ်။

“လုံခြုံရေးတွေကလည်း ကူပြီး တိုက်ခိုက် ကြတယ်”ကျနော်တို့ ဂျိတ်က ရှင်းပြပါတယ်။

ယောက်ျားတယောက်ကတော့ သူရှပ်အင်္ကျီကို လှန်ပြီး ဓားဒဏ်ရာကို ပြပါတယ်။ အခြား တယောက်တော့ သူ့အိမ်ကို ရခိုင်တစုက မီးရှို့နေစဉ်အတွင်း ရဲတွေဟာ ရပ်ကြည့်နေ တယ်လို့ ပြောပြပါတယ်။ဒုက္ခသည်စခန်း နေရာအနှံ့မှာရှိတဲ့ ရွာပေါင်း များစွာက ဒုက္ခသည်တွေထံက ထပ်ကာတလဲလဲ ကြားခဲ့ရတဲ့အရာကတော့ လုံခြုံရေးတပ်ဖွဲ့ သို့မဟုတ် ရဲတွေဟာ အကြမ်းဖက်မှု့တွေမှာ ကိုယ်တိုင်ပါဝင်ခြင်း (သို့မဟုတ်) အကြမ်း ဖက်မှု့ကို လက်ပိုက်ကြည့်နေခြင်းပါပဲ။ အစစ်ခံချက်တွေဟာ ကျောချမ်းလောက်ပါ တယ်။

ဒုက္ခသည်တွေရဲ့ မျက်နှာပေါ်က ခိုကိုးရာ မဲု့ခင်းနဲ့ ခံပြင်းခြင်းတို့ကို မေ့ပျောက်ဖို့ မဖြစ်နိုင်ပါဘူး။အစပိုင်းမှာတော့ တော်တော့် ကို ကြီးစိုးပါတယ်။ နောက်ပိုင်းတော့ အဖြစ်အပျက်တွေဟာ တခုနဲ့တခု ရောထွေး သွားပြီး မှု့န်ဝါးသွားပါတယ်။ ဒါပေမယ့် ကျနော်တို့ ကျောင်းကို ရောက်လို့ ကူလ်ဆွမ်းဘီဘီ (ဒီဆောင်းပါး အပေါ်ဆုံးက ဓာတ်ပုံထဲမှာပါတဲ့ မိန်းကလေး) နဲ့ သူ့မောင်လေးကို တွေ့ရတဲ့အခါ  ဒီပြဿနာ ရဲ့လေးနက်မှု့ဟာ အထွတ်အထိပ်ကို ရောက်ပါ တော့တယ်။

သူတို့မှာ မျက်လုံးနဲ့ နံရိုးပဲ ကျန်တော့တယ်။ မျက်လုံးတွေက ကြောက်လန့်မှု့တွေနဲ့ ပြည့်လျှမ်း နေတယ်။ သူတို့ရဲ့ မိဘနှစ်ပါးဟာ ရုန်းရင်းဆန်ခတ်မှု့အတွင်းမှာ သေဆုံးသွား ကြတယ်လို့ သူတို့ရဲ့အဒေါ်ဖြစ်သူ နူးရ်ဘာနု က ကျနော်တို့ကို ပြောပြပါတယ်။ သူမဟာ တူနဲ့တူမကို အကောင်းဆုံးစောင့်ရှောက်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် နူးရ်ကိုယ်တိုင်မှာ လည်း ကလေးတွေ ရှိပြီး အစားအသောက် ခွဲတမ်းဟာလည်း အရမ်းကို နည်းပါး လှပါတယ်။ ဒါပေမယ့် ကမောက်ကမ နိုင်တဲ့ အဖြစ်အပျက်ကတော့ ရခိုင်နဲ့ရိုဟင်ဂျာ စီးပွားရေးအ ကွက်မြင်သူတွေက စခန်း အတွင်းမှာပဲ ဈေးတခုကို ဖွင့်လှစ် ရောင်းချပါတယ်။ အသီးတွေ၊ ဟင်းသီး ဟင်းရွက်တွေ၊ အသားနဲ့ ကွမ်းယား ဆိုင်တောင် ရှိပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေရဲ့ သွားလာမှု့ကို ကန့်သတ် ထားတဲ့အတွက် အနည်းအကျဉ်းကသာ အလုပ်ရှာဖွေလို့ရပါတယ်။ဖွင့်ထားတဲ့ဈေးကလည်း ပိုက်ဆံပေးဝယ်နိုင်တဲ့ သူတွေအတွက် သာဖြစ်နေပါတယ်။ငတ်မွတ်နေတဲ့ မိဘမဲ့များ ဟာ အခြားနေရာတွေကိုပဲ အားကိုး ရှာရ ပါတယ်။

ဒုက္ခသည်တယောက်ဟာ ကလေးနဲ့အတူ ရှေ့ကို တိုးထွက်လာတယ်။ ကလေးကို မြင်ရတဲ့အချိန်မှာ ကျနော်တို့အားလုံး အသက်ရှု ရပ်မတတ်ဖြစ်သွားတယ်။ ကလေး သေးသေးကလေးဟာ ဗိုက်ဟာ ပူဖောင်း ထွက်နေပြီး နံရိုးများက ထိုးထိုး ထောင်ထောင်၊ အသားအရေက အသားဝါ ရောဂါဖြစ်နေပုံ ပေါက်နေပါတယ်။ သူ့ကို ကယ်မယ့်သူမရှိရင်၊ ကူလ်ဆွမ်းနဲ့သူ့အစ်ကိုကို ကယ်မယ့်သူမရှိရင် မကြာခင် သူတို့သေရ တော့မယ်ဆိုတာကို ကျနော်တို့ သိလိုက်ပါ တယ်။ ဒုက္ခသည်တွေက ဒီလိုကလေး ပေါင်းမြောက်များစွာ ရှိသေးကြောင်း ပြောပြကြတယ်။ ဆာလောင် မွတ်သိပ်မှု့ အပြင်၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ငှက်ဖျားနဲ့ တခြားရောဂါပေါင်းစုံ ဒီနေရာမှာ အဖြစ်များ နေတယ်လို့ ပြောပြပါတယ်။

ဒီကျောင်းမှာ ကြည့်ရှုစရာတွေ အမြောက် အမြား ကျန်သေးကြောင်း ကျနော် တို့ သိပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ဂျိတ်က အချိန် သိပ်မကျန် တော့ကြောင်း သတိပေးပါတယ်။ ည ၇ နာရီ ညမထွက်ရ အမိန့်မတိုင်ခင် ဟိုတယ်လ်ကို ပြန်ရောက် ဖို့လိုပါတယ်။ ဒါပေမယ့် တခြားသွား ကြည့်စရာ နေရာများစွာလည်း ကျန်နေသေး ပါတယ်။

ကျနော်တို့ စခန်းကနေ ထွက်ခွာတဲ့အခါ လူအုပ်ကြီးက ကျနော်တို့နောက်ကနေ လိုက်ပါ လာပါတယ်။ ဂျိမ်းစ်က ငွေစက္ကူအချို့ကို လူငယ်တယောက် လက်ထဲ ထိုးထည့်ပေးပြီး ခလေးတွေအတွက်လို့ ပြောလိုက်ပါတယ်။ ဒါပေမယ့် ဒီကလေးတွေ ဟာ အစားအသောက် ကောင်းတနပ် သက်သက်ထက် ပိုပြီး လိုအပ်နေတယ် ဆိုတာကို ကျနော်တို့ သိနေပါတယ်။ သူတို့မှာ ကျန်းမာရေးစောင့်ရှောက်မှု့ လိုအပ်နေတယ်၊ အိပ်ဖို့အတွက် သန့်ရှင်းခြောက်သွေ့တဲ့နေရာ လိုအပ်နေတယ်၊ သောက်ရေ၊ ကိုယ်လက် သန့်ရှင်းရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကုသမှု့တွေ လိုအပ်နေတယ်။ တကယ်၍သာ မကြာခင် အချိန်အတောအတွင်းမှာ ကြီးမားတဲ့ အပြောင်းအလဲကြီးတခု  ဖြစ်မလာဘူးဆိုရင် သူတို့အားလုံးဟာ သူတို့လိုအပ်  နေသမျှအရာ တခုတလေတောင် ရသွား ရဖို့ဆိုတာ မကျိန်းသေ တော့ပါတော့ဘူး ဆိုတာကိုလည်း ကျနော်တို့ သိနေခဲ့ပါတယ်။

( ဤ “သွားစရာ မြေမရှိ”ဆိုတဲ့ ရခိုင်ပြည်တွင်းက ပြဿနာကိုအခြေခံတဲ့ မှတ်တမ်းကို အယ်ဂျာဇီးရား အင်္ဂလိပ် အစီအစဉ် ၁၀၁ (အရှေ့ပိုင်း)မှာ စက်တင်ဘာ ၂၇ရက်နေ့မှာ ပြသဖို့ လျာထားခြင်း  ခံရပါတယ်။ အွန်လိုင်းပေါ်မှာ ကြည့်ရှုရမယ့် လင့်ခ်ကို ရလျှင်ရခြင်း တင်ပေးပါမယ်။

ကျနော်တို့ဟာ ရခိုင် ဗုဒ္ဂ္ဂ္ဓဘာသာ ဘုန်းတော်ကြီး များ၊ နိုင်ငံရေးသမားများ၊ အန်ဂျီအို စေတနာ့ဝန်ထမ်းများနဲ့ ဒုက္ခသည်များကို နာရီပေါင်းများစွာ တွေ့ဆုံခဲ့ပါတယ်။ သူတို့အကြောင်းကို အခြား ဆောင်းပါးတခုမှာ ရေးပြပါမယ်။)

ဘာသာပြန်- ကိုပေါ။

မူရင်းဆောင်းပါး။

http://www.lianainfilms.com/2012/09/nowhere-to-go-the-rohingya/

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s