ဆွေးနွေးခြင်း ၊စကားရည်လုခြင်း၊ ငြင်းခုံခြင်း

brain

မနေ့တနေ့က Face Book   မှာစိတ်ဝင်စားစရာဘာသာရေးဆွေးနွေးမှူ လေးတခုဖတ်ရတယ်။ပင်တိုင်ဆွေးနွေး

တဲ့ ပုဂ္ဂိုလ်များသာမက ပါဝင်ဆွေးနွေးသူအားလုံး Moderator   မပါပဲ အဆင့်အတန်းမြင့်မြင့် စိတ်သဘောထားကြီးစွာအပင်ပန်းခံဆွေးနွေးသွားတာကိုလေးစားတဲ့ အနေနဲ့ဒီ Post   ကို ရေးဖြစ်ပါတယ်။

ဆွေးနွေးခြင်း( Discussion)

အကြောင်းအရာ၊ခေါင်းစည်းတခုကိုအကြောင်းပြုပြီးအများနားလည်ရန်၊မိမိအမြင်အ ခြားသူများရဲ့အမြင်ကို

ဖလှယ်ရန် အပေးအယူမျှမျှ စည်းကမ်းရှိရှိ သဘောထားကြီးစွာ အပြန်အလှန်စကားပြောခြင်း၊ရေးသားခြင်းလို့

နားလည်ပါတယ်။

ဘာသာရေးဆွေးနွေးခြင်း ကတော့ပိုပြီး တာဝန်ကြီးပါတယ်။

၁။ နီယတ်သ လို့ခေါ်တဲ့ ဆွေးနွေးသူရဲ့စိတ်အတွင်းရှိမူရင်းရည်ရွယ်ချက် ( Intention)

၂။ မိမိဆွေးနွေးတဲ့ ဘာသာရပ်၌ကျွမ်းကျင်မှူနဲ့မိမိရဲ့ နားလည်မှူအတိုင်းအတာကိုအမြဲသတိရှိနေခြင်း

၃။ဆက်စပ်ရာဘာသာရပ်များတွင်ကျွမ်းကျင် နှံ့စပ်မှူ

၃။ဖန်ဆင်းရှင်က ဆွေးနွေးသူများရဲ့ညဏ်စဉ်ထဲကို ထဲ့ပေးတဲ့အသိညဏ်စဉ် ( Wisdom)

၎။ရိုးသားဖြူစဉ်မှူ( ဘေးကဖတ်ကြည့်တဲ့သူတွေပိုသိကြပါတယ်) ( Sincerity)

၅။ အပေးအယူမျှတမှူ (သူများရဲ့အမြင်ကိုသဘောမတူရင်တောင် လေးစားစွာအသိအမှတ်ပြူခြင်း)

ဒီလိုအရည်အသွေးတွေနဲ့ပြည့် စုံတဲ့ ဆွေးနွေးမှူတခုဟာ ပတ်သက်နေတဲ့အသိုင်းအဝိုင်းတခုလုံးကိုအလွန်အကျိုးရှိတဲ့

အသိပညာများပေးတဲ့အတွက် ဖန်ဆင်းရှင်ရဲ့နှစ်သက်မှူကိုမလွဲမသွေရမှာပါ။

ဆွေးနွေးပွဲတခုဟာလူတဦးတယောတ်ရဲ့အတွင်းစိတ်အမှန်ကို အခြားသူတွေအကဲဖြတ်နိုင်တဲ့နေရာတခုပါ။

ဆရာကြီးရွှေဥဒေါင်းဟာစကားကပ်ပြောသူတွေကို အလွန်အမြင်ကပ်လို့ ဘာသာရေးဆွေးနွေးပွဲကိုသွားခြင်းမှရပ်လိုက်တဲ့အကြောင်းသူ့ရဲ့ ဘဝတသက်တာမှတ်တမ်းမှာဖတ်ရပါတယ်။ အပြူသဘောနဲ့ဆွေးနွေးလာသူတွေကို ကြိုဆိုဖိတ်ခေါ်သင့်ပါတယ်။တခါတရံ မထင်မှတ်တဲ့သူတဦးထံမှ အင်မတန်အကျိုးရှိတဲ့ ဆွေးနွေးမှူများရတတ်လို့ ဆွေးနွေးသူများထဲမှအသက်ငယ်သူ၊ဝါ သဘာပညာနုသူများကိုလဲ ပါဝင်ဆွေးနွေးရန် အားပေးသင့်ပါတယ်။

စကားရည်လုခြင်း၊ စကားစစ်ထိုးခြင်း ( Debate)

မှန်ကန်တဲ့ခေါင်းစဉ်အောက်မှာဆိုရင် စကားစစ်ထိုးခြင်းဟာ  Islam    သာသနာအတွက်အလွန်

အကျိုးရှိပါတယ်။ ထင်ရှားတဲ့ ဥပမာ ဆရာကြီး ရှိတ်အာမတ်ဒီးဒတ်၊ ဒေါက်တာဇာကီးနိုက်လို

လူမျိုးတွေဖြစ်ပါတယ်။သူတို့လိုလူမျိုးတွေကြောင့် အီမန်ယူလာသူ အမြောက်အများရှိပါတယ်။

ခေါင်းစဉ်၊ နေရာ၊ မိမိနဲ့ယှဉ်မဲ့သူတွေကိုအသေအခြာသတိပြူဖို့လိုပါတယ်။

ဒေါက်တာဇာကီနိုက် Islam   အကြောင်းကိုထဲထဲဝင်ဝင်မသိတဲ့ရှာရွတ်ခန်းနဲ့အခြား Bollywoodသရုပ်

ဆောင်တွေနဲ့ တီဗီမှာစကားစစ်ထိုးပွဲလုပ်ရာမှာ ရုပ်ရှင်မင်းသားမင်းသမီးဘာပြောပြော လက်ခုပ်တီးတဲ့

ပရိတ်သတ်နဲ့ ဘက်လိုက်တဲ့ ပွဲအစီအစဉ်မှူးတို့ကြောင့် အကျိုးမရှိုတာတွေ့ဖူးပါတယ်။

ငြင်းခုံခြင်း (Argument)

အငြင်းသန်ပြီးစကားကတ်တီးကတ်ဖဲ့ပြောသူတွေ အောင်မြင်တဲ့နေရာပါ။ကျွန်တော်တော့စိတ်ဝင်စားမှူ

မရှိလို့ ဝေးဝေးကရှောင်ပါတယ်။

ချစ်ခင်စွာ

ကျော်ကျော်ဦး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s