ညဏ်သတိနဲ့အမှန်တရားရှာဖွေကြပါ

istanbul-blue-moosque

အာရပ်ဘာသာစကားကိုမတတ်ကျွမ်းတဲ့ ကျွန်တော့အတွက် အင်တာနက်ပေါ်မှာအလွယ်တကူဖတ်နိုင်တဲ့ ဟာရွန်ယာယာရဲ့ ဝက်ဆိုဒ် ဟာ ရွှေအိုးတလုံးရသလိုပါဘဲ။ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ဝန်းကျင်ကအချိန်က အင်တာနက် ပေါ်မှာအဂ်လိပ်လို ဖတ်လို့ရတဲ့Islamicဆိုဒ် အလွန်နည်းပါတယ်။

ကျွန်တော်လဲ သူ့ရဲ့စာအရေးအသားကိုနှစ်သက်တဲ့အပြင်သိပံ္ပသမားပီပီ  ဒါဝင်ရဲ့ဆင့်ကဲဖြစ်စဉ်ကို အဓိကဦးစားပေးပြီ့း ဖန်ဆင်းရှင်ရှိကြောင်း အကျိုးအကြောင်းသင့် တုံ့ပြန်ထားတဲ့ သူ့ရဲ့စာတွေကိုဖတ်လို့မဝနိုင်ခဲ့ပါ။ဒါကြောင့်လဲ

ကျွန်တော့ဝက်ဆိုဒ်ရဲ့ မှာ အမှန်တရားသို့ဖိတ်ခေါ်ခြင်း ဆိုတဲ့လင့် ဟာဒီနေ့အထိရှိနေဆဲပါ။

ဒါပေမဲ့ သူ့ရဲ့စာတွေမှာ အားနည်းချက်တွေနဲ့လဲမကင်းတာကိုအခြားပညာရှင်များကထောက်ပြသလို ကျွန်တော်ကိုယ်တိုင်လဲသတိပြူမိပါတယ်။

၁။ အချိန်နဲ့နှိုင်းရသဘောတရား ( Timelessness and reality of fate)

ဒီစာတမ်းဟာရူပဗေဒ အခြေခံရှိသူတွေအတွက် အတော်ဖတ်ကောင်းတဲ့စာတမ်းပါ။ အချိန်ရဲ့ မမြဲတဲ့သဘောတရားကိုရီလေတီဗီတီသီဝရီနဲ့ ရှင်းပြထားပြီး ဖန်ဆင်းရှင်ဟာအချိန် ဆိုတဲ့ ဒိုင်မင်းရှင်းရဲ့အပြင်မှာ ရှိနေတယ်၊ ဖန်ဆင်းရှင်သည်

အချိန် ကိုစိုးပိုင်ဖန်ဆင်းသူဖြစ်ကြောင်း အလွန်စိတ်ဝင်စားစရာရေးပြထားပါတယ်။

ဖန်ဆင်းရှင်အတွက်အတိတ်၊ပစ္စုပန်၊အနာဂတ် မရှိပဲ ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ ရေးထားပြီးသားဖြစ်လို့ပြောင်းလို့မရနိုင်ဖူးလို့ဆိုပါတယ်။

ဒါဟာဖန်ဆင်းရှင်အတွက်မှန်ပေမဲ့ ကျွန်တော်တို့လူသားတွေအတွက်ဖန်ဆင်းရှင်ကလွတ်လတ်စွာ ရွေးချယ်ပိုင်ခွင့် ပေးထားတဲ့အတွက်နောက်ဆုံး ထွက်သက်အထိ လမ်းမှန်ရနိုင်ဖို့ကျွန်တော်တို့အားလုံး အတတ်နိုင်ဆုံးရုန်းကန်ကျိုးစားနေရမှာပါ။ နားလည်မှူ လွဲနိုင်တဲ့ စာတန်းပါ။

ကျွန်တော်တို့အနာဂတ် ဘာဖြစ်မယ်ဆိုတာ ဖန်ဆင်းရှင်သိနေတာအငြင်း ပွါးစရာမလိုပေမဲ့ ဒါကြောင့် ကျွန်တော်တို့Islamဘာသာဝင် လူအတော်များများဟာအရှင့်အလိုတော် ပါပဲ ဆိုပြီး ကိုယ့်ရဲ့အားနည်းချက် ကိုဖန်ဆင်းရှင်ကိုလွှဲချတတ်ကြပါတယ်။

သတိထားစရာပါ။

၂။ ဒီလောကကြီးသည် အပြင်မှာတကယ်မရှိ၊စိတ်ကူးထဲမှာသာရှိတယ်ဆိုတဲ့အယူအဆ ( virtual Illusion)

ဒီအယူအဆဟာဆိုခရေတိ, ပလေတိုရဲ့ ဖိလိုဆော်ဖီကိုအခြေခံပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး အသေးစိတ်ကိုအင်တာနက်မှာရှာကြည့်ရင်အခြားပညာရှင်များရဲ့ သတိပေး ထားတာတွေ တွေ့နိုင်ပါတယ်။

စိတ်ကူးထဲမှာရှိတယ်ဆိုတဲ့အယူအဆဟာ ဒီလောကကြီးဟာ ဘာမှမဟုတ်ဆိုတဲ့ အရှုံးပေး အညံ့ခံစိတကိုအားပေးပြီ်းလူတွေရဲ့ရုန်းကန်ကျိုးစားချင်စိတ်တွေ နည်းစေပါတယ်။

ကျမ်းမြတ်ကုရအန်ရဲ့သင်ကြားချက်မဟုတ်ပါ။

၃။ အီမန်မဟေဒိ ပြန်လာမဲ့ အကြောင်း

အခုနောက်ပိုင်းအင်တာဗျူးတွေမှာဒီအကြောင်းပဲဟာရွန် ယာယာကအဖန်တလဲလဲပြောနေပါတယ်။ဟုတ်မဟုတ် ပညာရှင်များဆွေးနွေးကြပါ။

ပြောခြင်တာက ဟာရွန်ယာယာ သည် အလွန်လေးစားထိုက်သူ ဖြစ်ပေမဲ့ ကိုယ်ပိုင် အယူအဆတွေကို ကျမ်းမြတ်ကုရအန်ရဲ့ သင်ကြားမှူနဲ့ရောပြီးတင်ပြလာတဲ့အခါ သူ သာမဟုတ်မည်သည့်သာမန်လူသား ရဲ့ရေးသားချက်ကို အပြီးပြည့်စုံမှန်တယ်လို့ယူဆလို့မရတဲ့အကြောင်းတင်ပြတာပါ။

ဒါကြောင့်ကျမ်းမြတ်ကုရအန်က ဘာတွေ ပြောထားသလဲဆိုတာ သာမန်မြန်မာစာသာဖတ်တတ်တဲ့ မြန်မာမွတ်စလင်များသိဖို့အတွက်အလွန်အရေးကြီးတယ်ဆိုတာပေါ်လွင်ပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

သမိုင်းကြောင်းတလျှောက်သာမန်မွတ်စလင်များဟာ ကျမ်းမြတ်ကုရအန်ရဲ့ သင်ကြားမှူများကိုနားလည်လိုကြ

ပေမဲ့ မီမိတို့ကိုယ်တိုင် နားလည်နိုင်ခြင်းမရှိတဲ့အခါ ဆရာကြီးများကိုချဉ်းကပ်ရပါတယ်။

ဒီဆရာကြီးများရဲ့ ဖွင့်ဆိုချက်သည်သာအမှန်လို့ထင်ခဲ့ကြပါတယ်။

ဒီဆရာကြီးများထဲမှာမိမိတို့ရဲ့ မှန်ကန်တဲ့ဖွင့်ဆိုချက် ကြောင့်ရဲရင့်စွာအသက်ပေးသွားသော

ဆရာကြီးများရှိသလိုမင်းလိုလိုက်မင်းကြိုက်ဆောင် ပြီး အာဏာရှင် အုပ်စိုးသူအကြိုက် ကျမ်းမြတ်တော်ကို

ဖွင့်ဆိုသွားသူတွေအများကြီးရှိတဲ့အတွက် မိမိတို့နားလည်နေတဲ့ကျမ်းမြတ်ရဲ့ဖွင့်ဆိုသူ နဲ့သူ့ရဲ့သမိုင်းကိုပါသိဖို့

လိုအပ်ပါတယ်။

အခုခတ် ဥပမာပြရရင်အစ္စလမ် ဘာသာကိုကျွမ်းကျင်သူဆိုတဲ့အရှေ့တိုင်းပညာရှင်များ ဦးစီးတဲ့အောက်စဖို့

တက္ကသိုလ် က အစ္စလမ်ပညာဌာန ကိုနမူနာပြချင်ပါတယ်။ ဒီ စန်တာဟာဆော်ဒီနိုင်ငံရဲ့ အထောက်အပန့်နဲ့

မ,တည်ခဲ့ပေမဲ့ အဓီကဦးသျှောင် ကချားလ် မင်းသားဖြစ်ပါတယ်။

အရှေ့တိုင်းပညာရှင်ထဲမှာ  Islam  ဘာသာဝင်ရော ကျမ်းမြတ်ကုရအန်ကိုထဲထဲဝင်ဝင်လေ့လာပြီး မယုံကြည်သူတွေ Kafirရောပါနေပါတယ်။ တချို့ဆိုရင်မွတ်စလင်နိုင်ငံမှ မဟာကျမ်းပြူသူများအတွက်ဆရာကြီးများအနေနဲ့တာဝန်ယူနေရင်း အခြားတဖက်မှာ  Islam   ဆန့်ကျင်ရေးစာတွေရေးနေသူတွေပါ အောက်စဖို့   စင်တာမှာ ရှိနေပါတယ်။

ဒါတွေကိုမသိတဲ့တတိယနိုင်ငံကမဟာကျမ်းပြူသူများက  Islam  ဘာသာဝင်မဟုတ်တဲ့ အရှေ့တိုင်းပညာရှင်ပါမောက္ခ ဆရာကြီးများ ရဲ့သွန်သင်ချက်နဲ့ကျမ်းပြူ ပြီး Islamပညာရှင်များ ဖြစ်လာနေတာအမှန်တရားပါ။

မွတ်စလင်နိုင်ငံမှ ကျောင်းတော်ကြီးများမှာလဲအာဏာရှင်အုပ်ချုပ်သူအလိုကျနေသူများသာ ပါမောက္ခ ဆရာကြီးများရာထူးကိုရနိုင်ပြီး ကျမ်းမြတ်ကုရအန်ကို သူတို့ရဲ့နိုင်ငံရေးအာဏာကိုထိပါးမဲ့အနေအထားအထိ မှန်ကန်စွာဖွင့်ဆိုရဲ သူတွေ အသက်မရှည်ရာထူးမမြဲကြပါဖူး။

ဒီအကြောင်းတွေအသေးစိတ်သိချင်ရင် တော့ အင်တာနက်မှာဒီစာအုပ်တွေရှာလို့မရပါဖူး။ အခုနောက်ပိုင်း အာရပ်နိုင်ငံမှဆရာကြီးများ ရဲ့စာအုပ်အချို့နဲ့ အရှေ့တိုင်းပညာရှင်ဖြစ်ပေမဲ့ ဖတ်ကြည့်သင့်တယ်ထင်တဲ့စာအုပ်အညွန်းကို အောက်မှာရေးပေးလိုက်ပါတယ်။

Allah knows the best

ချစ်ခင်စွာ

ကျော်ကျော်ဦး

This Law of Ours and Other Essays  by Muhammad Asad

Our Decline Its Causes and Remedies by Amir Shakib Arslan

No God but God by Reza Aslan

The Islamic Threat Myth or Reality by John L Esposito

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s