အီဂျစ်မှအံ့ဩစရာသတင်းများ

အံ့မခန်းစိတ်ဝင်စားစရာကောင်းတဲ့ သတင်းလေးတွေပြောပြချင်တယ်။
အယ်ဂျာဇီယားသတင်းဌာနကို အီဂျစ်အာဏာရှင်အစိုးရကပိတ်လိုက်ပြီး
သတင်းထောက်ခြောက်ယောက်ကိုနာရီအတန်ကြာဖမ်းဆီးထားခဲ့တယ်။CNN
နဲ့BBC ကိုတော့အနောက်နိုင်ငံများမှအရှေ့အလယ်ပိုင်း ပညာရှင်ဆိုသူတွေပြောချင်ရာပြော
တာ ကမ္ဘာ ပြည်သူတွေနားထောင်ဖို့ ဖွင့်ပေးထားသဗျ။
ပိုထူးဆန်းတာကအမေရိကန်နိုင်ငံရဲ့ပြည်နယ်ငါးဆယ်က ကေဘယ် တိဗွီလိုင်းတွေမှာ အယ်ဂျာဇီယား
လိုင်းပါဝင်ခွင့်မရတာပါ။
ဒါပေမဲ့အမေရိကန်တနိုင်ငံထဲက အယ်ဂျာဇီယား(English) အင်တာနက်ဆိုက်ကိုလာရောက်ကြည့်ရှူသူများ အခုရက်ပိုင်းအတွင်း
အဆနှစ်ထောင် ပိုတက်ပါသတဲ့။အမေရိကန်ပြည်သူတွေက အယ်ဂျာဇီးယားကိုကြည့်ချင်ပေမဲ့ ကြည်လို့မရလို့
အင်တာနက်ကပဲကြည့်ရပါသတဲ့။ မဆန်းပေဖူးလား?

အိဂျစ်နိုင်ငံမှာ အမေရိကန်တိုးရစ် အနဲဆုံးငါးထောင် လောက်ပိတ်မိနေပါသတဲ့။ဒါပေမဲ့အီဂျစ်ပြည်သူတွေကအမေရိကန်
အလံကိုမီးရှို့ခြင်းအမေရိကန်ဆန့်ကျင်ရေးကြွေးကျော်သံများမပြူခြင်း၊အိုဆားမားဘင်လာဒင်ပုံ များကိုင်ဆောင်ပြီး
ဟစ်ကြွေးတာတွေမတွေ့ရလို့ အီဂျစ်ရောက်အမေရိကန်များအံ့ဩကြရပါသတဲ့။
(CNN မှာတော့ မျက်နှာအပြည့်ဖုံးအမျိုးသမီးများနဲ့ စိတ်ဆိုးမန်ဆိုးနဲ့အော်ဟစ်နေတဲ့ အီဂျစ်ဆင်းရဲသားများကိုဦးစားပေးပြသဗျ။)

အယ်ဂျာဇီးယားမှာတော့ အင်္ဂလိပ်စကားကိုမွှတ်နေအောင်ပြောနိုင်တဲ့ ခတ်ပညာတတ်အီဂျစ်လူမျိုးတွေရဲ့အင်တာဗျူးတွေ
တော်လှန်ရေးကိုလာရောက်ပူးပေါင်းတဲ့ရှေ့နေ၊တရားသူကြီးစသူတွေ ရဲ့မှတ်ချက်တွေနားထောင်ရသဗျ။

အာရပ်လူမျိုးတွေဟာစစ်သွေးကြွ အစွန်းရောက်သူတွေဆိုတာလဲမဟုတ်မှန်ကြောင်း၊တင့်ကားကြီးတွေပေါ်ကစစ်သားတွေက
ပြည်သူတွေကိုမပစ်ဖူးလို့ကြေညာတာလဲကြားရပါတယ်။
ဟိုနှစ်ကများဂါဇာကပြည်သူတွေကို အစ္စရေးစစ်တပ်ရဲ့ တင့်ကားတွေလေယဉ်တွေ မရပ်မနား သေနတ်သရမ်းတာမျိုးလဲမတွေ့မိပဲ  မူဘာရက်ရဲ့လက်ကိုင်တုတ်လုံထိန်းတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်တဲ့အချိန်

အကျဉ်းထောင်တွေဖောက်တဲ့သတင်း..ဆိုင်တွေဝင်လုတဲ့သတင်း..
တွေကြားရတော့အာဏာရှင်တွေအားလုံးအတွက်သင်ရိုးညွန်းတန်းကလဲ တပုံစံထဲပါလားလို့တွေးမိပါရဲ့။

ဆရာတယောက်ထဲရဲ့တပည့်တွေပဲဖြစ်မယ် ဖြစ်ရပ်တွေကတူပဲတူနိုင်လွန်းလို့။
အံ့ဩပြီးရင်းအံ့ဩရင်းနဲ့

ချစ်ခင်စွာ
ကျော်ကျော်ဦး

နောက်ဆက်တွဲအံ့ဖွယ်သတင်း

အယ်ဂျာဇီယားသတင်းဌာနရဲ့ ထုတ်လွှင့်မှူ ကိုအရင်က အီဂျစ်ပိုင် နိုင်းလ်ဆက် ဂြိုလ်တုကိုသုံးပြီး
လွှင့်ပါတယ်။အီဂျစ်လက်ရှိအာဏာရှင်အစိုးရ က အီဂျစ်ဌာန ထုတ်လွှင့်မှူပိတ်ပြီးနောက်အာရပ်ဆက်
ဂြိုလ်တူကိုပြောင်းသုံးရပါတယ်။ ဒီဂြိုလ်တုရဲ့ ဟော့ဘတ်လို့ခေါ်တဲ့ လိုင်းကအာရပ်ဘာသာနဲ့ထုတ်
လွှင့်မှူ ကို အဆင့်မြင့်နည်းပညာနဲ့ နှောင့်ရှက် လို့ အာရပ်နိုင်ငံအများစုက ကြည့်လို့မရပဲ ဖရီကွင်စီ
လှိုင်းကိုပြောင်းကြည့်နေ ရပါတယ်။ ကျော်ခွပြီးကြည့်နေရတယ်ပေါ့နော်။
မူဘာရက်ကြီးကတော့အာကာသထဲအထိ….လိုက်ပြီးမနှောင့်ရှက်နိုင်လောက်ဖူး
ဘယ်သူတွေများပါလိမ့်
အံ့ဩပြီးအံ့ဩရင်း
ကျော်ကျော်ဦး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s