မင်းသားမျက်နှာဖုံးကွာကျလေသောအခါ ( အီဂျစ်တော်လှန်ရေး)

Aljazeera Historic moment 002

စာမရေးဖြစ်တာအတော်ကြာခဲ့ပြီ။

အခုရက်ပိုင်းအာရပ်နိုင်ငံတွေမှာ တော်လှန်ရေးလှုပ်ရှားမှူတွေစူနာမီ လှိုင်းတွေလို တလုံးပြီးတလုံး

လှိမ့်ပြီးတက်လာတာကို အားလုံးအံ့အားသင့်ပြီးကြည့်နေကြရတယ်။

တူနီးရှား၊အီဂျစ်၊ဂျော်ဒန်၊ယီမင်၊အယ်ဂျီးရီးယား…..

အာဏာရှင်အုပ်ချုပ်တဲ့နိုင်ငံတွေကအာရပ်ပြည်သူတွေအားလုံးဟာ အာရပ်တွေဟာ အနောက်မှာဝါဒဖြန့်သလို ခပ်တုံးတုံး ခတ်ညံ့ညံ့ လူတွေမဟုတ်ဖူးဆိုတာသက်သေပြတဲ့…

သမိုင်းဝင်မဲ့လူထုလှုပ်ရှားအုံကြွမှူတွေလဲဖြစ်တယ်။

အမေရီကန် ၊အစ္စရေးနဲ့အနောက်အုပ်စု အားလုံးအငိုက်မိသွားတဲ့တော်လှန်ရေးကတော့ အီဂျစ်ပြည်သူတွေရဲ့အုံကြွမှူပါဘဲ။

အီဂျစ်ပြည်ရဲ့နိုင်ငံရေးတည်ငြိမ်မှူဟာဒီနိုင်ငံအားလုံးအတွက်အသက်သွေးကြောပါ။

ဒါကြောင့်အီဂျစ်မှာပြည်သူတွေအုံကြွတဲ့ အခါ ဒီမိုကရေစီဘိုးအေနိုင်ငံကြီးများအားလုံး ရဲ့အစိုးရမင်းများဟာ

ဒီမိုကရေစီဆိုတဲ့စကားလုံးကိုမသုံးရဲတဲ့အထိ လန့်ဖြန့်နေတာကိုတွေ့ရပါတယ်၊

ပြည်သူတွေတောင်းဆိုနေတာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးပါ။

ဒီလိုအခြေနေမျိုးတွေမှာဟန်ဆောင်ထားတဲ့မင်းသားမျက်နှာဖုံးတွေကွာကျတဲ့အချိန်ပါ။

အီဂျစ် အာဏာရှင်မူဘာရက်ဟာအမေရီကန်၊ ဂျူးနဲ့အနောက်အုပ်စုရဲ့….

ရုပ်သေးအဖြစ်အသုံးတော်ခံခဲ့တာအနှစ်သုံးဆယ်ရှိပါပြီ။

အရှေ့အလယ်ပိုင်းအာရပ်နိုင်ငံတွေရဲ့အစိုးရအများစု..

ဟာအမေရိကန်နဲ့ဂျူးတို့ရဲ့ထောက်ခံမှူရမှအသက်ရှည်ပါတယ်။

မကြာမတင်က ဝိကီလိခနဲ့ အယ်ဂျာဇီးရာသတင်းဌာနတို့ရဲ့ဖွင့်ချချက်တွေက ဒီအာဏာရှင်တွေရဲ့ မျက်နှာဖုံးကိုခွါချခဲ့ပါတယ်။

အာရပ်ပြည်သူတွေဟာအနောက်နိုင်ငံမှာဝါဒဖြန့်သလိုထုံထိုင်းအသူတွေမဟုတ်ပါ။

အားမတန်လို့မာန်လျှော့နေရတဲ့အဖိနှိပ်ခံပြည်သူတွေပါ။

အခုဒီပြည်သူတွေကအသက်ပေးပြီး အမှန်တရားပါဆိုတဲ့ဒီမိုကရေစီကိုတောင်းနေကြပြီ။

ဒီမိုကရေစီကို မြတ်နိုးပါတယ်ဆိုတဲ့နိုင်ငံကြီးတွေဘာလို့မသိချင်ဟန်ဆောင်နေကြသလဲ ?

ရှင်းပါတယ်။ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဆိုတဲ့ ဝါဒကိုကျင့်သုံးတဲ့ မိမိရဲ့အကျိုးစီးပွါးကိုသာကြည့်တတ်တဲ့မူဝါဒ..

ဟာကိုလိုနီခေတ် ကမူဝါဒအတိုင်း မပြောင်းမလဲပဲမင်းသားခေါင်းပြောင်းဆောင်းထားတာမို့လို့ပါ။

တကယ်လဲသူတို့အကျိုးစီးပွါးထိမယ်လဲမြင်ရော……

ဟော ဒီမိုကရေစီကအရေးမကြီးပြန်ပါဖူးဆိုပါပဲလား……

တတ်ပဲတတ်နိုင်တဲ့လူယဉ်ကျေးနိုင်ငံကြီးတွေပါလားလို့…

ချစ်ခင်စွာ..

ကျော်ကျော်ဦး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s