ဒုက္ခရောက်နေသောသာမန်လူသားအားလုံးကိုကူညီကြပါ

humanity


(I wrote this post for Quran knowledge section of  http://www.quraninburmese.com . It was published on April 14th 2010.

I have re posted the same post, here to share with the readers of this blog.

Kyaw Kyaw Oo)

ကျွန်တော့စိတ် ထဲမှာအမြဲ ဘဝင်မကျနေ တာလေးတခု ရှိတယ်။ ကျွန်တော်တို့  မွတ်စလင်မ် အများစု (အထူးသဖြင့် အာရဗ်နိုင်ငံများ) ဟာလူသား အားလုံးနဲ့သက် ဆိုင်တဲ့အကျိုးပြု ကိစ္စတွေ မှာမပါဝင်တဲ့ အပြင် လူသားအများ ကပ်ဒုက္ခဆိုက်တဲ့ အချိန်တွေမှာ လဲရှေ့တန်း ကပါဝင်မှူမရှိတာ ကိုဝမ်းနည်းဖွယ် တွေ့ရပါ တယ်။ ၂၁ရာ စုအ စောပိုင်းက နေ လွန်ခဲ့တဲ့ လပိုင်းအထိ လူပေါင်း သိန်းနဲ့ချီ သေဆုံးရ တဲ့သဘာဝ ဘေးအန္တရယ် အတော်များများ ကျွန်တော် တို့ကြုံခဲ့ ရပါတယ်။ ထင်ရှားတဲ့ ဥပမာ များက ၂၀၀၄ စူနာမီငလျှင်၊ နာဂစ် လေမုန်တိုင်း မြန်မာ၊ တရုပ်ငလျင်၊ နောက်ဆုံးလော လောလတ်လတ် ဟေတီ ငလျင် တို့မှာလူပေါင်းသိန်းနဲ့ချီပြီးသေဆုံး ခဲ့ ကြပါတယ်။

ကျွန်တော်သိ သလောက် မလေးရှားက ဒေါက်တာဂျမီလာ ဦးဆောင်တဲ့ (Mercy Malaysia) ကလွဲလို့အင်မတန် ချမ်းသာတဲ့အာရဗ် မွတ်စလင်မ် တွေ ထိထိရောက်ရောက်ပါဝင် ဆောင်ရွက် တာမတွေ့ရပါ။ ကွန်မြူနစ် တရုပ်နဲ့အစ္စရေး ဇီယွန်ဝါဒီ တွေရဲ့အကူ အညီတွေဟေတီ အထိ ရောက် တာတွေ့ရ ပါတယ်။ တရုပ်ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ ပိတ်မိတဲ့ သူတွေကို ရှာဖွေ နေစဉ်မှာ ဂျူးတွေက ယာယီ ဆေးရုံဖွင့်ပြီး နေပါပြီ။ အင်ဒိုနီးရှား နိုင်ငံအာချေ ဆူနာမီမှာ အရင်ဆုံး အကူအညီပေးနိုင်ခဲ့တာ အမေရိ ကန်ရေတပ်ပါ။ နိုင်ငံရေးအမြတ်ထုတ်တယ် ပဲ ပြောပြော လတ်တလော မှာလူပေါင်းများ စွာရဲ့အသက် ကိုကယ်နိုင်တာ၊ ရောဂါဝေဒနာ တွေကုသပေးနိုင်တာ၊ ငတ်နေတဲ့သူတွေကို အစားအသောက် ပေးဝေနိုင် တာအင်မတန်မှ အားကျစရာ ကောင်းတဲ့ လူသားစာနာ မှူအကူအ ညီဖြစ်ပါတယ်။

(နာဂစ်မုန်တိုင်း အပြီးမှာ ဗလီတွေက ရေသန့်တွေနဲ့စားစရာ လူမျိုးဘာသာ မရွေးပေးဝေတာ၊ မလေးရှားက Mercy Malaysia ကမလေးရှား ဆရာဝန်တွေ နာဂစ် မုန်တိုင်း အပြီးကူညီ ဖို့ ရောက်တော့ ရွာဘုန်း ကြီးကျောင်းမှာ နေခဲ့ပြီး ဆရာတော်က ကျောင်းဝန်း အတွင်းမှာဆွလတ် ဝတ်ပြုဖို့စီစဉ် ပေးတယ်လို့ ပြောပြပါတယ်။ တမီနာဒူမှာ လဲ၂၀၀၄စူနာမီ မှာဗလီဝတ် ကျောင်း တော် တွေကရေသန့် နဲ့အခြား အကူအညီ တွေပေးခဲ့ပါတယ်။ အတူယူစရာပါ)

ကျွန်တော်တို့ မွတ်စလင်မ် တွေဘာလို့ ဒီလိုကူညီမှူတွေရဲ့အပြင်ကိုရောက်နေကြတာလဲ?

စူရာ ၉း၈၄ ..၄င်းပြင် (နဗီတမန်တော်) အသင်သည် ၄င်းတို့အနက် မည်သူတစ်ဦး တစ်ယောက် မဆို သေဆုံးခဲ့ပါလျှင် ထိုသူ၏ အပေါ်၌ ဆွလာသွလ်ဂျနာဇဟ် ၀တ်ပြုမှုကို မည်သည့် အခါမျှ မပြုပါလေနှင့်။ ၄င်းပြင် ထိုသူ၏ သင်္ချိုင်းပေါ်၌ လည်း မည်သည့် အခါမျှ မရပ်ပါလေနှင့်။ အကြောင်း သော်ကား၊ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ သွေဖည်ငြင်းပယ် ခဲ့ကြသည့်ပြင် ယင်းသူတို့သည် အမိန့်တော်ကို ဖီဆန်သူများအဖြစ် နှင့်ပင် သေဆုံးခဲ့ကြသော ကြောင့်ပင်တည်း။ သေဆုံး ခဲ့ ကြသော ကြောင့်ပင်တည်း။)

စူရာ ၉း၁၁၃..(နဗီတမန်တော်မြတ်၌ ထို့အတူ မုအ်မင်န် သက်ဝင်ယုံကြည် သူတို့၌၊ မုရှ်ရစ်က် တို့အဖို့ ၎င်း တို့သည် ၎င်းတို့၏ ဆွေမျိုးနီးစပ်သူများ ဖြစ်ကြသော်လည်း၊ ၎င်းတို့သည် ငရဲသား များဖြစ်ကြောင်း မိမိတို့၌ထင်ရှားခဲ့ပြီးနောက် (အလ္လာဟ်အရှင်မြတ်အထံတော်၌) လွတ် ငြိမ်း ချမ်းသာခွင့်ကို ပန်ကြားပေးပိုင်ခွင့်မရှိချေ။)

ကျမ်းမြတ်ကုရ်အာန် အရကျွန်တော်တို့ ရဲ့တမန်တော် (စွ) ပင်လျှင်… အထက်ပါစူရာ တောဝ်ဘာ အာယတ်တော် နှစ်ခုအရ (စူရာ ၉) မှာ အမိန့်တော်ကို ဖီဆန်သူများ၊ မုရှ်ရစ်က်များ အတွက် လွတ်ငြိမ်း ချမ်းသာခွင့်ကို ပန်ကြားပေးပိုင်ခွင့်မရှိ၊ တဲ့ အတွက် ကျွန်တော်တို့မွတ်စလင်မ် အများစု ကဘာသာခြား များသေဆုံးလျှင် မိမိတို့နဲ့မသက်ဆိုင် သလိုနေကြတယ်လို့ဘာသာခြား တွေကစွပ်စွဲပါတယ်။

ကျွန်တော်တို့ မွတ်စလင်မ် လူငယ်အတော် များများဟာ မိမိရဲ့ အိမ်နီးချင်း မိတ်ဆွေ အပေါင်း အသင်း များနဲ့ ဘာသာမရွေး ချစ်ခင်စွာ နေရမယ်ဆို တဲ့မြန်မာလူ့အသိုင်း အဝိုင်း မှာကြီး ပြင်း လာသူတွေဖြစ်ပါတယ်။ ဘာသာခြားတွေကဒီလို ကုရ်အာန်ရဲ့ အာယတ်တော် များနဲ့ တိတိ ကျကျ စွတ်စွဲလာတော့ ဘယ်လိုပြန်ရှင်း ရမယ်ဆိုတာ မသိဖြစ်ကြရပါတယ်။

ဖန်ဆင်းရှင်အလ္လာဟ်သည် မဟာကရူဏာ တော်ရှင်လို့အကြိမ်ကြိမ် ဆိုထားပါတယ်။ မဟာ ကရူဏာရှင် သည်အပြစ်မဲ့ လူပေါင်းများစွာ သေဆုံးရချိန်မှာ ထိုသူများ အတွက် ဆုဒို အာ ပြု လုပ်သူကို အပြစ်ပေး မယ်ဆိုတာ ယုတ္တိမတန်ပါ။ ဒါဟာ ကျွန်တော်တို့အားလုံးအတွက် မိရိုးဖလာ ဘာသာ ရေးနား လည်မှူ၊ ကျမ်းမြတ်ကုရ်အန် ကိုမိမိကိုယ်တိုင် မလေ့လာပဲ ဆရာပြော နဲ့နားလည် သလိုလိုရှိ နေမှူတွေ ကိုစိန်ခေါ်လိုက်တာပါ။ မဟာ ကရူဏာ တော် ရှင်သည် အပြစ်မဲ့သေဆုံး သူလူပေါင်းသိန်း နှင့်ချီ(အပြစ်မဲ့ ကလေးငယ်များ၊ အလွန် ဆင်း ရဲနွမ်းပါးသူ ယောံကျား၊မိန်းမများ အတွက်ဆု ဒိုအာတောင်း ဆိုခြင်း၊ ကူညီခြင်းကို ခွင့်မပြုသော အရှင်လား ဆိုတဲ့ မေးခွန်းဟာ ကြင်နာ နှလုံးသားရှိတဲ့ မွတ်စလင်မ်များ အား လုံးအတွက် ဖွင့်မမေးရဲပေမဲ့ အဖြေကို သိချင်မှာသေချာပါတယ်။

ရှေ့ဆက် မဆွေးနွေးခင် ကျမ်းမြတ် ကုရ်အာန်ရဲ့ အာယတ်တော် များနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့အခါ၊

၁။ အာယတ်တပိုဒ် ကိုဖတ်ပြီး (Out of Context) ဆွေးနွေး လို့မရပါ။ စူရာဟ်တခုလုံး နဲ့ အခြားဆက်စပ် နေတဲ့ကျမ်းမြတ် ထဲမှာပါတဲ့ စူရာဟ်အာယတ်တွေရဲ့ နားလည်မှူနဲ့ဆွေး နွေးလေ့လာရပါတယ်။

၂.။စူရာဟ်ကျတဲ့အချိန်နဲ့အကြောင်းရင်းခံနောက်ခံသမိုင်းတွေကိုသိရပါမယ်။

စူရာ၉း၈၀သည် မိုနာဖစ်က် သာသနာ့အရေခြုံ များက မုရှ်ရစ်က် ခေါ် ဘာသာမဲ့ ဘုရား အများဝါဒ ကိုယုံကြည် သူများကိုသွေးဆောင်ပြီး မွတ်စလင်မ်များ ကိုနောက်ကျော မှဓားနဲ့ထိုးမဲ့ အကြောင်းကို ပြောပြထားခြင်းပါ။ အဓိက ပြောပြတာ မိုနာဖစ်က် သာသနာ့အရေခြုံ တွေ အ ကြောင်းဖြစ်ပါတယ်။

စူရာ ၉း၁၁၃ ကတော့ မုရှ်ရစ်က်လို့ခေါ်တဲ့ မယုံကြည်သူ၊ သွေဖည်သူတွေ ကိုပြောထားခြင်း ဖြစ်ပါတယ်။

စူရာတောဝ်ဘာ ကျတဲ့ အချိန်မှာ မက္ကာဟ်မှာနေတဲ့ အာရဗ်ကိုရိုက်ရှ် အမျိုးနွယ် ထဲမှာအစ္စလာမ် ဟန်ဆောင်နေတဲ့ မိုနာဖစ်က် သာသနာ့ အရေခြုံတွေတိတ်တဆိတ် ဝင်ရောက် နေပါ တယ်။ ဒီလူတွေဟာ မဒီနာမှာ နေထိုင်တဲ့ မိုနာဖစ်က် တွေနဲ့ပေါင်းပြီး မယုံကြည် သူမုရှ်ရစ်က် များကို သုံးပြီး ကောက်ကျစ် တဲ့အကြံနဲ့လူအများ ယုံကြည် ကိုးကွယ်မှူ များလာတဲ့ မွတ်စလင်မ် တွေ ကိုအမျိုးဖြုတ်ဖို့စီမံနေတဲ့အချိန်ဖြစ် တယ်ဆိုတာ ကိုကျွန်တော်တို့ အားလုံးနား လည်ဖိုလို ပါတယ်။

စူရာတောဝ်ဘာ အာယတ်တော် တစ်သည် မုရှ်ရစ်က် နှင့်မိုနာဖစ်က်များ ကတဖက်သတ် ချုပ် ဆို ထား သောပဋိညာဉ် စာချုပ်ကို ရန်သူတို့ ကဖောက်ဖျက်လို့ အလ္လာဟ်အရှင်မြတ် ထံတော်မှ မွတ်စလင်မ်များသည် စာချုပ်မှ လုံးဝ တာဝန်ကင်းကြောင်း လူအများ သိ အောင်ကြေငြာ ခိုင်း ခြင်းဖြစ်ပါတယ်။

၉း၁ (ဤသည် အလ္လာဟ်အရှင်မြတ် အထံတော်မှ လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ် တ မန်တော် မြတ်အထံတော်မှ လည်းကောင်း၊ အသင်တို့ (ကာလအပိုင်း အခြားမရှိ) ပဋိညာဉ် စာချုပ် ချုပ် ဆိုခဲ့ကြ သောမုရှ်ရစ်က် တို့အား (၎င်းတို့၏ ပဋိညာဉ် စာချုပ်နှင့်စပ်လျဉ်း၍) လုံးဝတာဝန် ကင်းကြောင်း (ကြေငြာခြင်းပင်) ဖြစ်ပေသတည်း

အခုခေတ်မှာ စစ်မက်ဖြစ်ပွါးရင် လိုက်နာရမဲ့ လိုက်နာရန်ဥပဒေ တွေစစ်တပ်တိုင်း မှာရှိပါတယ်။ အမေရိကန်တွေက ( Rules of engagement) လို့တွင် တွင်သုံးလေ့ရှိပါတယ်။ အခုစူရာဟာ မိမိ ( မွတ်စလင်မ်) တို့ကိုအပြုတ်တိုက် မဲ့ရန်သူနဲ့ရင်ဆိုင်ရာမှာ လိုက်နာရမဲ့အလ္လာဟ် အရှင် မြတ်ရဲ့စည်းမျဉ်း စည်းကမ်း (Rules of engagement) လို့နားလည်ပါတယ်။ ဒါပေ မဲ့ မွတ် စလင်များ ကို ဆန့်ကျင်မှူ မပြု မတရားမပြု သောသူများအားလုံး( မုရှ်ရစ်က် အပါအဝင်) တို့နှင့်ပြုခဲ့သော ပဋိညာဉ်သည် ပျက်ပြားခြင်း မရှိတာ ကို အောက်ပါ အာ ယတ်တော်မှာ တွေ့နိုင်ပါတယ်။

၉း၎ (အကြင် မုရှ်ရစ်က် တို့မှတစ်ပါး အသင်တို့သည် ထိုသူတို့နှင့် ပဋိညာဉ်ဖွဲ့ ခဲ့ကြလေသည်။ ထို့နောက် ၎င်းတို့သည် အသင်တို့ နှင့် ပတ်သက်၍ တစ်စုံတစ်ရာကိုမျှ ၀တ္တရား ပျက်ကွက် ခဲ့ ကြသည်လည်းမရှိပေ။ ယုတ်လျော့ စေခဲ့ကြသည် လည်းမရှိပေ။ ၎င်းပြင် ထိုသူတို့သည် အ သင်တိုနှင့်ဆန့်ကျင် ၍မည်သူ တစ်ဦး တယောက်ကိုမျှ ကူညီခဲ့ကြ သည်လည်း မရှိချေ။ သို့ဖြစ်လျှင် အသင်တို့သည် ထိုသူတို့နှင့်ထားရှိ သောကတိ ကိုထိုသူတို့ (သတ်မှတ်ခဲ့သော) အချိန် ကာလ အပိုင်းအခြား အထိပြီးမြောက် အောင်ဆောင်ရွက်ကြလေကုန်။ မုချဧကန် အလ္လာဟ် အရှင်မြတ်သည် ပြစ်မှုဒုစရိုက် တို့မှ ကြည်ရှောင်ကြ ကုန်သောသူတော်စင်တို့အား ချစ်ကြည်မြတ်နိုး တော်မူချေသတည်း။

မုရှရစ်က် များကို တိုက်ခိုက်တဲ့ အခါပြင်းပြင်း ထန်ထန်ပြတ်ပြတ် သားသား ချေမှုန်းရန် အောက်ပါ အာယတ်တော် ကဆိုထားသလို၊

၉း၅ (“သို့ဖြစ်ပေရာ ထူးမြတ်သော လများ ကုန်လွန်သွား သောအခါ အသင် တို့သည် (ပဋိ ညာဉ် ကိုချိုးဖောက်ခဲ့ ကြသော) ‘မွရှ်ရစ်က်တို့ အား အသင်တို့ တွေ့ လေရာနေရာ များတွင် (သတ်ဖြတ်ကြလေကုန်၊ ထို့ပြင် အသင်တို့သည် ၎င်းတို့အား ဖမ်းဆီးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ၎င်းတို့အား ချုပ်နှောင် (အကျဉ်းချထား) ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုသူတို့အား (ဖမ်းဆီးရန်) ပုန်းအောင်းရာ နေရာတိုင်း တွင် (ပုန်းအောင်း၍) ချောင်း မြောင်း ကြလေကုန်။)”……

အောက်ပါ အာယတ်မှာတော့ မွတ်ရှ်ရစ်က် တယောက်မိမိ တို့ထံအညံ့ ခံရင်အကာ အကွယ် ပေးပြီးဘေးကင်း ရာပို့ဆောင်ပေးရ မယ်လို့အတိ အလင်းဆို ထားပါတယ်။

( ၉း၆ တစ်ဖန် အကယ်၍ (ပဋိညာဉ်ကို ချိုးဖောက်သော) မွတ်ရှ်ရစ်က် တို့အနက်မှ တစ်ဦး တစ်ယောက် သောသူသည် အသင့်ထံတွင် အကာအကွယ်ရလိုခဲ့ပါလျှင် အသင်သည် ထိုသူအား ၎င်းသည် အလ္လာဟ် အရှင်မြတ်၏အာယတ်တော်ကိုကြားနာနိုင်အံ့သောငှာ ကာ ကွယ်ပါလေ၊) ထို့နောက် အသင်သည် ထိုသူ့အား ၎င်း၏ဘေးရန် ကင်းငြိမ်းရာ ဌာနသို့ ပို့ဆောင်၍ပေးပါလေ။ ဤ (အမိန့်တော်ကိုထုတ်ပြန်တော်မူခြင်း) ကား ၎င်းတို့သည် မသိနားမလည် သောသူများ ဖြစ်ကြ သောကြောင့်ပင်တည်း။”

စူရာတော်ဘာကို ဆက်ဖတ်ကြည့်မယ် ဆိုရင် မွတ်စလင်မ်များကို အမျိုးဖြုတ် ပြီး တမန်တော် (စွ) ကိုပါ လုပ်ကြံမဲ့ သာသနာ့ရန်သူ တွေအားလုံးကို ပြင်းပြင်း ထန်ထန် တုန့်ပြန်ရန် (စူရာ ၉း၁၃) နှင့် လက်နက်ချ အညံ့ခံသည်အ ထိ (သို့မဟုတ်) စစ်ပြေငြိမ်းသည် အထိတိုက်ခိုက်ရန် (စူရာ၉း၂၉) ညွန်ကြားထား တာကိုတွေ့ရပါတယ်။

မုနာဖစ်က် မုစ်လင်မ် အယောင်ဆောင် သူတို့အတွက် လည်းပြင်းထန် သောအပြစ်ကျ ရောက် မဲ့အကြောင်းကို အောက်ပါစူရာ မှာတွေ့ရပါတယ်

၉း၇၃ ( အို-နဗီတမန်တော်၊ အသင်သည် ကာဖိရ်သွေဖည်ငြင်းပယ် သူတို့အား လည်းကောင်း၊ ‘မုနာဖစ်က် မွတ်စလင်မ် အယောင်ဆောင်သူတို့အားလည်းကောင်း၊ ဂျိဟာဒ်ပြုပါလေ။ထို့ပြင် ၎င်း တို့အပေါ်၌ အသင် သည် ပြင်းထန်ကျပ်တည်းမှု ကိုပြုပါလေ။ ထိုမှတစ်ပါး ၎င်းတို့၏ ခိုကိုး ရာ ဌာနသည် ဂျဟန္နမ် ငရဲဘုံသည်ပင် ဖြစ်သည်။ အမှန်သော်ကား၊ ထိုစခန်းသည်အလွန် ဆိုးရွား လှပေသည်တကား။)

တမန်တော်သည် အကြင်နာတရား အပြည့်နှင့် ထို မိုနာဖစ်က် နှင့်မုရှရစ်က် များ အတွက် ဆုပန်ခြင်း မပြူရန် အောက်ပါ စူရာနှင့် တားမြစ်ထားတာ ကိုတွေ့ရပါတယ်။

၉း၈၀(အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားသည် ဖြစ်စေ၊ သို့တည်းမဟုတ် အသင်သည် ၎င်းတို့အဖို့လွတ်ငြိမ်း ချမ်းသာခွင့် ကိုမ ပန်ကြားသည် ဖြစ်စေ၊ (အကြောင်း မထူးပေ။ အသို့ဆိုသော်) အကယ်၍ အသင်သည် ၎င်းတို့အဖို့ အကြိမ် ခုနှစ်ဆယ် တိုင်တိုင် လွတ်ငြိမ်းချမ်းသာ ခွင့်ကို ပန်ကြားသော်လည်း အလ္လာဟ် အ ရှင်မြတ် သည် ၎င်းတို့အား အလျှင်း လွတ်ငြိမ်းချမ်း သာခွင့် ပေးသနား တော် မူမည်မဟုတ်ပေ။ အကြောင်း သော်ကား၊ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ် အားလည်း ကောင်း၊ ထိုအရှင်မြတ် ၏ရစူလ် တမန်တော်အား လည်းကောင်း၊ သွေဖည်ငြင်း ပယ်ခဲ့ကြသော ကြောင့်ပင်။ အ မှန် သော်ကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ဖီဆန် သောသူတို့အား တရားလမ်းမှန် သို့ပို့ ဆောင် တော်မူသည် မဟုတ်ပေတကား။

ဆက်လက်ပြီး ပထမဆုံး တင်ပြတဲ့စူရာ ( ၉း၈၄) အတိုင်းအမိန့်တော်ကို ဖီဆန်သူများ အဖြစ် နှင့်ပင် သေဆုံးခဲ့ကြသော သူများအတွက် တမန်တော်(စွ) ကိုဆွလာသွလ်ဂျနာဇဟ် ၀တ်ပြု မှုကို မည်သည့် အခါမျှမပြုရန် နှင့်ထိုသူ၏သင်္ချိုင်း ပေါ်၌လည်း မည်သည့်အခါမျှ မရပ်ရန် တား မြစ်ခဲ့တာတွေ့ရပါတယ်။

ကျွန်တော်တို့ အထက်ပါ အာယတ်တော် ကို နောက်တခေါက်ပြန် ဖတ်ကြည့်ရအောင်. . .

စူရာ ၉း၈၄ .(.၄င်းပြင် (နဗီတမန်တော်)အသင်သည် ၄င်းတို့အနက် မည်သူတစ်ဦး တစ်ယောက် မဆို သေဆုံးခဲ့ပါလျှင် ထိုသူ၏ အပေါ်၌ ဆွလာသွလ်ဂျနာဇဟ် ၀တ်ပြုမှုကို မည် သည့် အခါမျှ မပြုပါလေနှင့်။ ၄င်းပြင် ထိုသူ၏သင်္ချိုင်းပေါ်၌လည်း မည်သည့်အခါမျှ မရပ် ပါ လေနှင့်။ အကြောင်းသော်ကား၊ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အား လည်းကောင်း၊ ထို အရှင် မြတ် ၏ ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ သွေဖည်ငြင်း ပယ်ခဲ့ကြသည့်ပြင် ယင်း သူ တို့သည် အမိန့်တော်ကို ဖီဆန်သူများ အဖြစ်နှင့်ပင် သေဆုံးခဲ့ကြသော ကြောင့် ပင် တည်း။ သေဆုံးခဲ့ကြသော ကြောင့်ပင်တည်း။)

အထက်ပါအာယတ်တော်မှ

“ယင်းသူတို့သည် အမိန့်တော်ကို ဖီဆန်သူများ အဖြစ်နှင့်ပင် သေဆုံးခဲ့ကြသော ကြောင့် ပင်တည်း။” ကို သတိပြုမှတ်ထားစေချင်ပါတယ်။ ဆက်ပြီးတော့စူရာ ၉း၁၁၃ ကိုနောက် တခေါက်ပြန် ဖတ်ကြည့်ရအောင်…

စူရာ ၉း၁၁၃..(နဗီတမန်တော်မြတ်၌ ထို့အတူ မုအ်မင်န် သက်ဝင်ယုံကြည်သူ တို့၌၊ မုရှ်ရစ်က် တို့အဖို့ ၎င်း တို့သည် ၎င်းတို့၏ ဆွေမျိုးနီးစပ်သူများ ဖြစ်ကြသော်လည်း၊ ၎င်းတို့သည် ငရဲ သား များဖြစ်ကြောင်း မိမိတို့၌ထင်ရှားခဲ့ပြီးနောက် (အလ္လာဟ်အရှင်မြတ်အထံတော်၌) လွတ်ငြိမ်း ချမ်း သာခွင့်ကို ပန်ကြားပေးပိုင်ခွင့်မရှိချေ။)

ဆိုလိုရင်းကို စူရာဟ်သောံဘာဟ်ကို အစမှ စပြီးနားလည်အောင် ဖတ်လာသူအဖို့ အလွယ် တကူနား လည်ပါလိမ့်မယ်။ ဘယ်လူမျိုးဘာသာ ဖြစ်ဖြစ် မိမိတို့ကို မျိုးဖြုတ်မဲ့ရန်သူကို တကူးတက ဆု တောင်းဖို့ဝေးစွကျိန်ဆဲနေမှာသေချာပါတယ်။ ဆွေမျိုး ပင်ဖြစ်ပါစေရန် သူနဲ့ပူးပေါင်းတိုက်ခိုက် လာရင်ရန်သူလိုပဲမြင်ရပါမယ်လို့ဖန်ဆင်းရှင်ကဆိုထားတာပါ။ ကျွန်တော်တို့ရဲ့ တမန် တော် မြတ်(စွ) မှာ အလွန်နူးညံ့ပြီး မေတ္တာအပြည့်နှလုံးသား ရှိတာကို အလ္လာဟ်ကသိတော်မူတဲ့ အတွက်တားမြစ် ထားခြင်းဖြစ်တဲ့အပြင် အချို့ပညာရှင်များက ဒီအာယတ်တော် သည်တမန်တော်မြတ်ရဲ့ ဦးရီးတော် ကိုဆိုလိုတယ်လို့ဖွင့်ဆိုပါတယ်။ တမန်တော်မြတ်ရဲ့ဦးရီး တော်ဟာတမန်တော်မြတ်အကြိမ်ကြိမ် အစ္စလမ် သာသနာသို့  ဖိတ်ခေါ်သော်လည်း သေဆုံးတဲ့အချိန်အထိငြင်း ဆန်သွား သူဖြစ်ပါတယ်။

ဒါကြောင့် အထက်ပါအာယတ် တော်သည် အစ္စလမ်သာသနာ ကိုဖျက်စီး ရန်ကြံ စည်သူ မုရှ်ရစ်က်များ ကိုဆိုလိုသလို တမန်တော်မြတ်ကိုယ် တော်တိုင် ဖိတ်ခေါ်ပေမဲ့ငြင်း ဆန် တဲ့ဦးရီးတော်လို ဆွေ မျိုးရင်းခြာမုရှ်ရစ်က် များကိုလည်းဆိုလိုတယ်လို့နားလည် ရပါတယ်။

ကျမ်းမြတ်ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်က အစ္စလာမ်ဘာသာကိုဖြို ခွဲရန်တိုက်ခိုက် သည့် မ ယုံကြည် သူများကိုခွင့်မ လွှတ်သလို အလ္လာဟ်အရှင်မြတ် ရှိကြောင်းသိသိ နှင့် သေသည်အထိ တစုံတရာ နှင့်ယှဉ်တွဲ ကိုးကွယ် သူများ(ရှရစ်က်)ကို ခွင့်မလွှတ်လို့ အကြိမ်များစွာ သတိ ပေး ထားပါတယ်။

စူရာ ၉း၁၁၄ မှာ(နဗီတမန်တော်) အစ်ဗ်ရာဟီမ်ရဲ့ ဖခင်နဲပတ်သက်ပြီးလဲ

(“စင်စစ်သော်ကား (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် မိမိဖခင်အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားခဲ့သည်မှာ ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်သည် ဖခင်အားပေးခဲ့သော ကတိဝန်ခံ ချက် ကြောင့်သာဖြစ်ပေ၏။ တစ်ဖန် ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်၌(ဖခင်)သည် အလ္လာဟ် အရှင်မြတ်၏ရန်သူဖြစ်ကြောင်း ထင်ရှားခဲ့သောအခါ ထို(နဗီတမန်တော်) အစ်ဗ်ရာ ဟီမ်သည် ဖခင်နှင့်(မည်သို့မျှ) မသက်ဆိုင်၊ မပတ်သက်ဟူ၍ ငြင်းဆိုခဲ့လေ၏။ ဧကန်စင်စစ် (နဗီ တမန် တော်) အစ်ဗ်ရာဟီမ်သည် စိတ်နှလုံးအလွန်နူးညံ့သူ၊ သည်းခံခြင်း တရားအ လွန်ထားရှိသူ ဖြစ်ခဲ့ ပေသတည်း။ည် စိတ်နှလုံ အလွန်နူးညံ့သူ၊ သည်းခံခြင်း တရားအလွန်ထားရှိသူ ဖြစ်ခဲ့ပေသ တည်း။”

အထက်က တင်ပြခဲ့တဲ့စူရာနဲ့အာယတ်တော်များ ကိုသုံးသပ်ရရင်

၁။ဖော်ပြပါအာယတ်တော်များ သည်လူအုပ်စုနှစ်ခုအကြောင်းကိုပြောပြထား တာတွေ့ရပါတယ်။

အုပ်စု(က) အစ္စလာမ်ဘာသာကို စစ်မက်ပြုပြီး ဖျက်ဆီးမဲ့ မိုနာဖစ်က် သာသနာ့အရေခြုံ နဲ့မုရှရစ်က် ငြင်းပယ်သူ(သို့မဟုတ်) ဘုရားအများယုံကြည် သူများ (မက္ကာဟ်မှကိုရိုက်ရှ် အမျိုးနွယ်မှ တမန်တော်ကိုစစ်ခင်းသူများ)

အုပ်စု(ခ)တမန်တော်များ ကိုယ်တိုင်လမ်းမှန် ကိုဖိတ်ခေါ်သော်လဲ သိသိနဲ့သေ သည် အ ထိငြင်းဆန်သော (ဥပမာတမန်တော် ၏ဦးရီးတော် အဘူတာလစ် နဲ့ (နဗီတမန်တော်) အစ်ဗ်ရာဟီမ်ရဲ့ ဖခင်လိုလူမျိုး) ကိုဖန်ဆင်းရှင် ကအကြီးဆုံး အပြစ်လို့သတ်မှတ် ပြီး ခွင့် မလွှတ်လို့ ဆိုထားပါတယ်။

၂။ ဒုတိယအုပ်စုနဲ့ပတ်သက်ပြီး ပြောရရင်တမန်တော်များ ဟာအလ္လာဟ် အရှင်မြတ်က ရွေး ချယ်စေလွှတ်တဲ့မ ဟာလူသား တွေဖြစ်ပါတယ်။ အာရပ်ဘာသာစကားနဲ့ Hujjatu Al Islam (Proof of Islam) အစ္စလမ်ဘာသာ ဝင်တွေအတွက်အလ္လာဟ့် ထံတော်ပါးမှ ပို့ပေး တဲ့အမြင့်ဆုံး သက်သေလက္ခဏာ လို့အဓိပ္ပယ်ရပါတယ်။ ဒီတမန်တော်တွေ နဲ့တွေ့ဆုံခွင့် ရတဲ့သူတွေဟာ အရှင်မြတ်ရဲ့ အထူးအခွင့်ရေးပေးခံရသူတွေပါ။ တမန်တော် များရဲ့ဖိတ်ခေါ်ခြင်း ဟာကျွန်တော် တို့လူသားအချင်းချင်း ဖိတ်ခေါ်တာနဲ့လုံးဝကွဲပြား တယ်ဆိုတာ နားလည်ဖို့လို ပါတယ်။့ ဒီလိုအခွင့် ရေးထူးရ ပေမဲ့ငြင်းဆန်တဲ့ လူတွေအတွက် ပြင်းထန်သော အပြစ်ပေးခြင်း၊ဒီလူတွေနဲ့ထိုက်တန် သောအပြစ်ဖြစ်ပါတယ်။

၃။ ကျမ်းမြတ်ကုရ်အန် နဲ့ဟာဒီဆ်များက အကြိမ်ကြိမ်အခါခါ လမ်းမှန် သို့ဖိတ်ခေါ်သော် လည်းငြင်းဆန် သူများနဲ့သာသနာကိုဖျက်ဆီး မဲ့သူများကို သာခွင့်လွှတ်ခြင်း လမ်းမှလွဲမယ် လို့ဆိုထားပါတယ်။

စူရာ၆၀း၈

အလ္လာဟ်အရှင်မြတ်သည် အသင်တို့အားအကြင်သူတို့ကို ကျေးဇူးပြုခြင်းမှလည်းကောင်း၊ တရား မျှတစွာ ဆက်ဆံခြင်းမှ လည်းကောင်း၊ တားမြစ်တော်မူသည် မဟုတ်ပေ။ ထိုသူတို့သည် အ သင်တို့ အား ဒီန် သာသနာနှင့်စပ်လျဉ်း၍ တိုက်ခိုက်ခဲ့ကြသည် လည်း မဟုတ်ပေ။ အသင် တို့ အား အသင်တို့၏ နေအအိမ်များမှ နှင်ထုတ်ခဲ့ကြ သည်လည်း မဟုတ်ပေ။ ဧကန်စင်စစ် အလ္လာဟ် အရှင်မြတ်သည် တရားမျှတ သောသူတို့အား နှစ်သက် ချစ်တော်မူ၏။

ဒါ့ကြောင့်အလ္လာဟ် အရှင်မြတ်ထံဆုဒိုအာပန်ကြားခွင့်မရှိ သူများမှာ အထက်ပါ အုပ်စု ၁၊ ၂ ဝင်များသာဖြစ်ပြီးထို အုပ်စုဝင်မဟုတ် တဲ့ဘာသာခြား မိတ်ဆွေများကို သနား ကြင်နာခြင်း သည် ကျမ်းမြတ်ကုရ်အာန်ရဲ့ သင်ကြားချက်အတိုင်းဖြစ် တာကိုတွေ့ရပါတယ်။ နောက် အ ရေးကြီးတဲ့ အချက်ကအခြားဘာသာဝင်၊ ဘာသာမဲ့ များဟာအရှင်မြတ်အလို တူရင်အ စ္စ လာမ် ဘာသာဝင် များဖြစ်လာ နိုင်တာမမေ့ဖို့ပါ။ ဟေတီကငလျှင် ဒဏ် ခံရသူ တွေ ၊မြန်မာပြည် ကနာဂစ်မုန်တိုင်း မိတဲ့လူတွေဟာအထက် ကအုပ်စုဝင် တွေဖြစ်စရာ အကြောင်း အ လွန် နည်းပါတယ်။

ဒါကြောင့်ဒီလို သဘာဝဘေး ကျရောက်တဲ့ အချိန်မှာ လူသားအားလုံး အတွက်ချပေးတဲ့ ကျမ်းမြတ်ကုရ်အာန် ရဲ့အဆုံးအမ အတိုင်း အကောင်းဆုံး လူသားတွေ အဖြစ်ကျွန်တော် တို့တတွေစံနမူနာမပြနိုင်ပဲ အယူသည်း အစွဲကြီးပြီး အိမ်မှာထိုင်ပြီး တီဗီသတင်းကြည့် နေ ယုံနဲ့တော့ မွတ်စလင်မ် ကောင်းတွေလို့ဆိုနိုင်မယ်မထင်ပါ။ နောက်တချက် ကဘာသာမဲ့ ကွန် မြူနစ်တရုပ်နိုင်ငံ၊ ဂျပန်၊ ကိုရီးယားနိုင်ငံ တွေတောင် နိုင်ငံတကာ ဘေးဒုက္ခ အရေးကြုံရင် အားတက် သရောပါဝင်နေတဲ့ အချိန်မှာ ကျွန်တော်တို့မွတ်စလင်မ်ချမ်းသာ တဲ့နိုင်ငံတွေ က ဘာသာ မတူရင်မကူ (ဘာသာတူရင်လဲမကူပါဖူး) ဆိုပြီးနား လည်မှူတွေ လွဲနေရင်တော့ ကျွန်တော်တို့သာသနာရဲ့ ရွှေခေတ်(မဟာသာဝကများခေတ်)ကိုပြန် ရောက်ဖို့ အလှမ်းဝေး နေအုန်းမှာပါ။

ဆု ဒို အာပြု တဲ့ အကြောင်းနဲ့ပတ်သက်လို့ အထက်မှာ ဆွေးနွေးခဲ့တဲ့ လူအမျိုးစားတဲမှာ မပါတဲ့သာ မန်လူသား တယောတ်ကို ခွင့်လွှတ်ဖို့ ကယ်တင်ဖို့ ဆုတောင်းမိလို့ မဟာကရူဏာ တော်ရှင်က အပြစ်ပေးမယ် ဆိုတဲ့အယူသည်းမှုဟာ ကျမ်းမြတ်ကုရ်အာန် နဲ့ဆန့်ကျင်ပါတယ်။

အစ္စလာမ်သာသနာသည် လူမှူရေးကို အခြေခံတဲ့ သာသနာ ဖြစ်တယ်။ လူမှူရေးနှင့်စပ်လျင်း တဲ့ကိစ္စ ရပ်များကို လှစ်လျူရှူခြင်းဟာ (ကေယာမသ်) အစား ပေးတဲ့ နေ့ကိုငြင်း ဆိုခြင်းဖြစ် တယ်လို့ ကုရ်အာန် (၁၀၇း၁မှ၇) တွင် အတိအလင်း မိန့်ဆိုထား ပေသည်။

(အသင်သည် (ကေယာမသ်) အစားပေးသောနေ့အား ငြင်းဆိုသူကို မမြင်လေသလော။ ထိုသူသည် ဖသက်ဆိုး ကလေးများကို အဖက်မတန် ဆက်ဆံ သူဖြစ်၏။)

(ထို့ပြင် ထိုသူသည် အကူအညီ လိုအပ်သူများကို ကြွေးမွေးကူညီရန် တိုက်တွန်းခဲ့ခြင်း လည်းမရှိ ပေ။)

(ထိုသူတို့၏ ဆွလာသ်တည်ဆောက် မှူသည် ပျက်ဆီးဆုံးရှူံးကြကုန်၏။)

(ထိုသူတို့သည် ဆွလာသ် တည်ဆောက် မှူကို မေ့လျော့ထားကြကုန်၏။)

(ထိုသူတို့သည် လူများကိုပြသ ရန်ဆွလာသ် တည်ဆောက်သူများ ဖြစ်ကြ၏။)

(ထို့ပြင်တ၀ ထိုသူတို့သည် လိုအပ်သူများ၏ တောင်းခံ လာသော အသေးအမွှား ပစ္စည်းများကိုပင်ပိတ်ပင် တားဆီးသူများဖြစ်ကြသည်း။)

ချစ်ခင်စွာ

ကျော်ကျော်ဦး

Ref: Praying for Non- Muslims, An Islamic Perspective, Dr Omar Farooq, Islamic City, http://www.islamicity.com/articles/articles.asp?ref=IC0506-2721&p=1

Ref: Holy Quran Translation to Burmese, by Mufassirul Quran Allahmah Ghazi Muhammed  Hashim and  Maulana Masquad Ahmad Khan.

2 thoughts on “ဒုက္ခရောက်နေသောသာမန်လူသားအားလုံးကိုကူညီကြပါ

  1. kyawkyawoo says:

    In recent Pakistan Flood Saudi donated 44 Million USD, Turkey 11 MillionUSD compare to US pledged 70 Million over USD ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s