လက်ညှိုးထိုးတော့မယ်ဆိုရင်

571a5619-25be-4a4c-8fa6-420309e4eb00

လွန်ခဲ့တဲ့ရက်ပိုင်းမှာ ကျွန်တော်သူများတွေကိုလက်ညှိုးထိုးတဲ့ပို့စ်တွေ
ဆက်တိုက်ရေးဖြစ်ပါတယ်။
“လူလိမ်ကြီးများ”၊” အဗာတာရုပ်ရှင်ဘာ့ကြောင့်အော်စကာဆုအများကြီးနဲ့
လွဲ” စတဲ့ ပို့စ်တွေပါ်။
အမှန်တရားဖက်ကမခံချင်တဲ့စိတ် နဲ့ရေးဖြစ်တာလို့ပဲဝန်ခံပါရစေ။
မတရားမှူတွေကိုလက်ညိုးထိုးတော့မယ်ဆိုရင် လက်ညိုးထိုးလို့ကုန်မှာမဟုတ်ပါ။

ဒီပုံလေးကိုကြည့်ပြီးကျွန်တော်တွေးမိတာက
အင်း ..ကိုယ်ကလက်ညိုးထိုးတော့အနည်းဆုံး လက်သုံးချောင်းကကိုယ့်ကို
ပြန်ထိုးနေပါရော့လား။ လက်မကဆို ရင်အောက်ကိုတောင်စိုက်ပြလိုက်
သေးတယ်။
မိမိ အတွက်…
မိမိရဲ့မိသားစု၊အသိုင်းအဝိုင်း၊
ဘာသာသာသနာ၊လူမျိုး
အတွက်

သူတို့လိုလက်တွေ့မကြိုးစားပဲ

ဒီပုံက PhD ကျောင်းသားတဦးသူထွင်ပြီးသင်ထားတဲ့စက်ရုပ်နဲ့အပြိုင်ဒိုက်ထိုးနေတာပါ

ဒါကကိုရီးယားမှာစက်ရုပ်က စာသင်နေတာပါ

ဒါကမောင်းသူမဲ့စက်ရုပ် လေယာဥ,် အထင်မသေးနဲ့ပစ်တဲ့ဒုံးကျည်က တဲ့တဲ့ထိတယ်

လူမပါပေမဲ့ပစ်အားကောင်းတဲ့စက်ရုပ်

အမေရိကန်မှာစက်ရုပ်အမိန့်အတိုင်း မလှုပ်ရဲပဲငြိမ်နေရတဲ့ရာဇဝတ်သား

တယောတ်နဲ့တယောတ်လက်ညိုးတွေထိုးရင်း
အချိန်တွေဖြုန်းနေတဲ့အချိန်မှာအခြားသူတွေကနေ့မနားညမနားတီထွင်နေကြတယ်၊
အလုပ်လုပ်နေကြတယ်၊သုတေသနတွေလုပ်နေကြတယ်။

ဒီအတိုင်းဆက်ပြီးအချိန်တွေဖြုန်းနေရင်…

မကြာတော့တဲ့တနေ့မှာကျွန်တော်တို့တတွေအခုလိုလူမပါတဲ့
စက်ရုပ်တွေနဲ့ရင်ဆိုင်အရှုံးပေးရပြီး
အဝေးထိန်းစနစ်နဲ့ခိုင်းရာလုပ်ရတဲ့
စက်ရုပ်ထက်နိမ့်တဲ့လူသားများဖြစ်လာနိုင်ကြောင်း
တွေးမိတွေးရာတင်ပြလိုက်ရပါတယ်။

ချစ်ခင်စွာ
ကျော်ကျော်ဦး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s