လူလိမ်ကြီးများအကြောင်း

ဘယ်အချိန်မှာလူအများစုအလိမ်ခံရတတ်ပါသလဲ။ တိုင်းပြည်တစ်ပြည်သို့မဟုတ်လူမျိုးစုတစုကိုစစ်ရေး
နိုင်ငံရေးအရတိုက်ခိုက်သိမ်းပိုက်လိုတဲ့အခ်ါဖြစ်စေ မိမိ နိုင်ငံသားတွေလက်မခံနိုင်တဲ့ နိုင်ငံရေးလူမှူရေးစီးပွါးရေးဆုံးဖြတ်ချက် ချလိုတဲ့အခါဖြစ်စေနိုင်ငံရဲ့ခေါင်းဆောင်လို့ခေါ်တဲ့လူအုပ်စုတခုကမိမိ နိုင်ငံကိုဖြစ်စေ
တကမ္ဘာလုံးကိုဖြစ်စေလိမ်ကြပါတယ်။

လူသားသန်းပေါင်းများစွာကို မမှန်တာကိုမှန်တယ်လို့ထင်ရအောင်ညာရတာအတော်မလွယ်
တဲ့ အလုပ်ပါ။
ဒါပေမဲ့သမိုင်းကိုပြန်ကြည့်ရင်ဒီလိုအညာခံရတာတွေ အတော်များပါပြီ။ဆယ်စုနှစ်အတော်
ကြာမှ တခါတလေ နှစ်ပေါင်းရာနဲ့ချီပြီးကြာမှဒီအမှန်တရားကပေါ်လာပါတယ်။

အောက်ကဥပမာလေးတွေ ကိုဖတ်ကြည့်စေချင်ပါတယ်

(1)

အမေရိကန်သမတမက်ကင်လေး ဟာနှစ်ဆယ့်ငါးယောတ်မြောက်
ရီပတ်ဘလီကန် သမတမင်းဖြစ်ပါတယ်။သူ့လက်ထက် ( ၁၈ရာစု) မှာ
အမေရိကန်စစ်သင်းဘော ယူအက်အက်မိုဏ်းဟာစပိန်တို့ရဲ့လက်ချက်နဲ့
ပျက်စီးနစ်မြုတ်တယ်လို့အမေရိကန်ပြည်သူများကိုကျေညာတယ်။အမေရိကန်
ပြည်သူတွေလဲ အလွန်စိတ်ဆိုးပြီးကျူးဘားမှာရှိတဲ့စပိန်တပ်တွေကိုဝင်တိုက်ပြီး
ကျူးဘားကိုသိမ်းပိုက်တာကိုတခဲနက်ထောက်ခံခဲ့ကြတယ်။
တကယ်တော့ယူအက်အက်မိုဏ်း ရဲ့ဘွိုင်လာမတော်တဆပေါက်ကွဲပြီးနစ်မြုပ်ရတာပါလို့
သင်းဘောကက်ပတိန်ကအမှန်ကိုပြောရှာပါတယ်။

(2)

ဟစ်တလာလဲဒီနည်းကိုသုံးပြီးလူပေါင်းသန်းပေါင်းများစွာသေတဲ့ဒုတိယ
ကမ္ဘာစစ်ကြီးကိုစခဲ့တယ်။ပိုလန်ကဂျာမဏီကိုစတိုက်ပါ တယ်ဆိုပြီး…ပိုလန်စစ်တပ်ဟန်
ဆောင်ထားတဲ့ဂျာမန်စစ်သားတွေက ဂျာမဏီကိုစတိ..ဟန်ဆောင်တိုက်ပြခဲ့တယ်။ဂျာမန်လူထုလဲဘာပြောကောင်း
မလဲဟစ်တလာကိုထောက်ခံပါသည်ပေါ့။

အခုမှသာသူ့နာမည်မကြားချင်ကြတာ။…

(3)

အမေရိကန်သမတရူစဘဲ ဟာပုလဲဆိပ်ဆိပ်ကမ်းကိုဂျပန်တွေ

ဝင်တိုက်မဲ့ထောက်လှမ်းရေးသတင်းကိုအောက်တိုဘာ ၇ ရက် ၁၉၄၀ မှာရခဲ့တယ်။

အာသာမတ်ကောလန်းပေးပို့တဲ့ကြားဖြတ်ထောက်လှမ်းရေးသတင်းကိုကြိုပြီးသိခဲ့တယ်။
ဒါပေမဲ့ ဂျပန်တို့ရဲ့အလစ်ဝင်တိုက်ခိုက်မှူကိုတားဆီးဖို့အမိန့်တစုံတရာ
မပေးတဲ့အပြင် ထောက်လှမ်းရေးသတင်းကိုပါအမှောင်ချထားခဲ့တယ်။

ပုလဲဆိပ်ကမ်းတိုက်ပွဲမတိုင်ခင်ကအမေရိကန်ပြည်သူအများစုကဒုတိယကမ္ဘာစစ်မှာ်ပါဝင်လာ

စရာမလို လို့ယူဆပြီုးစစ်ဆန့်ကျင်ကြတယ်။

ပုလဲဆိပ်ကမ်းမှာအမေရိကန်ရေတပ်မရှူမလှအထိနာတာကိုတွေ့ပြီးအမေရိကန်ပြည်သူ
စိတ်ပြောင်းသွားခဲ့တယ်။

ပုလဲဆိပ်ကမ်းတိုက်ပွဲလဲပြီးရောအမေရိကန်လဲစစ်ပွဲထဲရောက်ရော။ဒါကတော့မိမိနိုင်ငံရဲ့ တပ်မတော်သားတွေအသက်ကိုချကြွေးတဲ့ရက်စက်တဲ့လိမ်ညာမှူတမျိုးပါ။

(4)

ကဲနောက်ဆုံးလူလိမ်ကြီးနှစ်ယောက်အကြောင်းပြောရအောင်
ဂျော့ဘွတ်ရှ နဲ့ တိုနီဘလဲ…..
အမေရိကန်သမတဟောင်းနဲ့ဗြီတိသျှဝန်ကြီးချုပ်ဟောင်း…
ဘလဲကတော့ယူကေမှာ ဝန်ကြီးချုပ်သက်တမ်းမကုန်
ခင်စုံစမ်းမေးမြန်းခံရပြီး ၂၀၀၇မှာရာထူးကနှုတ်ထွက်ခဲ့ရပါတယ်။
အီရတ်ကိုစစ်ပြင်စဉ်က ဘွတ်ရှနဲ့ဘလဲပေါင်းပြီး အမေရိကန်နဲ့ဗြိတိန်
ပြည်သူများကိုသာမက ကမ္ဘာကိုဗြောင်လိမ်ခဲ့ပါတယ်။

ဆက်ဒမ်မှာဒဘလျူအမ်ဒီလို့ခေါ်တဲ့ လူသားများကိုအစုလိုက်အပြုံလိုက်
သေစေနိုင်တဲ့ လက်နက်တွေရှိတယ်ဆိုတဲ့စွတ်စွဲချက်နဲ့အီရတ်ကိုဝင်တိုက်ခဲ့ပါတယ်။
ဘလဲရဲ့လိမ်ဆင်ထဲကစိတ်ဝင်စားစရာကောင်းတာလေးတခုက..ပါလီမန်ကိုစစ်တိုက်
ခွင့်အဆိုပြူစဉ်ကတင်တဲ့ဒေါ့ဂျီဒိုစိယာလို့..ခေါ်တဲ့အီ့ရပ်နိုင်ငံရဲ့ခြိမ်းခြောက်မှူစာတမ်းပါ။
တကယ်တော့ ကျောင်းသားငယ်တဦးရဲ့စာတမ်းကိုခိုးချပြင်ဆင်ထားတာ..ယူကေမီဒီယာ
ပေါက်ကြားလို့အရှက်ကွဲခဲ့ရပါတယ်။
ပိုဆိုးတာကဘွတ်ရှရဲ့နိုင်ငံခြားရေးဝန်ကြီးကောလင်းပိုဝယ်ရဲ့ကုလသမဂမှာ ဓတ်ပုံ
များနဲ့တင်ပြချက်ပါ။ရွှေ့ပြောင်းနိုင်တဲ့ဇီဝလက်နက်တင်ကားကြီးများကိုဂြိုယ်တုမှရိုက်ထားတဲ့
ပုံတွေကိုပြပါတယ်။
တကယ်တော့ဒီကားကြီးတွေဟာမိုးလေဝသမိုးပျံပူဖောင်းတွေကိုဂတ်စဖြည်.တဲ့
ကားကြီးတွေဖြစ်နေတာကို အမေရိကန်ရောယူကေရောသိနေတာပါဘဲ။
ဘာလို့လဲဆိုတော့ဆက်ဒမ်ကဒီကားကြီးတွေကိုသူတို့ဆီကဝယ်ထားလို့ပါ။

တိုတိုပြောရရင်အီရတ်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက် သူတို့ပြော
တဲ့လူအစုလိုက်အပြုံလိုက်သေစေတဲ့လက်နက်လဲမတွေ့ရပါ။ဆက်ဒမ်ကိုပဲ
ကြွက်တွင်းထဲမှာတွေ့ပါတယ်။
စစ်ပွဲ ကြောင့်သေလိုက်တဲ့သူတွေသောက်သောက်လဲပါ။
အများစုကအပြစ်မဲ့ပြည်သူပါ။
နေ့စဉ်ဗုံးပေါက်လို့ ချောင်းပစ်လို့ တဖြုတ်ဖြုတ် သေဆဲပါ။
မုဆိုးမတွေ၊သားမဲ့အမေတွေ၊မိဘမဲ့ကလေးတွေဘယ်လောက်များလိုက်မလဲ။
အားလုံးဟာလူသားတွေပါ။

လူလိမ်ကြီးများအကြောင်းအဆုံးသတ်

ဘွတ်ရှကတော့ အဖေလက်ထက်ကအပြီးမသတ်တဲ့ဇတ်လမ်းကိုပြီးအောင်လုပ်လိုက်ရလို့
ကျေနပ်နေမှာပါ။
ချယ်ဗရွန် ဆိုတဲ့ ကုမဏီကြီးဟာ ရေနံလောကမှာ
အလွန်နာမည်ကြီးပါတယ်။ဒီကုမဏီမှာ ဘွတ်ရှမိသားစု၊
အရင်ဒုသမတဟောင်း ဒစ်ချယ်နီတို့ရဲ့ အကျိုးစီးပွါးတွေပါတယ်ဆိုတာ
လူအများသိလျှို့ဝှက်ချက်ပါ။

ရေနံသိုက်ကြီးဖြစ်တဲ့အီရတ်ကို အမေရိကန် သွေး အီရတ် သွေးတို့ဖြင့်သိမ်းပိုက်
ပြီးသကာလ အကျိုးအမြတ်ရမဲ့သူတွေဘယ်သူတွေလဲဆိုတာတွေးကြည့်ပါ။

နောက်ဆုံးးသတင်းအရတိုနီဘလဲ ဟာကိုရီးယားနိုင်ငံက အီရတ်မှာရေနံတူးနေတဲ့
ယူအိုင် အင်နာဂျီကော်ပိုရေးရှင်းက လက်သိပ်ထိုးပေးတဲ့ ငွေကြေးအမြောက်အများရရှိ
ကြောင်း ဝိကီပီးဒီယားမှာတိုနီဘလဲနာမည်နဲ့ရှာကြည့်ရင်တွေ့နိုင်တဲ့အကြောင်း တင်ပြ
လိုက်ရပါတယ်။

သေချာတာတခုကတော့ဒီလောကကြီးသည်ဖန်ဆင်းရှင်ကလူ
သားများကိုစမ်းသပ်ပြီးအကောင်းဆုံးလူသားကိုအမြင့်မြတ်ဆုံးဘုံ
မှာထားပေးဖို့ပါ။
လူလိမ်ကြီးများသည် ဒီလောကမှာတော့စည်းစိမ်တွေကျော်ကြားမှူတွေ
ရကောင်းရမယ်၊သို့သော်သေဆုံးပြီးတဲ့အခါ….ဒီလိုပဲပြီးသွားမယ်လို့
သင်ထင်ပါသလား?

ချစ်ခင်စွာ
ကျော်ကျော်ဦး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s