ဟာ့ဂျဒိုင်ရာယီ

ဒီ Post ဟာ” Haj Diary” from Aljazeera News  by Jamal Elshayyal ကို
၂၀၀၈ ဟာ့ဂျ ရာသီကဘာသာပြန်ခဲ့တာပါ။
ဒီနှစ် ဟာ့ဂျ အချိန်မှာ နောက်တခေါက်ပြန်တင်ပေးလိုက်ပါတယ်။
ချစ်ခင်စွာ
ကျော်ကျော်ဦး


Haj Diary 1: Arriving in Mecca

December 15, 2008 · Leave a Comment

ဟာဂျ ပထမနေ့

အိပ်ရာမှ အစောကြီးနိုးနေသည်။ မိမိ ဘဝအတွက်ကြီးကျယ် သောခရီးတခု အစပြုတော့ မည်ဆိုသည့်အသိကြောင့်စိတ်လှုပ်ရှားနေသောကြောင့်ဖြစ်သည်။ ရေကို စိတ်တိုင်းကျချိုးပြီး ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့ သို့ ဟာဂျ ခရီးစဉ်အတွက် မပါမဖြစ်သည့် ဝတ်ဖြူစင်ကျယ်နှစ် ပိုင်းကို မကျန်ခဲ့ရန် တဖန် စစ်ကြည့်ရသည်။

မိတ်ဆွေများ မိသားစုများ အတွက်ဟာဂျ ခေါ် ကာ့အဘာ ဝတ်ကျောင်းတော် ခရီး သည်အဆန်းမဟုတ်တော့ပါ။မိမိ အ တွက်တော့မ မျော်လင့်ပဲ ဟာ့ဂျ ခရီးသွားရန် အခွင့်အလမ်းပေါ်လာ၍ ပိုပြီ့း်စိတ် လှုပ်ရှားရပါသည်။

ဟာ့ဂျ ခရီးမစမီပင် ဟာ့ဂျ၏ဝတ်တရားများက အစပြု နေပါပြီ။ ပေးရန်ရှိအကြွေးများ အကျေဆပ်ရပါသည်။ပြုခဲ့သည့်အမှားများအ တွက်တောင်းပန်ထိုက်သူများကို ခွင့်လွှတ်ပါရန်တောင်းပန်ရပါသည်။ မိမိ၏ သေတမ်းစာ ကိုရေးရချိန်မှာ ငြိမ်းချမ်းသောခံစားမှူထူးကိုရပါသည်။

လေဆိပ်ကိုရောက်တော့ အသင့်စောင့်နေတဲ့ အယ်ဂျာ့ဇီရား အဖွဲ့ဝင်များ နဲ့ဆုံရပါပြီ။မိမိတို့အားလုံးနှစ်ထောင်ရှစ်ခုနှစ် ဟာ့ဂျ အတွက်သတင်းလဲယူရင်း ဟာ့ဂျပြုဖို့သွားကြမှာပါ။

ယုံကြည်မှူနှင့်ညီနောင်စိတ်ဓတ်

လေယဉ်မတွက်မီ မိမိအဖွဲ့ကို ဆင်ခြင်သုံးသပ် ကြည့်ရာ ဟာ့ဂျ ၏ အဓိကရည်ရွယ်ချက်ဖြစ်သည့်ယုံကြည်မှူနှင့်ညီနောင်စိတ်ဓတ် ကို မိမိ၏ အဖွဲ့ငယ်အတွင်းမှာပင်တွေ့နေရ၏။ မိမိတို့အဖွဲ့သားများမှာနိုင်ငံစုံ ၊အောစတြိရန်း၊အင်္ဂလန်၊အီဂျစ်၊မိုရိုကို မှအစ်စ္စလမ်ဘာသာ ဝင် များ၊လူမျိုးမတူယဉ်ကျေးမှူမတူသော်လည်း ယုံကြည်မှူ တူညီသူများပါ။

ဂျီဒါလေယဉ် ကွင်းမရောက်မီလေယဉ်မှူးက လေယဉ်သည် မိကတ် အပေါ်သို့ကျော်ဖြတ်ကြောင်း ကျေညာ၏။ မိမိတို့အားလုံး အေဟရမ် ခေါ် ဟာ့ဂျခရီးသည်များအပြည့်အဝ ဖြစ်ကြလေပြီ။ ခရီးသည်များအားလုံး တပြိုင်တည်း

“ကျွန်တော်မျိုးတို့အလာ့အမိန့်နာခံရန်အသင့် ဖြစ်ကြပါပြီ” “Labayk Allahuma Labbayk” (I am ready to obey your orders O Allah) လို့ ကြွေးကျော်သံ လေယဉ်ထဲမှာပဲ့တင်ဟပ်ံသွားပါတော့တယ်။

မိမိ ရဲ့ရင်ခုန်သံမြန်လာတာသတိထားမိပါ တယ်။စိတ်ထဲမှာလဲကိုယ့်ရဲ့မွေးရပ်မြေ ကိုပြန်ရောက်လာ သလိုခံစားရပါတယ်။တကယ်တော့ ကျွန်တော့ဘဝမှာ မက္ကာမြို့ ကို တခေါက်မှ မရောက်ဖူးပါ။

ဆော်ဒီပြန်ကြားရေးဝန်ကြီးဌာနမှ ကိုယ်စားလည်များက ကျွန်တော်တို့ကို တမန်တော်မိုဟာ မက် (PBUH) အစ်စ္စလမ်ဘာသာကို ပထမဦးဆုံး ကမ္ဘာ ကိုကြေညာတဲ့ မက္ကာမြို့ သို့ခေါ်ဆောင်ရန်ကြိုဆိုနေတာကိုတွေ့ရပါတယ်။

မက္ကာမြို့ သို့ အဝင်ခရီး

ညကအိပ်ရေးပျက်ထားလို့ ကားထဲရောက်တာနဲ့အိပ်ပျော်သွားပါတယ်။ ထူးခြားတဲ့တိုက်ဆိုင်မှူလို့ပဲပြောရမလား ကျွန်တော်နိုးလာတော့ကားက မြို့ အဝင်မှာပါ။ကားတန်းကြီးဟာမရွေ့တော့ပါ။မေးကြည့်တော့ ပုလိပ်များမြို့အဝင်ပါမစ်စစ်နေတာပါတဲ့။ မြို့ရဲ့ ယဉ် ကြောပိတ်ဆို့မှူဟာ ကျွန်တော်မကြာခဏရောက်ဖူးပြီး စည်ကားလှတဲ့ ကိုင်ရိုနဲ့ပင်မယှဉ်သာတာတွေ့ရပါတယ်။

အဖွဲ့သားအားလုံးဟိုတယ်မှာခဏနားပြီးတော့ Tawaf Alqudoom လို့ခေါ်တဲ့ပထမဦး ဆုံး ကာ့အဘာကျောင်းတော်မြတ်ကို တမန်တော်မြတ် လမ်းစဉ်အတိုင်း ခုနှစ်ကြိမ်ပတ်ပြီး အလ္ထာရဲ့ဂုဏ်ုံတော်များကို အခြားထောင်ပေါင်းများစွာသော ဟဂျခရီးသည်များ နှင့်အတူပူးပေါင်းပါဝင်ရန်တွက်လာခဲ့ပါတယ်။

ဟာ့ဂျ အကြောင်းကြားဖူးသမျှ မြင်ဖူးသမျှတွေဟာ တကယ် ကျွန်တော့ ကိုယ်တွေ့မျက်စေ့နဲ့မြင်ရတာနဲ့ပြောမပြတတ်လောက်အောင်ကွာခြားလွန်းနေပါတယ်။ ထောင်ပေါင်းများစွာ သော အသားအရောင်မျိုးစုံ နဲ့လူမျိုး ပေါင်းစုံ၊အသက်အရွယ်စုံ ဟာ တ သွေမ တိမ်းသောလုပ်ရပ်ကို၊တ သွေမ တိမ်း တချိန်တဲမှာ၊တ သွေမ တိမ်းသော တူညီတဲ့ယုံကြည်ချက်နဲ့လုပ်ဆောင်နေကျခြင်းဖြစ်ပါတယ်။

ထောင်ပေါင်းများစွာသော လူများ။.ကျွန်တော့ဘေးမှလူ သည်ဘီလျံနာသူဌေးကြီးတယောတ်ဖြစ်နိုင်သလိုသာမန်လက်လုပ်လက်စားတစ်ယောက်လဲဖြစ် နိုင်ပါတယ်။အဝတ်အစားအရ အပြုအမူအရ အားလုံး တူညီသောလုပ်ရပ်တခုထဲကိုသာ လုပ်ဆောင်နေကြတာ အံ့ဘွယ်ပါ ။

လူသားအားလုံးအဆင့်တန်းတူကြပြီ

ကအဘာ ကျောင်းတော်မြတ်ကို ခုနစ်ကြိမ်ပတ်လှဲ့ပြီးနောက် ကျွန်တော်တို့အားလုံး ဇမ်ဇမ်ရေသောက်ကြတယ်။ဇမ်ဇမ်ရေ ဟာတမန်တော်အီဘရာဟင် လက်ထက်မှဒီနေ့အထိသဲကန္တာရထဲမှာလူပေါင်းသန်းပေါင်းများစွာသောက်လို့မကုနပါ။

ဒုက္ခရောက်နေတဲ့တမန်တော်အီဘရာဟင် ရဲ့ဇနီးဟာဂျာ နဲ့ရင်သွေးငယ်လေးတို့သဲကန္တာရထဲမှာ ကျန်ခဲ့ စဉ် ထူးဆန်းစွာ ထွက်ပေါ်လာတဲ့ စမ်းရေပါ။

အလ္ထာက ဟာဂျာရဲ့ဆုမွန်ကို အဖြေပေးတဲ့အနေ နဲ့ဇမ်ဇမ်ရေကိုပေးသနားပါတယ်။

မူစလင်များအားလုံး ဟာဂျာပြေးလွှားခဲ့တဲ့ တောင်နှစ်ခုကို သူမရဲ့ခြေရာအတိုင်း ခုနစ်ကြိမ် လျှောတ်ရပါတယ်။

ပထမနေ့အဆုံးသတ်ပါပြီ။ လုပ်ခဲ့သမျှ ကိုအားလုံးနားမလည်သေးပေမဲ့ လူသားအားလုံးအတူတူပါဘဲဆိုတာကို စတင်ခံစားနားလည်လို့ရတာပါ။

မမျှတတဲ့လောကကြီးမှာပထမဆုံးမျှတခြင်းကိုခံစားရခြင်းဆိုရင်ပိုမှန်ပါလိမ့်မယ်။

ကျော်ကျော်ဦး

Haj Diary 2: Secure supplication

December 16, 2008 ·

ဒုတိယနေ့

Allahu Akbar, Allahu Akbar” အလာ အရှင်မြတ်သာလျှင်အကြီးအကျယ်ဆုံး အရှင်ဖြစ်တော်မူသည် အာရုံဦးဝတ်ပြုရန်နှိုးဆော်သံနှင့် ကျွန်တော်အိပ်ရာမှနိုးလာသည်။

Grand Mosque သို့ဝတ်ပြုရန်ထွက်လာချိန်မှာ မနက်ငါးနာရီ သို့သော်လူများစည်ကားလွန်သည်။ Grand Mosque အတွင်းရှိ ကာ့အဘာဝတ်ကျောင်းတော်မြတ်နှင့် အနီးဆုံးနေရာရရန် သူ့ထက် ငါ တိုးဝှေ့သွားနေသောလူအုပ်ကြီးက လမ်းအပြည့်ပါ။

ကာ့အဘာဝတ်ကျောင်းတော်မြတ် ဟာ ကမ္ဘာ မူစလင် များအားလုံးဝတ်ပြု ရင် ဦးတိုက်တဲ့တခုတည်းသောအရပ်လဲဖြစ်ပါတယ်.

ရုတ်တရက် ရှေ့ဆောင်ဝတ်ပြုသူ Imam ရဲ့ ဝတ်ပြု အစအသံနဲ့အတူဆူညံသံအားလုံး ဟာပကတိတိပ်ဆိပ်ခြင်းသို့ ပြောင်းသွားပါတယ်။

သန်းပေါင်းများစွာသော လူများညီညာသော အတန်းများနှင့် တူညီသောဝတ်ပြု လှုတ်ရှားမှူ ….မျက်နာမူရာ တစ်ခုထဲ ကာ့အဘာဝတ်ကျောင်းတော်… နောက်ပကတိငြိမ်သက်ခြင်း။

ရှေ့ဆောင်imamအသံမှလွဲ၍ ဘာအသံမှမကြားရပါ။ စကား ပြောသံ ကားသံလူဆူညံသံဘာမှမရှိ

စည်းကမ်းသေဝပ်စွာ ဝတ်ပြုနေသော မဆုံးနိုင်သည့်လူတန်း ကြီး၏ မြင်ကွင်းမှာ ရင်သတ်ရှူမောစရာပါ။

သတိအဆင်သင့်

မနက်စာစား အပြီး ဟာ့ဂျ လုံခြုံရေး တာဝန်ယူထားသော ဆော်ဒီလုံခြုံရေးတပ်ဖွဲ့ အားမှတ်တမ်းတင် ဗီဒီယို ရိုက်ရန် ထွက်ခဲ့ကြ၏။ဆော်ဒီလုံခြုံရေးတပ်ဖွဲ့ သည်ကမ္ဘာပေါ်တွင်တချိန်တဲလူအုပ်စုအများဆုံးစုဝေးတာ ဟာ့ဂျ အချိန်ပဲဖြစ်ပါတယ်။

ဒီနှစ်အတွက်ဆော်ဒီလုံခြုံရေးတပ်ဖွဲ့အင်အားက စံချိန်တင် ပါတယ်။ မကာ မြို့တခုထဲ အင်အား တစ်သိန်းလုံခြုံရေး အ တွက်ချထားပါတယ်။ အထူးတပ်ဖွဲ့ ရွှေ့ပြောင်းဆေးရုံများမှ မီးသတ်အထိလိုလေသေးမရှိအောင် ပြင်ဆင်ထားတာကို သတိပြုမိပါတယ်။

ဆော်ဒီတာဝန်ရှိသူများဟာဒီဟာ့ဂျ ပွဲတော်ကို အရင်နှစ်တွေကကြုံခဲ့ တဲ့ကြေကွဲဘွယ်ရာ လူသေပျောတ်မှူ မျိုးထပ်မဖြစ်ရန် အ စွမ်းကုန်ပြင်ဆင်ထားပုံရပါတယ်။လူ ပေါင်းသုံးသန်းလောက် စုဝေးတဲ့ ဟာ့ဂျမှာ အထိအခိုက် အသေအပျောတ် အနည်း နဲ့အများရှိမှာ သဘာဝပါ။ဒါပေမဲ့ဒီနှစ်ဟဂျ ကို ထိန်းသွား မဲ့ဆော်ဒီတာဝန်ရှိသူများရဲ့ပြင်ဆင်မှူကို ချီးကျူးထိုက်ပါတယ်။

တကဲ့ အရေး ကြီးတဲ့စမ်းသတ်မှူက ဟာဂျီလောင်းများ မီနာမှာ ဆေတန် ကို ကျောက်ခဲခုနစ် လုံး နဲ့ပေါက်တဲ့အချိန်ပါ။ တမန်တော်အီဘရာဟင်ကိုဆေတန်ကဖျားယောင် ပြီးဖန်ဆင်းရှင်ရဲ့အမိန့် ကိုမနာခံအောင်ပြုလုပ်တဲ့နေရာဟာ မီနာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်အတော်ကြာက ဟာဂျီလောင်းများ လူအုပ်ပြိုပိပြီး ရာပေါင်းမျာစွာ မီနာ ခဲပေါက်တဲ့နေရာမှာ အ သက်ဆုံးရှုံးခဲ့ကြပါတယ်။

မြတ်နိုးဖွယ်ရာဆွဲဆောင်မှူ နှင့်နေသားကျလာခြင်း

ကျွန်တော်တို့ ဗီဒီယိုရိုက်ကူးပြီးတော့ နေဝင်ချိန်ရောက်ပါပြီ။

Grand Mosque ရဲ့ လျပ်စစ်မီးအလင်းရောင်များက ပတ်ဝန်းကျင်မှာထိန်ထိန် လင်းနေလေရဲ့။

မြတ်နိုးဖွယ်ရာဆွဲဆောင်မှူ နှင့်နေသားကျလာ ပေ မဲ့အံ့ဩမှုကလျော့မသွားပါ။

လမ်း လျှောတ်ရင်းနဲ့အတွေးနယ်ချဲ့ နေမိတယ်။

ပတ်ဝန်းကျင်မှာ ထောင်ပေါင်းများစွာသော ဟာဂျီလောင်းများ ဗလီအတွင်းလဲလျှောင်း အနားယူနေကြတယ်။

ကျွန်တော်တို့မူစလင်တွေအားလုံး ဟဂျပြုပြီးရင် မွေးစကလေးငယ်လိုအပြစ်မှကင်းစင်သွားတယ်လို့ ယုံကြည်ကြပါတယ်။

ပိုနက်ရှိုင်း တဲ့အဓိပ္ပါယ်ကတော့ လူသားအားလုံးဟာ အ သွေးအရောင်လူမျိုးဘာသာစကားမ တူပေမဲ့ ယုံကြည်မှူ တူရင်အား လုံးအတူတူ အစားပေးရမဲ့နေ့ကျရင် ဖန်ဆင်းရှင်အလာနဲ့တွေ့ကြရမှာပါ။

မကာ မြို့တော်ကိုရောက်တာ တရက်ပဲရှိပေမဲ့ဒီလိုနက်ရှိုင်းတဲ့ အ တွေးတွေ ဟာဂျီလောင်းများ အားလုံုး မှာရှိနေမှာသေခြာပါတယ်။

ကျော်ကျော်ဦး

Haj Diary 3: A Hard day’s work

တတိယနေ့

အခက်အခဲ များနှင်. ကြုံရသော နေ့ဆိုရင်လဲမမှားပါ။

ဒီနေ့ အစီအစဉ် အရ မကာ မှ မီနာ လွင်ပြင်သို့ သွားရန် ဖြစ်ပါတယ်။ မီနာမှာသုံးရက် နေပြီး ပြန်လာဖို့ အစီစဉ်ရှိပါတယ်။

အဖွဲ့သားအားလုံး စိတ်တည်ငြိမ်အေးချမ်း မှူရတဲ့ အပြင် ဟာ့ဂျ ရုပ်သံတိုက်ရိုက် ထုတ် လွှင့်မှူကလဲအဆင်ပြေနေတာမို့အားလုံးစိတ်ဓတ်တက် ကြွနေပါ တယ်။

သို့သော် အလုပ်တဖက် နှင့်ဟာ့ဂျ ပြုကြရတဲ့ အတွက်နားချိန် မရှိပင်ပန်းကြပါတယ်။ ဝတ်ပြု ခြင်းပြီးတာနဲ့ဟာ့ဂျမှတ်တမ်း အတွက်မနားတမ်းရိုက်ကူးမှတ်တမ်းတင်ရပါတယ်။ ကျန်တဲ့အချိန်က ခရီး သွားနေရတဲ့ အချိန်မို့ပင်ပန်းမှူဒဏ်ကအစပျိုးလာပါပြီ။

မီနာလွင်ပြင်နားနီးကပ်လာတာနဲ့ ထောင်ပေါင်းများ စွာ သော အဖြူရောင်ယာရီတည်းအိမ်များကိုမဆုံးနိုင်အောင်တွေ့ရပါတော့တယ်။

အနားယူချိန်မရှိ

ရောက်တာနဲ့ နားဖို့မစဉ်းစားနိုင် ပဲ တိုက်ရိုက်ရုပ်သံလွှင့်ဖို့ ပြင်ဆင်ကြရပါတယ်။

ပြင်ဆင်ပြီးအဆင်သင့် ဖြစ်ချိန်မှာ ချိန်းထားတဲ့ ဧည့်သည် များရိုက်ကူးဖို့မရောက်လာသေးတဲ့အတွက် ပိုပြီးစိတ်ပင်ပန်းကြရပါတယ်။

ကံကောင်းချင်တော့ အာဖရိကန် အမေရိကန်စုံတွဲက ဒီလွတ်နေတဲ့အချိန်မှာ အင်တာဗျူး အတွက်သဘောတူလိုက်လို့ သက်ပြင်းချနိုင်ပါတယ်။

ကျွန် တော် တို့အယ်ဂျာဇီရာအဖွဲ့က ရှာနေတာလဲ ဝါရှင်တန် ကအမေရိကန် မွတ်စလင်တဦးပါ။သုံးရက်တိတိရှာနေတဲ့အမေရိကန် မွတ်စလင်နဲ့မရိုက်ရပဲ အာဖရိကန် အမေရိကန်မွတ်စလင်စုံတွဲ နဲ့ တွေ့ရတာဖန်ဆင်းရှင် ရဲ့စီမန်မှူပါ။

မီနာမှာ ရှိတဲ့မဆုံးနိုင်တဲ့ယာယီ ရွက်ထည်တဲတွေမှာ ဟာဂျီလောင်းများကိုနိုင်ငံအလိုက်နေရာချထားပေးပါတယ်။ သို့သော်လဲ အားလုံးဟာ ညီရင်းအကို မောင်နှမများပမာ ရင်းရင်းနှီးနှီးဆက်ဆံနေကြပုံဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ အထူးသဖြင့် နိုင်ငံရေးအရ အ ဆင်မပြေလှတဲ့ အင်ဒိယ နဲ့ပါကစ်စတန် လူမျိုးများ ဘေးခြင်းရှင်ပြီး ယာယီ ရွက်ထည်တဲ မှာအေးအေးလူလူ နေထိုင်ဆက်ဆံနေ ပုံပါ။ကင်မရာဆရာကလဲဒီမြင် ကွင်းကိုမလွှတ်တမ်းမှတ်တမ်းတင်နေပါရဲ့။

ဒီထက်ပိုစိတ်ဝင်စားစရာက အိုမာရီဂင်ဆိုတဲ့ အမေရိကန် မွတ်စလင်နဲ့ တွေ့ဆုံရခြင်းပါ။

မိမိကိုယ်ကိုဆန်းစစ်ခြင်း

အိုမာဟာဟောလီး ဝုဒ် သရုပ်ဆောင်တဦးပါ။Chris Tucker ရဲ့ ကိုယ်စား Rush Hour Two စတန့်အခန်းတွေမှာသရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ဟဂျခရီးစဉ်အပေါ်သူ့ရဲ့အမြင်ကိုဒီလို ပြောပါတယ်”It is here that you realise that in the end, you will face your Lord for who you are on the inside,

and not how you appear on the outside.”

ကျွန်တော်ဆက်ပြီးအတွေးနယ်ချဲ့နေမိပါတယ်။ လူတွေအားလုံးဟာ အဆင့်အတန်းနဲ့လူမျိုးစွဲဝါဒစွဲတွေကို ခွါချပြီး ကျွန်တော်တို့အခုနေသလိုအဝတ်ဆင်တူ အစားအတူ နေရ အိပ်ရတဲ့နေရာလဲ အတူဆိုရင် တယောက် နဲ့တယောက် ခြားနားမှူတွေဘယ်ရောက်သွားမှာ လဲ.?ဘယ်သူ့ကိုအတုယူအားကျ ရမှာလဲ.?

ကျမ်းမြတ်ကုရအန်က ဒီလောကကြီးမှာအကျိုးနွံဆုံးနဲ့အရိုးသားဆုံးသူသည်ဖန်ဆင်းရှင်နှင့်အနီးဆုံးလို့ ဆိုပါတယ်။

ဆက်ပြီးတွေးမိတာက အခုလိုလူတိုင်းအဖြူရောင်ပိတ်စ နှစ်ပိုင်းဝတ်ဆင်ပြီးမြေကြီးပေါ်မှာကိုယ်လိုဝတ်ဆင် ထားသူလူပေါင်းသုံးသန်းနဲ့အတူအိပ်အတူစားနေချိန်မှာ ကိုယ်နဲ့အတူစားနေတဲ့သူဟာဘယ်သူလဲလို့ခွဲခြားသိမြင်နိုင်တာထာဝရဖန်ဆင်းရှင်သာဖြစ်ပါလိမ့်မယ်။

ကျော်ကျော်ဦး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s