Tawaaf Is a Cosmic Law,မဟာစကြာဝဠာရဲ့ဥပဒေသ

စိတ်ဝင်စားစရာကောင်းတဲ့Post တခုကိုမိတ်ဆွေ Navedz ရဲ့blog မှာဖတ်မိတယ်။ ဒါနဲ့
ဒီလင့် က post လေးကိုပုံတွေအဖြစ်ပြောင်းကြည့်မိတယ်။
ဟာ့ဂျ ခရီးစဉ်မှာကာ့အဘာလို့သိကြတဲ့လူသားတို့ရဲ့ကမ္ဘာဦးဝတ်ကြောင်းတော်ကို
ဟာဂျီလောင်းများဟာနာရီလက်တံရဲ့ဆန့်ကျင်ဘက်လားရာအတိုင်းလှည့်ပတ်ရပါတယ်။
ဒါကိုသာဝါ့ဖလုပ်တယ်လို့ အာရပ်ဘာသာစကားနဲ့ခေါ်ပါတယ်။

Allah Almighty says: “It is He Who created the Night and the Day,
and the sun and the moon: all (the celestial bodies) swim along,
each in its rounded course.” (Surah Al Anbiya 21:33)

ကျမ်းမြတ်ကုရအန်မှာ နေလနဲ့ကြယ်အပါအဝင် စကြာဝဠာတွင်ရှိရှိသမျှ တို့သည်မိမိတို့

ရဲ့ပတ်လမ်းမှာလှဲ့ပတ်နေတယ်လို့ဆိုပါတယ်။အောက်ကပုံကိုကြည့်ပါ

ကျွန်တော်တို့နေတဲ့ ကမ္ဘာဂြိုယ်ဟာနေမိသားစုထဲမှာပါ ဝင်ပါတယ်။ နေမိသားစုဝင်ဂြိုယ်တွေ
အားလုံးဟာ မိမိရဲ့ပတ်လမ်းအသီးသီးနဲ့ နေကိုဗဟိုပြုပြီးလှည့်ပတ်နေပါတယ်။  ကမ္ဘာမှာအရံဂြိုယ်ဖြစ်တဲ့ လ ကကမ္ဘာကိုတလကိုတပတ် လှည့်ပတ်ပါတယ်။ နေမိသားစုဝင် ဂြိုယ်များအားလုံးမှာ လလိုအရန်ဂြိုယ် အားလုံး ၆၀ ကျော်ရှိတယ်လို့
သိရပါတယ်။
နေမိသားစုရှိတဲ့ဂယ်လက်ဆီ ကို Milky Way Galaxy လို့ခေါ်ပါတယ်။ ဒီ ဂယ်လက်ဆီ မှာကြယ်ပေါင်း သန်းပေါင်း၁၃၀ ဘီလျှံ ရှိပြီးဒီကြယ်တွေအားလုံးဟာဂယ်လက်ဆီ ရဲ့
ဗဟိုကိုမိမိတို့ရဲ့ပတ်လမ်းအသီးသီးနဲ့ပတ်နေပါတယ်။တကယ်တော့နေဟာ Milky Way Galaxy မှာရှိတဲ့ကြယ်တွေထဲကအလတ်စားကြယ်တခုသာဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်းကမ္ဘာကို လ က တလတခါတပတ်ပြည့်အောင်ပတ်ပါတယ်။ နေစကြာဝဠာမှာရှိတဲ့ ဂြိုယ်တွေအားလုံးကနေကိုသူ့ပတ်လမ်းအသီးသီးနဲ့ပတ်နေပါတယ်။
နေစကြာဝဠာနဲ့တကွ milky way ဂယ်လက်ဆီမှာရှိတဲ့ကြယ်များအားလုံးဟာ
ဂယ်လက်ဆီ ရဲ့ဗဟိုကိုပတ်ပြီး ပတ်လမ်းအသီးသီးနဲ့လှည့်နေကြပါတယ်။

ဒီလိုလှည့်ပတ်နေတာဟာဖန်ဆင်းရှင်Allah ရဲ့ဝဟီအမိန့်ကိုနာခံတဲ့သဘာဝတခုပါ။ ဒီဥပဒေသကို လူတွေရဲ့မျက်စေ့နဲ့မမြင်နိုင်တဲ့ အက်တမ်လို့သိကြတဲ့အနုမြူမှုံလေးတွေမှာလဲလိုက်နာနေတာအောက်ကပုံအတိုင်း
မြင်နိုင်ပါတယ်။

အက်တမ်သည်ရှိရှိသမျှသောနေလနက္ခတ်တာရာတို့ရဲ့အခြေခံယူနစ်ပါ။

အောက်ကပုံကလူ့ရဲ့အခြေခံယူနစ်ဖြစ်တဲ့ဆဲကလပ်စည်းရဲ့ပုံပါ။

လူ့ရဲ့ဆဲ ကလပ်စီး တခုမှာအလယ်ဗဟိုမှာ ရှိတဲ့နူကလိယကို ပတ်လည် ဝိုင်းထားတဲ့ Cytoplasm ကိုအောက်ပါအတိုင်းမြင်နိုင်ပါတယ်။

အထက်ကဖော်ပြ ထားတဲ့ မဟာစကြာဝဠာ မှ အစအက်တမ် အနုမြူမှုံ လေးမျာ
အဆုံး
(၁) သတ်မှတ်သောဗဟိုချက်ကို လှည့်ပတ်ခြင်း
(၂) လှည့်ပတ်မှူများအားလုံးသည်နာရီလက်တံ၏ဆန့်ကျင်ဖက်လားရာ
အတိုင်းဖြစ်ခြင်းကို
အံ့ဘွယ်တူညီမှူအဖြစ်တွေ့ရမှာဖြစ်ပါတယ်။

အတက်ကဥပမာတွေကိုသေချာစွာဆင်ခြင်ရင်Allah ရဲ့ဖန်ဆင်းခံများ
ဖြစ်တဲ့ အရွယ်အစားအလွန်ကြီးမားတဲ့စကြာဝဠာများမှ အလွန်သေးငယ်
တဲ့ အက်တမ် အနုမြူမှုံ လေးများအထိ ဖန်ဆင်းရှင်ရဲ့ဝဟီအမိန့်တော်ဖြစ်
တဲ့
“သတ်မှတ်သောပတ်လမ်းများတွင်သတ်မှတ်တဲ့အချိန်အထိ သတ်မှတ်ထား
သောအရာကိုဗဟိုပြူပြီးလှည့်ပတ်ရသည်
” ဆိုတဲ့ ဆိုတဲ့ သစ္စာတရားကို သိမြင်ရပါတယ်။

“Behold! We gave the site, to Ibrahim, of the (Sacred) House, (saying): “Associate not anything (in worship) with Me; and sanctify My House for those who compass it round, or stand up, or bow, or prostrate themselves (therein in prayer).” And proclaim the Pilgrimage among men: they will come to thee on foot and (mounted) on every kind of camel, lean on account of journeys through deep and distant mountain highways;” (Surah Al Hajj 22:26-27)

ဟာဂျီလောင်းများသည် Allah ရဲ့ဝဟီအမိန့်တော်ကိုနာခံပြီး
ကမ္ဘာဦးဝတ်ကြောင်းတော်ကို ဟာ့ဂျပြုရန်လာတဲ့အခါ သာဝတ်ဖ
ပြုရပါတယ်။ ကာ့အဘာကျောင်းတော်ကိုသန်းနဲ့ချီတဲ့ Islam ဘာသာဝင်များ
နာရီလက်တံရဲ့ဆန့်ကျင်လားရာအတိုင်း ပတ်ပြီးသဝတ်ဖပြုခြင်းဟာ
ဖန်ဆင်းရှင်ရဲ့အမိန့်တော်ကို ဖန်ဆင်းရှင်ရဲ့အခြား
ဖန်ဆင်းခံများရဲ့သဘာဝအတိုင်း မဟာစကြာဝဠာရဲ့ဥပဒေသကိုလိုက်
နာခြင်း ဖြစ်ပါတယ်။
စဉ်းစားဆင်ခြင်တတ်သူများအတွက်တဆူတည်းသောဖန်ဆင်း
ရှင် မှလွဲ၍အခြားကိုကွယ်ရာမရှိကြောင်းရှင်းလင်းစွာသိနိုင်ကြောင်းတင်
ပြလိုက်ရပါတယ်။
ချစ်ခင်စွာ
ကျော်ကျော်ဦး

Adapted/ Original post

Tawaaf Is a Cosmic Law

2 thoughts on “Tawaaf Is a Cosmic Law,မဟာစကြာဝဠာရဲ့ဥပဒေသ

  1. U Soe Lwin says:

    I visit kyawkyawoo`s web regularly.Alhamdulilah I got a lot of knowledge from his articles.Quran2:269 mentions important of knowledge.(He gives wisdom to whom He wills and whoever has been given wisdom has certainly been given much good.And none will remember except those of understanding.)

  2. Haleema says:

    Salam brother,

    EID MUBARAK. This is nice post. May Allah bless you on your hardwork.

    I have open my cbox on islam-yaungche blog.
    Now u can drop comment on it🙂

    See you around.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s