တွေးမိတွေးရာ(၄)

ကျွန်တော့ကို စာဖတ်သူအချို့က မြန်မာလိုပဲရေးစေချင်တယ်လို့စေတနာနဲ့အကြံပြုတာကိုသတိထားမိပါတယ်။

ဘာသာရေးစာပေသည်ဘလော့လိုင်းမှာ ပေါ်ပြူလာမဖြစ်ပါ်။ဒါကြောင့်

Islam ဘာသာရေး ရေးသောဒီ ဘလော့မှာလာပြီးဖတ်တဲ့မိတ်ဆွေများသည် ကိုးကွယ်ရာဘာသာ Islam ကိုလေးလေးနက်နက်သိချင်ကြသူများလို့ယူဆတဲ့အတွက် မူရင်း

အာရဗီ မှမပြန်ဆိုနိုင်ပဲအင်္ဂလိပ် ဘာသာမှတဆင့်ပြန်တဲ့အခါမှာ မူရင်းဆိုလိုချက်မှလွဲသွားမှာကိုစိုးရိမ်မိပါတယ်။

အာရဗီဘာသာမူရင်းသည်အလွန်ကြွယ်ဝသောဘာသာစကား

ဖြစ်ပါတယ်။ဖန်ဆင်းခြင်း ကို အင်္ဂလိပ်လို Creation လို့ဘာသာ

ပြန်လို့ ရတယ်လို့ထင်ရ ပေမဲ့ အာရဗီမှာ အလွန်ကြွယ်ဝသော

အင်္ဂလိပ်လိုဘာသာပြန်လို့မရတဲ့ အခြားအခေါ်အဝေါ်များစွာ့ရှိတဲ့အတွက်

အင်္ဂလိပ်ဘာသာဟာအာရဗီနဲ့ယှဉ်လိုက်ရင်ဝေါဟာရအလွန်ချို့တဲ့ပါတယ်။

ဒီကတဆင့်မြန်မာလိုဘာသာပြန်ရတာအလွန်တာဝန်ကြီးပြီး

အင်္ဂလိပ်,အာရဗိ နဲ့မြန်မာစာ ပိုင်နိုင်ပြီး ဘာသာရေးပညာရှင်များ အဖွဲ့အစည်း

နဲ့လုပ်ရမဲ့အလုပ်တခုပါ။

ဒါပေမဲ့  အင်္ဂလိပ် ဘာသာနဲ့အင်မတန်ကောင်းမွန်တဲ့ Islam ဘာသာဆိုင်ရာ

စာပေများ တနေ့တခြားတိုးပွါးလာတာကိုလဲမြင်နေရပါတယ်။

သိပ်မကြာခင်မှာကနေဒါနိုင်ငံမှာ Islamic Conference ကြီးတခုလုပ်

ဖို့ပြင်ဆင်နေကြပါတယ်။

အဲဒီမှာလဲပညာရှင်အများစုဟာ ကမ္ဘာသုံး

ဘာသာစကားဖြစ်တဲ့အင်္ဂလိပ်စကားကိုအများ

ဆုံးသုံးစွဲဆွေးနွေးကြမှာပါ။

နောက်တချက်က ကျွန်တောblogကိုလာရောက်လည်ပတ်သူအမျာစုဟာနိုင်ငံတကာကစာဖတ်သူ

အများစုအဖြစ်သတိပြုမိပါတယ်။

ကမ္ဘာအရပ်ရပ်က Muslim ညီနောင်များကလဲ မြန်မာပြည်မှာ Muslim များရှိကြောင်းသိပြီးဆက်သွယ်

လာကြတာတွေအများကြီးရှိလာပါတယ်။

မြန်မာပြည်မှဘာသာခြားညီနောင်များထဲကအင်္ဂလိပ်စာနဲ့ပိုအကျွမ်းဝင်တဲ့ သူများလဲဒီဘလော့ကို

ဖတ်ကောင်းဖတ်ပါလိမ့်မယ်။ ဒါကကျွန်တောအင်္ဂလိပ် လိုရေးဖြစ်တဲ့အကြောင်းရင်းပါ။

ဒီနေ့တော့ ဒီဘလော့ရဲ့ Right Side Bar ညာဘက်ကော်လံမှာ Islam အတွက်အလွန်အရေးကြီးတဲ့လင့်တွေ ချိတ်ဆက်ပေးလိုက်ပါတယ်။

Muslim Heritage News Letter သည်ဥရောပမှIslam ပညာရှင်များရဲ့ ဘာသာရပ်ပေါင်းစုံလေ့လာတဲ့ပညာရှင်တို့ရဲ့ပညာသိုက်ကြီးဖြစ်ပါတယ်။

True Religion of God သည်Tafsir Ibn Kathir – Quran Tafsir နှင့်အခြားသော Islam ပညာရှင်ကြီးများရဲ့စာတွေကိုDownload လုပ်နိုင်တဲ့နေရာတွေပါ။

မိတ်ဆွေများအားလုံးနှစ်သက်လိမ့်မယ်လို့ယူဆပါတယ်။

ချစ်ခင်စွာ

ကျော်ကျော်ဦး

One thought on “တွေးမိတွေးရာ(၄)

  1. Mg Salafi says:

    စလာမ်

    ဒီလင့်ခ်လေးကိုလဲ သွားလည်ကြည့်ပါအုံး။ http://www.islamhouse.com. အဲ့ဒီဆိုဒ်မှာ ဘာသာစကားပေါင်း (၇၀)ကျော်နဲ့ အစ္စလာမ်ကို လေ့လာနိုင်တဲ့ စာအုပ်ကောင်းတွေ အများကြီးကို တ၀ကြီး အခမဲ့ ဒေါင်းလုပ် လုပ်ယူလို့ရပါတယ်ခင်ဗျာ။

    အာလုံးဘဲ အစ္စလာမ်ရဲ့ စစ်မှန်သော အသိပညာများ ရှာဖွေ ဆည်းပူးနိုင်ကြပါစေလို့ဆုတောင်းရင်း

    မောင်စလဖီ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s