တွေးမိတွေးရာ

အခုရက်ပိုင်းမှာ ကျနော့ဘလော့မှာလာပြီးမြန်မာစာအထားအသိုနဲ့

သတ်ပုံကအစပြင်ပေးတဲ့ ညီနောင်များအားလုံးကိုအထူးကျေးဇူးတင်ပါတယ်။

ဒီဘလော့ကို မူလကမြန်မာဘာသာနဲ့ရေးဖို့ရည်ရွယ်ချက်မရှိပါ။

ကမာ့္ဘ.အစ္စလမ် ဘာသာဝင်လူနည်းစုညီနောင်များနှင့် မိတ်ဆက်ရန်နဲ့အမြင်ဖလှယ်ရန်

သာရည်ရွယ်ပါတယ်။

နောက်ပိုင်းမိတ်ဆွေများကတိုက်တွန်းလို့မြန်မာလို Post လေးတွေစမ်းပြီး

ရေးဖြစ်တော့မှထင်သလိုမလွယ်မှန်းသဘောပေါက်လာမိတယ်။

ဒါကြောင့်လည်းကုရအန်ကိုမြန်မာလိုဘာသာပြန်ခဲ့တဲ့ပညာရှင်ကြီးတွေကိုအထူးလေးစား

မိပြီး post တခုရေးဖြစ်ပါတယ်။

ကျနော့အားလပ်ချိန်နဲ့မြန်မာကီးဘုတ်နဲ့အမြန်ရိုက်ရန်လုံးဝမဖြစ်နိုင်ပါ။

ဒါကြောင့် Burglish software နဲ့ရိုက်ရပါတယ်။

ပြီးရင် Word document အဖြစ်ပြောင်းပြီးcopy လုပ်မှ word press template

ကလက်ခံပါတယ်။ဒါကြောင့် အချိန်အလွန်ကုန်ပါတယ်။

ဒါပေမဲ့

English လိုရေးထားတဲ့ post တွေကိုနီးစပ်တဲ့လူငယ်မိတ်ဆွေတွေကိုမေးကြည့်

တော့အများစုကနားမလည်ပါ ဆိုတဲ့အဖြေပေးပါတယ်။

စကားစပ်မိလို့

ဒီ Post မရေးခင်လေးတင်မိုရိုကိုကညီနောင်တယောက်နဲ့

စကားပြောဖြစ်ပါတယ်။ မိုရိုကို ကလူများစုက အာရပ်ဘာသာနဲ့ ပြင်သစ်

စကားပြောကြပါတယ်။

ဒီညီနောင်ကတော့ English,ပြင်သစ်၊အာရပ်၊စပိန် ဘာသာစကားလေးမျိုး

ကိုကျွမ်းကျင်စွာရေးသားပြောဆိုနိုင်ပါတယ်။ ပြောဖြစ်တဲ့အကြောင်းက

Gay လိင်တူဆက်ဆံသူ အနောက်နိုင်ငံများရှိ ( Gays Right Organizations) များက

NGO ပုံစံနဲ့

မိုရိုကို ကိုခြေကုတ်ယူပြီးအာရပ်နိုင်ငံများကို Gay Right အယူ

အဆဖြန့်ဖို့စီစဉ်နေတဲ့အကြောင်းပါ။သူကလည်းဒီအကြောင်းသိပြီး

သားဆိုတော့မိုရိုကို မှာဘာကြောင့် Gays Right movement မဖြစ်နိုင်

တဲ့အကြောင်းအချက်ကျကျရှင်းပြသွားပါတယ်။

စဉ်းစားမိတာက

ဒိန်းမတ်နိုင်ငံကကာတွန်းဆရာတယောက်က

တမန်တော်မြတ်ကိုစော်ကားတဲ့ကာတွန်းတွေ

ရေးလို့ အစ္စလမ်နိုင်ငံများက ဒိန်းမတ်နိုင်ငံထွက်ကုန်တွေသပိတ်မှောက်

တဲ့အထိလွန်ခဲ့တဲ့နှစ်ကဖြစ်ခဲ့ပါတယ်။အခု အသက်ခုနှစ်ဆယ်ကျော်ပြီဖြစ်တဲ့

ိကာတွန်းဆရာက

မနေ့တနေ့ကပုန်းအောင်းနေရာကထွက်လာပြီး Press freedomအအတွက်

ဒီလိုကာတွန်းတွေဆက်ရေးမယ်လို့ကြေညာပါတယ်

Fitnah ဆိုတဲ့မှတ်တမ်းရုပ်ရှင်ကိုဒတ်ချလူမျိုးလက်ယာအစွန်းရောက်

နိုင်ငံရေးသမားဂီရတ်ဝီလဒါဆိုသူကရိုက်ကူးပါတယ်။ဒါဟာဥပမာပဲရှိပါသေးတယ်။တကယ် အစ္စလမ်ဆန့်ကျင်တဲ့

သူတွေဘယ်လောက်များတယ်ဆိုတာညီနောင်အားလုံးအသိပါ။

အသိနောက်မှာပညာပါစေချင်ပါတယ်

ဒီလိုလူတွေကိုအနာဂတ်မှာကျနော်တို့မြန်မာMuslim တွေ

ဘယ်လိုတုန့်ပြန်ကြမလဲ။?

အချို့သောညီအကိုတော်တွေကတော့အခုပဲ စတင်တုန့်

ပြန်နေကြပါပြီ။

သူရဲ့အစ္စလမ်ကိုစော်ကားထားတဲ့မှတ်တမ်းရုပ်ရှင်ကို ဒီမှာဖော်ပြထား

တဲ့ You Tube video လေးကကုရအန်ကအာယတ်တော်များနဲ့ထိမိစွာ

ချေပထားပါတယ်။


ဒါပေမဲ့ အာရပ်ဘာသာစကားနဲ့မဟုတ် English နဲ့ဖြစ်ပါတယ်။

ဆိုလိုချင်တာကအခုလို အစ္စလမ်ကိုမုန်တီးးဆန့်ကျင်ရေးလုပ်နေတဲ့

အချိန်မှာ ကျနော်တို့မြန်မာလူငယ်များထဲမှဘက်စုံရသောပညာတတ်လူငယ်

များအလွန်လိုအပ်နေကြောင်း၊နဲ့ဒီလိုလူငယ်ပညာတတ်တွေပေါ်လာအောင်

ကျနော်တို့မျိုးဆက်မှာတာဝန်ရှိကြောင်းအားလုံး သတိရ ပါစေလို့။

ချစ်ခင်စွာ

ကျော်ကျော်ဦး

2 thoughts on “တွေးမိတွေးရာ

  1. Mg Salafi says:

    စလာမ်
    ကျေးဇူးတင်ပါတယ် ဆရာကျော်ကျော်ဦးရာ။ ဒီပို့စ်လေးက အရမ်းကောင်းတယ်။ လူမျိုးတစ်မျိုး၊ တိုင်းပြည် တစ်တိုင်းပြည် နှိမ့်ကျခြင်း မြင့်တက်ခြင်းက ပညာရေးဟာ အဓိကကျတယ်။ ပညာမတတ်တဲ့မင်း နိုင်ငံအုပ်ချုပ်ရင် တိုင်းပြည် အညွှန့်တုံးပြီ။ ဒီလိုဘဲ ပညာမရှိတဲ့သူ သူဌေးကြီး ဖြစ်သွားရင် ကျေမွဲ ဆင်းရဲသားတွေ သေဖို့တာပြင်ပေတော့။ အဲ့ဒီတော့ ပညာရေးဆိုတာ အရေးကြီးဆုံးဘဲ။ ဂျပန်နိုင်ငံကို ဥပမာပေးမယ်။ ဂျပန်ဟာ ဒုတိယကမ္ဘာစစ်ကြီး ပြီးတော့ ပြာပုံဘ၀နဲ့၊ သားကွဲ၊ မယားကွဲ၊ မိကွဲ၊ ဖကွဲ၊ စတဲ့ ဒုက္ခတွေက အဖုံဖုံဘဲ။ စီးပွားရေးဆိုတာကလည်း စစ်လျော်ကြေးတွေပေးလိုက်ရလို့ ဖြူကာပြာကာ ကြသွားတယ်။ သူတို့မှာ ကျန်တာ ဆရာနဲ့ကျောင်းသားဘဲ။ စာသင်ကျောင်းတွေကလဲ စစ်ထဲပါသွားလို့ တော်တော်များများ ပျက်စီးကုန်တယ်။ အဲ့ဒီတော့ ကျန်နေတဲ့ ဆရာနဲ့ကျောင်းသားကို အရင်းပြုပြီး တိုင်းပြည်ကို ပြန်လည်ထူထောင်ရေးလုပ်မယ်လို့ အားလုံးက ဆုံးဖြတ်လိုက်တယ်။ ကျန်တဲ့ဝန်ကြီးဌာနတွေအားလုံး နောက်ကို ဆုတ်ပေးပြီး၊ ပညာရေးကို ပထမနေရာမှာ ထားတယ်။ အဲ့ဒီလို ကြိုးစားလိုက်တာ ၁၉၇၀ ပတ်ဝန်းလောက်လည်းရောက်ရော သူ့ရဲ့ဆရာ အမေရိကန်တွေနဲ့ ရင်ဘောင်တန်းလာနိုင်တယ်။ အခု ဆိုရင် ကြည့်လိုက် ဂျပန်ဟာ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေထဲမှာ နိုင်ငံတစ်ခု အဖြစ် သိက္ခာရှိရှိ မားမားမတ်မတ်၊ ရပ်တည်လာနိုင်ပြီ။ အာရှမှာ သူ့ကို ယှဉ်နိုင်တဲ့သူမရှိဘူး။ ဒါတွေဟာ ဘာကြောင့်လဲ။ ပြာပုံဘ၀ဖြစ်သွားတဲ့ ဂျပန်ဟာ ရွှေပင်ကြီး၊ ငွေပင်ကြီးပေါက်လာသလို ချမ်းသာသွားတာ။ ကြီးပွားတိုးတက်သွားတာ ဘာကြောင့်လဲ။ သူတို့ဟာ ပညာရေးကို အရမ်း ဂရုစိုက်ခဲ့လို့ပေါ့။ ဒါကို ကျွန်တော်တို့အားလုံး အတုယူသင့်တယ်။ ကျွန်တော်တို့ မြန်မာမွတ်စလင်မ်တွေကို ကမ္ဘာနဲ့ယဉ်ပေါင်းတန်းနိုင်တဲ့သူတွေ ဖြစ်အောင် ပထမဦးဆုံး ကျွန်တော်တို့ရဲ့ ပညာရေးကို ဘယ်လို ပြုပြင်မလဲ။ ဘာတွေကို ဖယ်ပြီး၊ ဘာတွေကို သွားမလဲ။ ဘယ်လို နည်းစနစ်တွေနဲ့ သွားမှာလဲဆိုတာ အသေးစိတ် သုတေသနလုပ်သင့်တယ်။ မိတ်ဆွေအနေနဲ့ အဲ့ဒါကို သုတေသနလုပ်နိုင်ရင်လုပ်ပေးပါ။ မြန်မာမွတ်စလင်မ်တွေအတွက် အရမ်းကို အကျိုးပြုနိုင်တယ်။
    လေးစားစွာဖြင့်
    မောင်စလဖီ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s