စော်ကားခြင်းနှင့်စော်ကားသူ၏ကိုယ်ရည်ကိုယ်သွေး

ပစ်စာ

တိတ်တဆိတ်တစုံတရောက်မကောင်းကြောင်း နစ်နာရာနစ်နာကြောင်း

နာမည်မခံပဲရေးတဲ့စာကိုခေါ်ပါတယ်။ဒီစာမျိုးရေးတဲ့သူဟာစိတ်သဘောထား

သေးသိမ်နိမ့်ကျသူဖြစ်ပြီး မိမိရဲ့စာကြောင့်နစ်နာစေလိုတဲ့ရည်ရွယ်ချက်နဲ့ရေးတာ

ဖြစ်တယ်။မြန်မာ့လူ့အသိုင်းအဝိုင်းက ပစ်စာရေးတဲ့သူကိုအောက်တန်းကျတယ်ဆိုတဲ့

အမြင်နဲ့နှာခေါင်းရှုံ့လေ့ရှိပါတယ်။

စော်ကားခြင်း

လူတစ်ယောတ်ကိုပါးပိတ်ရိုက်လိုက်တာစော်ကားတာပါ။နစ်နစ်နာနာနဲ့တဖက်သား

စိတ်ထိခိုက်အောင်ပြောလိုက်တာလဲစော်ကားခြင်းတမျိုးပါ။

ပန်းကောင်းအညွန့်ချိုးဆိုတဲ့မြန်မာစကားဟာအသက်နဲ့လူလုပ်တာမဟုတ်အရှက်နဲ့

လူလုပ်တာဆိုတဲ့စကားနဲ့ဆက်စပ်စဉ်းစားရင်မြန်မာတို့ရဲ့စော်ကားခြင်းနဲ့

ပတ်သက်တဲ့လေးနက်တဲ့သဘောထားကိုဆင်ခြင်နိုင်ပါတယ်။

စာရေးသူနဲ့ရည်ရွယ်ချက်

မြန်မာဘလော့ဂါအတော်များများဟာ Pen Name ကလောင်အမည်နဲ့ရေးကြပါတယ်။ရေးသားသူအများဟာကိုယ့်အချိန်အကုန်ခံပြီး မတရားမှူတွေကိုအမှန်အတိုင်းတင်ပြကြသူတွေဖြစ်ပါတယ်။

ဒီလိုရေးပြလို့နစ်နာသူတွေဟာမတရားလုပ်နေတဲ့သူတွေဖြစ်တဲ့အတွက် ရေးသူတွေဟာအမှန်တရားဘက်ကရပ်တည်တဲ့သူတွေဆိုပြီး လူအများလေးစားမှူကိုရပါတယ်။ကောင်းတဲ့ရည်ရွယ်ချက်နဲ့ရေးရင်

ပစ်စာအသွင် ဆောင်တဲ့ အမည်နာမ မဖော်ပြတဲ့စာရေးသူတွေဟာစာဖတ်သူ

များရဲ့လေးစားမှူရတာကိုဆိုလိုတာပါ။

အဖေကသမီးမိုက်ကို ပါးရိုက်ဆုံးမတာကိုစော်ကားတာလို့ပြောလို့မရပါ။ရည်ရွယ်ချက်က

သမီးကောင်းစေချင်တဲ့ စိတ်ဖြစ်နေလို့ပါ။

ဒါပေမဲ့မြန်မာလူမျိုးတိုင်းလေးစားတဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ဒေါ်အောင်ဆန်းစုကြည်လိုလူမျိုးကိုကလောင်ပုန်းနဲ့စော်ကားရင် ပစ်စာနဲ့စော်ကားခြင်းဖြစ်ပါတယ်။ဖတ်ရတဲ့သူတိုင်းရင်ထဲမှာမချိအောင်

ခံစားရတဲ့ အတွက်အလွန်အောက်တန်းကျတဲ့လူတန်းစားမျိုးမှဒီစာမျိုးရေးထွက်နိုင်တာပါ။

ကိုယ်တွေးမိတာကအင်တာနက်ရဲ့လွတ်လပ်မှူကိုယူပြီးတာဝန်မဲ့ ပစ်စာဆန်ဆန်ဘလော့ရေးးတဲ့သူတွေများလာတာကို သတိပြုမိလို့ပါ။

ဘာသာရေးနှင့်အင်တာနက်

ဒိထက်ပိုပြီးအောက်တန်းကျအဆင့်နိမ့်တဲ့လူတွေအင်တာနက်လောကထဲမှာရှိနေပါတယ်။

လူအများကိုကွယ်တဲ့ဘာသာတရားကို အလွန်နိမ့်ကျတဲ့စကားများနဲ့စော်ကား

နေတဲ့လူအချို့ဖြစ်ပါတယ်။

ဘာသာရေးသည်လူသားတဦးခြင်းရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတဲ့အခွင့်

အရေးဖြစ်ပါတယ်။နတ်ကိုးကွယ်သည် ဖြစ်စေ သစ်ပင်ကိုကိုးကွယ်သည်ဖြစ်စေ

ဒီလူသားရဲ့ လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ကို ယဉ်ကျေးတဲ့လူမျိုးကြီးတိုင်းလေးစားနားလည်ကြပါတယ်။

လူသားအားလုံးအများစုကိုးကွယ်တဲ့ ဘာသာကြီးတွေဟာ

ကောင်းရာလမ်းကိုသူ့နည်းလမ်းနဲ့ညွန်ပြတာကိုသတိပြုမိပါတယ်။

ဘာသာအယူဝါဒကိုယူဆောင်လာသူ ဘာသာရေးခေါင်းဆောင်မှတမန်တော်

များအဆုံး ကိုယဉ်ကျေးတဲ့လူသားတိုင်းလေးစားမှူပြသကြပါတယ်။

လူလိမ္မာ့သားယဉ်ပါး

မိမိမယုံကြည်တဲ့ဘာသာကို စော်ကားတဲ့သူဟာ သူယုံကြည်တဲ့ဘာသာအဆုံးအမ

အရပင်လျှင်သူတော်ကောင်းစာရင်းမဝင်ပဲသူယုတ်မာစာရင်းဝင်မှာဖြစ်ပါတယ်။

အကယ်၍ အခြားဘာသာတစ်ခုကိုစော်ကားခြင်းသည် ဒီလောကရဲ့လောကီလောဘ

အတွက်သာဆိုရင်တော့လူမှူရေးရှူဒေါင့်ကကြည့်ကြည့် ဘာသာရေးရှူဒေါင့်ကကြည့်ကြည့်

အလွန်တရာနိမ့်ကျသောသူများဖြစ်လို့စိတ်ဆိုးဒေါသထွက်စရာထက်

အပယ်ငရဲမှလွတ်လမ်းမမြင်တဲ့သူများအဖြစ်သနားမိပါကြောင်းတင်ပြလိုက်ရပါတယ်။

Islam ဘာသာဝင်မောင်နှစ်မများကိုဒီလူများကစိတ်ဆိုးမခံခြင်

စိတ်နဲ့တုန့်ပြန်အောင်ရည်ရွယ်ချက်ရှိရှိနဲ့လုပ်ဆောင်နေကြောင်း

သတိပေးလိုပါတယ်။မြန်မာလူမျိုးအများစုဟာအင်မတန်ယဉ်ကျေးပြီး

ဘာသာတရားကိုင်းရှိုင်းကြပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကျွန်တော်တို့အနေနဲ့အခြားဘာသာရဲ့ကိုးကွယ်ယုံကြည်မှူကိုဝေဖန်စရာ

အကြောင်းမရှိပါ။တုံ့ပြန်စရာလဲမရှိပါ။ Islam ဘာသာရဲ့သင်ကြားချက်မှာ

အခြားဘာသာကိုလေးစားဖို့အမြဲပါ ပါတယ်။

ဖန်ဆင်းရှင်ကလူသားမျိုးနွယ်အားလုံးအတွက်တမန်တော်များအသီးသီးစေ

လွတ်တယ်ထတ်ကျမ်းမြတ် ကုရအန်မှာအတိအလင်းဆိုထားပါတယ်။

ရေရှူတမန်တောသည်ခရိယန်ဘာသာဝင်တို့အတွက်မဟုတ်ဘဲIslam ဘာသာ

ဝင်တို့ရဲ့တမန်တော်ဖြစ်တဲ့အတွက်ခရိယန်ဘာသာဝင်တို့က Islam ဘာသာဝင်တို့ကို

တိုက်ခိုက်သတ်ဖြတ်နေသည့်တိုင်အောင်ရေရှူတမန်တော်ကို

စိတ်နှင့်ပင်မပစ်မှားဝန့်ပါ။ဂျူးတို့၏မိုးဇက်တမန်တော်ကိုလည်း

ထိုနည်းအတူပါ။တမန်တော်အဆူဆူပွင့်ခဲ့သည့်အတွက်မည်သည့်ဘာသာ

ရေးခေါင်းဆောင်ကိုမှစော်ကားရန်အကြောင်းမရှိပါ။

Islam ဘာသာသည်တဆူတည်းသောဖန်ဆင်းရှင်ကိုယုံကြည်

သည့်အတွက် ဖန်ဆင်းရှင်က Islam ကိုကာကွယ်စောင့်ရှောက်

ပြီးသားပါ။ဒီလိုအဖြစ်တွေဟာတမန်တော်အဆက်ဆက်လက်ထက်မှာ

ဖြစ်ခဲ့ပြီးသားဖြစ်လို့အထူးအဆန်းမဟုတ်ပါ။

အလွန်ယဉ်ကျေးသောဗုဒ္ဓဘာသာဝင်မြန်မာတို့အတွက်ဆွမ်းဆန်စိမ်း

ထဲကြွက်ချေးရောနေသည့် လူတစု၏လုပ်ရပ်ကိုအားလုံးသိစေရန်နှင့်မေတ္တာပွါး

နိုင်ရန်ရည်ရွယ်ပါသည်။

ချစ်ခင်စွာဖြင့်

ကျော်ကျော်ဦး

7 thoughts on “စော်ကားခြင်းနှင့်စော်ကားသူ၏ကိုယ်ရည်ကိုယ်သွေး

  1. Doa @ tootoolayy says:

    ဒီပိုစ့်တော့ အရမ်းကြိုက်သွားပြီ။ ပညာရှိ ပီသပါပေတယ်။

    လေးစားစွာဖြင့်

  2. Mg Salafi says:

    အလ်-ဟမ်းဒုလိလာဟ်
    အရမ်းကောင်းတဲ့ ဆောင်းပါးလေးပါ။

  3. မေလေးညို says:

    ဒါပေါ့ အစ်ကို။ ဘာသာတိုင်းဟာ ကောင်းရာကို ညွှန်ပြ၊ ယဉ်ကျေးဖို့ကို လမ်းညွှန်ဆုံးမထားတာချည်းပါပဲ။
    သူများကို ညစ်ညမ်းစွာ စော်ကားပြောဆိုတာဟာ ကိုယ့်ဘာသာရဲ့ အဆုံးအမကို ချိုးဖောက်ရာရောက်သလို ကိုယ့်အဆင့်အတန်းကိုလည်း ဖော်ညွှန်းရာရောက်ပါတယ်။ ရန်ကို ရန်ချင်းမတုံ့ပြန်ပဲ လျစ်လျူရှူပြီး မေတ္တာပို့ပေးတာ အကောင်းဆုံးပါပဲ။ လူသားအချင်းချင်း လေးစားနားလည်မှူလေးရှိရင် အရာအားလုံး ငြိမ်းချမ်းအေးမြသွားမှာ သေချာပါတယ်။

  4. kyawkyawoo says:

    မေလေးညို
    Comment အားလုံးအတွက်ကျေးဇူးပါ။ Post အသစ်တင်ရင်လဲ
    လာဖတ်ပြီးအကြံပေး တဲ့comment တွေရေးပါအုန်းလို့…
    ကျော်ကျော်ဦး

  5. အောင်ခိုင်မိုး says:

    ဒီပိုစ်လေးအတွက် ကျေးဇူးပါ

  6. u ko latt says:

    ဒီလိုသိစိတ်မျိုးဘာသာတရားတိုင်းရှိသင့်၏…

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s