Islam ကို နားလည်ခြင်း (Part 3) Is the Quran Allah’s word?

ပြီးခဲ့တဲ့ Post, Islam ကို နားလည်ခြင်း တစ်နဲ့နှစ်မှာ Islam ဘာသာဝင် မဟုတ်သောညီနောင်များ ကို Islam ရဲ့ အနှစ်သာရကို တတ်နိုင်သလောက်ကြိုးစားပြီးရှင်းပြခဲ့ပါတယ်။

အခုဆက်ရေးမဲ့အကြောင်း က Allah မှဖန်ဆင်းခံလူသားများ အတွက်

နောက် ဆုံးပိတ်ပြီးပြည့် စုံသော ကျမ်း အ ဖြစ်ပေးသနား ခဲ့သောကျမ်းမြတ်ကုရအန်သည် Allah ရဲ့ လူသားအားလုံးအတွက်လမ်းညွန်သစ္စာဖြစ်ကြောင်းကို အောက်ပ်ါခေါင်းစဉ်နဲ့ ဆွေးနွေးလိုပါတယ်။

ဆွေးနွေးမှူ အတွက် အချတ်အလက်များကိ ဒေါက်တာဇာကီနိက်ရဲ့ Is the Quran Allah’s word? စာတမ်းမှမှီငြမ်း ပါတယ်။

ခေါင်းစဉ်မှာ ကုရအန် ကျမ်းသည် ဖန်ဆင်းရှင်၏ စကား (ဗျာဒိတ်) ဟုတ်မဟုတ် ဆန်းစစ်ခြင်း ဖြစ်ပါသည်။

လူအများစုက အစ္စလမ်ဘာသာ၏ အစသည်တမန်တော်မိုဟာမက်(PBUH)ဟုလွဲမှားစွာထင် ကြသည်။အမှန် စင်စစ် အစ္စလမ်ဘာသာ သည်ကမ္ဘာဦးကတည်းက တည်ရှိခဲ့သော ဘာသာအယူဝါဒ ဖြစ်သည်။ ဖန်ဆင်းရှင် က ကမ္ဘာလူသားအား လုံးကို တမန်တော်များစေလွှတ်ပြီး

ထိုလူသားမျိုးနွယ်နှင့် ခေတ်ကာလနှင့် ကိုက်ညီသော သစ္စာတရား တော်များကိုဟောကြားစေခဲ့သည်။

တမန်တော်မိုးဇက(PBUH) လက်ထက် ဂျူး လူမျိုးများကိုမျိုးဖြုတ်မည့် ဖာရိုဘုရင် လက်မှ ကစဥ့်ကလျားပြေးရ သော ဂျူး လူမျိုးများကို

ကယ်တင်သည့်ပင်လယ်ကိုဖန်ဆင်းရှင်တန်ခိုးတော်ဖြင့် နှစ်ပိုင်းကွဲပြီး လွတ်မြောက်စေသော ဖြစ်ရပ်

ရေရှူ(PBUH) တမန်တော်၏ သေသူကို ရှင်ထစေသော ထူး ခြားသည့် ဖြစ်ရပ်များသည်ထိုခေတ်အခါကလူမျိုးနွယ်များ ကိုဖန်ဆင်းရှင်ကို

ယုံကြည်သူများ ဖြစ်စေခဲ့သော်လည်း ယနေ့ခေတ်လူသားများအတွက်ယုံရခက်သည့် ပုံပြင် များသဖွယ်ဖြစ်နေ ခြင်းက ဤအယူအဆကိုထောက်ခံနေပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခုခေတ်မှာ Allah က တမန်တော်တဦးကိုစေလွတ်ပြီး ပင်လယ်ပြင်ကို

ထက်ပိုင်း ခွဲပြပြီး ခဲ့ရင် သို့မဟုတ် သေသူကိုရှင်ပြန်ထမြောက်အောင်

လုပ်ပြခဲ့ ရင် အများစုက Allah ကို ယုံကြည်ပြဝတ်ဦးချမှာ သေချာပါတယ်။

ဒါပေမဲ့ နှစ်အတန် ကြာရင် ကုရအန်ထဲမှာရှင်းပြသလိုပဲ အံ့ဖွယ်တန်ခိုးတော်ကို မမြင်လိုက်ရတဲ့လူတွေက Allah မရှိဖူးလို့ငြင်းပြီး မပြီးဆုံးနိုင်သော သက်သေ

လက္ခဏာများ ပြရန်တောင်းဆိုနေကြဦးမှာ ဖြစ်တဲ့ အတွက် ခေတ်အဆကဆက်မှလူသားများအတွက် အံ့ဖွယ်အတိ ဖြစ်တဲ့

ကျမ်းမြတ်ကုရအန်ကို ပေးသနားခြင်းဖြစ်တယ်။

မဖတ်ဖူးပဲ မဟုတ်ဖူးလို့ ပိတ်ငြင်းနေမဲ့အစား ရိုးသားဖြူစင်ပြီးအမှန်တရားကိုသိလိုတဲ့စိတ်နဲ့ကုရအန် ကိုဖတ်ကြည့်ပါ။

အံ့ဩပြီးချက်ခြင်း Allah ကိုဦးချပြဝတ်ပြုတဲ့ထိကုရအန်က

အမှန်တရားလမ်းကိုပြပါလိမ့်မယ်။

ကုရအန် သည် စမ်းခြင်တဲ့ဖက်ကစမ်း

အမှန်တရားအဖြစ်မှတ်ကျောက်အတင်ခံတဲ့ကျမ်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ရိုးသားဖြူစင်ပြီးအမှန်တရားကိုသိလိုတဲ့ ပညာရှင်ကြီးတွေ အများအပြား Islam ဘာသာဝင်တွေဖြစ်လာကြတာပါ။

တိုတိုနဲ့လိုရင်းကိုဆိုရရင် တမန်တော်မိုဟာမက် (PBUH)လက်ထက်တွင် ထူးခြားသည့် ဗျာဒိတ်တော်လာ ဖြစ်ရပ်များထက် ထူးခြားသည့် ကျမ်းမြတ်ကုရအန်ကို နောက်ဆုံးကောင်းကင်ကျ ကျမ်းအဖြစ် ဖန်ဆင်းရှင်ကလူသားအားလုံး သို့ ပေးသနားခဲ့ပြီး

ကုရအန် ကျမ်းတော်မြတ် ကို ယူဆောင်လာသူ တမန်တော်မိုဟာမက် (PBUH)်သည် ဖန်ဆင်းရှင်၏လူသားထုအားလုံးအတွက်နောက်ဆုံးတမန်တော်ဖြစ်ကြောင်း နှင့် ထို ကျမ်းတော်မြတ်သည် နောက်ဆုံးနေ့အထိမှတိကျောက်တင်မည့်သစ္စာတရားဖြစ်ကြောင်း

အတိအလင်းဆိုထားပါတယ်။

ထို့ကြောင့်ဖန်ဆင်းရှင်မရှိကြောင်း ငြင်းလိုသူများကိုကျမ်းမြတ်ကုရအန် က လွန်ခဲ့သည့်နှစ်ပေါင်းတစ်ထောင်လေးရာကတည်းက အံ့ဘွယ် တစ်ပါးအဖြစ် စာတစ်လုံး တစ်ပါဒမှမပြောင်းလည်းပဲ မှတ်ကျောက်အတင်ခံရန်အမြဲအဆင်သင့်ရှိနေ ပါတယ်။

အစ္စလမ်ဘာသာဝင်ဖြစ်စေ မယုံကြည်သူများအတွက်ဖြစ်စေ သမိုင်းကြောင်းအရ အေဒီ ခြောတ်ရာစုတွင် အာရေဗျ တွင်မိုဟာမက်(PBUH)အမည်ရှိ စာမဖတ်တတ်သူလူသားတစ်ဦးက ကုရအန် ကျမ်းတော်မြတ် ကိုနှုတ်မှရွတ်ဆိုခဲ့ပြီး ယနေ့တိုင်မပြောင်းမလဲရှိနေခြင်းကိုသမိုင်းအရမငြင်းနိုင်ပါ။

အငြင်းပွါးနေခြင်းမှာ

1. ကုရအန် ကျမ်းတော်မြတ်ကိုတမန်တော်မိုဟာမက်(PBUH)ကသိစိတ်နှင့်ဖြစ်စေမ

သိစိတ်နှင့်ဖြစ်စေရေးသားခြင်းဖြစ်သည် ဟူသောအယူအဆ

2.ကုရအန် ကျမ်းတော်မြတ်ကိုအ ခြားလူသားတစ်ဦး၏ အသိညဏ်မှဖြစ်စေ ရှေးကျမ်းဂန်များမှကူးယူခြင်းဖြစ်သည်ဟူသောအယူအဆ

3.ကုရအန် ကျမ်းတော်မြတ် သည်ဖန်ဆင်းရှင်မှလူသားအားလုံးကိုတိုက်ရိုက်ဆက်သွယ်သော ဗျာဒိတ်တော်ကောင်းကင်ကျ ကျမ်း အမှန်ဖြစ်သည်

ဟူသောအယူအဆ သုံးခုသာရှိကြောင်းတွေ့ရပါတယ်။

ဆက်ရေးပါမည်။
Allah ၏ ငြိမ်းချမ်းသောမဟာကရုဏာ့ အားလုံးပေါ်သို့ကျရောက်စေရန်ဆုမွန်ပြုလျှက်

ချစ်ခင်စွာဖြင့်
ကျော်ကျော်ဦး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s