Gaza killings and who is who in Islamic World(Burmese Language)

injuredchildဂါဇာတွင်ဇီယွန်ဝါဒီအစ်စရေးဖက်ဆစ်တို့သတ်ဖြတ်မှူကြောင့်သေဆုံးသူငါးရာကျော်ခဲ့ပြီ။
ကလေးငယ် အသေအပျောတ်မှာနောက်ဆုံးရသတင်းများအရတစ်ရာ့နှစ်ဆယ်နှင့်အမျိုးသမီး
ငါးဆယ်နှင့်သူနာပြုယဉ်မောင်းနှင့် အရေးပေါ်သူနာပြုဝန်ထမ်းလေးဦး၊ဆရာဝန်တစ်ဦးပါဝင်သည်။

လွန်ခဲ့သည့်ရက်ပိုင်းကအစ်ဇရေးသတင်းဌာနမှပြသခဲ့သည့်ဟာမာ့စရော့ကက်တင်ဆောင်

လာသည့်လော်ရီကားကိုလေကြောင်းမှဒုံးကျည်နှင့်တိုက်ခိုက်ဖျက်ဆီးခဲ့သည်မှာသတင်းမှား
ဖြစ်ကြောင်းဘီဘီစီသတင်းဌာနမှဝေဖန်ခဲ့သည်။ဖြစ်ရပ်မှန်မှာဝပ်ရှော့ပိုင်ရှင်မှလုပ်ငန်းသုံး
အောက်စီဂျင်ဆလင်ဒါများကိုဘေးကင်းရာသယ်ဆောင်စဉ်ဒုံးကျည်ထိမှန်၍ လူအများသေဆုံးရသည်။

deadchild

အစ်ဇရေးတို့အစီစဉ်တကျပြင်ဆင်သည့်ဤဂါဇာလူသတ်ပွဲမှာအမေရိကန်နှင့်အနောက်နိုင်ငံ

မျး၏မျက်နှာလွှဲခဲပစ်လုပ်ရပ်ကိုအားလုံးမျက်ဝါးထင်မြင်တွေ့ကြရသည်။
လူပေါင်းတစ်သန်းခွဲရှိသည့်ဂါဇာလူနေရပ်ကွက်များကိုအစ်ဇရေးတို့ကမရပ်မနား
နေ့စဉ်ရက်ဆက်လေကြောင်းကုန်းကြောင်းရေကြောင်းလက်နက်ကြီးများဖြင့်ပစ်ခတ်စဉ်

အားလုံးကဟာမာ့စအပေါ်အပြစ်ပုံချကြသည်။

418px-hosni_mubarak_-_world_economic_forum_on_the_middle_east_2008_edit1

အဆိုးဝါးဆုံးမှာပါလက်စတိုင်းတို့၏ညီနောင်ရင်းခြာအာရပ်နိုင်ငံအစိုးရများ၏

ရေငုံနှုတ်ပိတ်နေမှူကိုအစ်စလမ်ဘာသာဝင်ညီနောင်များအားလုံးအလွန်စိတ်ဆိုးကြ၏။

အီဂျစ်နိုင်ငံသမတမူဘာရက်ကအစ်စရေးအလိုကျဂါဇာ၏တခုတည်းသောထွက်ပေါက်ဖြစ်
သည့်ရာမာလာကိုပိတ်ဆို့ထားခဲ့သည်။
အီဂျစ်နိုင်ငံသားများကညီနောင်ပါလက်စတိုင်းတို့အတွက်အလွန်စိတ်ဆိုးဒေါသထွက်ကြ၏။
အီဂျစ်နိုင်ငံသည်အစ်ဇရေးနှင့်သံတမန်အဆက်အဆံရှိသောရှားပါးအာရပ်နိုင်ငံဖြစ်သည့်အပြင်
အမေရိကန်အကူအညီယူနေရသည်။
အီဂျစ်ပြည်သူပြည်သားများကအစ်ဇရေးသို့ဈေးပေါပေါနှင့်သဘာဝဓတ်ငွေ့ရောင်းနေခြင်း

ကိုလဲသဘောမတူကြပါ။

အာရပ်နိုင်ငံမှပြည်သူအများစုသည်ဘုရင်စော်ဘွားများနှင့်အာဏာရှင်အစိုးရများ၏အုပ်ချုပ်မှူ
နှင့်ခေါင်းဆောင်မှူကိုစိတ်ပျက်နေသည်မှာကြာခဲ့ပြီ။ယခုခဲ့သို့အစ်ဇရေး၏ထင်တိုင်းကြဲနေမှူကို

မိမိတို့၏ခေါင်းဆောင်များကလက်ပိုက်ကြည့်နေသောအခါဒေါသကထိုအာဏာရှင်တို့အပေါ်
မျှားဦးလှည့်တော့သည်။
မူဘာရက်ကိုအစ်ဇရေးတို့နှင့်အလိုတူအလိုပါဟုအများကစွတ်စွဲကြသည်။
အစ်ဇရေးသတင်းဌာနတခုကဟာမာ့စအား လုံးရှင်းပြီးမှမူဘာရက် က ရာမာလာ
နယ်စတ်ဂိတ်ကိုဖွင့်ပေးမည်ဟုဆိုသည်။

ကျမ်းမြတ်ကုရအာန်တွင်မိုနာဖိခ သာသနာ့အရေခြုံသူများအတွက်ငရဲဘုံ၏
အနိမ့်ဆုံးနေရာတွင်လွတ်လမ်းမရှိနေရမည်ဟုပြဆိုထားသည်။
သာသနာ့အရေခြုံသူများသည်စစ်ပွဲများတွင်သူတို့၏သရုပ်မှန်များပေါ်လာတတ်
ကြောင်လဲပြဆိုထားသည်။
ရန်သူ ကိုရန်သူဟူ၍သိနိုင်သော်လဲသာသနာ့အရေခြုံများကိုခွဲခြားသိရန်
အလွန်ခက်သည်။ထိုကြောင့်သာသနာ့အရေခြုံများကယုံကြည်သူများကို
သမိုင်းအဆက်အဆက်နောက်ကျောကိုဓားနှင့်ထိုးခဲ့ကြသည်။
ဤဂါဇာလူသတ်ပွဲသည် ကြည့်တတ်ပါကမိတ်ဆွေရန်သူအပြင်သာသနာ့အရေခြုံများ
ကိုပါဖော်ထုတ်မည့် အရေးအခင်းတစ်ခုအဖြစ်မြင်မိပါသည်။

Allah knows the best,
ကျော်ကျော်ဦး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s