Allah’s Mercy (in Burmese Language)

“အစ္စလာမို့အာလိုက်ကွမ်း”

ထာဝရ ဖန်ဆင်းရှင်အလ္လာရှင်မြတ်၏ ကောင်းခြီးမင်္ဂလာ နှင့်ငြိမ်းချမ်းမှူများ ဘလော့လာဖတ်သူမိတ်ဆွေအားလုံးပေါ်သို့ ကျရောက် ပါ စေရန် ဆုမွန်ပြုပါတယ်။

ဒီဘလော့ ကို post အသစ်မတင် ဖြစ်တာရက်လေးဆယ် ကျော်သွားပါတယ်။ ဒီကြားထဲက လာဖတ် ကြတဲ့ မိတ်ဆွေများအတွက် မြန်မာလို post ရေးဖြစ်ပါတယ်။

ခေါင်းစဉ် ကတော့ အလ္လာ ၏ မဟာဂရုဏာ နှင့်ကျေးဇူးဖြစ်ပါတယ်။

အစ္စလမ်ဘာသာဝင် မဟုတ်တဲ့ညီနောင် များ, ဖန်ဆင်းရှင် ကို မယုံကြည် သူများကို လဲ ဖတ်ကြည့်စေချင်ပါ တယ်။

ဖန်ဆင်းရှင် ရဲ့မဟာဂရုဏာ သည် ဤစကြာဝဠာ ရှိ သက်ရှိသက်မဲ့အားလုံးအပေါ် သို့မပြတ်မစဲ ကျရောက်နေတာ ဒီစကြာဝဠာသက်တမ်း အစမှ အဆုံးအထိပါ။

ဥပမာတစ်ခု စဉ်းစားကြည့်ရအောင်

ကျွန် တော်တို့ကမ္ဘာ ကြီး တခုလုံး ရုတ်တရက် မှောင်မဲ ပြီး အလင်းရောင် မဲ့ အသက်ရှူစရာလေလဲမရှိ အပူရှိန်ကလဲရေဆူမှတ် အ ဖြစ် သို့စက္ကန့်ပိုင်းအတွင်းမှာ ပြောင်းလဲသွားနိုင်ပါလား?

သိပ်ဖြစ်နိုင်ပါတယ်။

အလျား အနံ ဆယ်မိုင်လောက်ရှိတဲ့ ဂြိုယ်ပဲ့တစ် ခု ကမ္ဘာ ကြီးကို ဝင်ဆောင့်လိုက်ရုံပါပဲ။ ကမ္ဘာ နားမှာဒီလို ဂြိုယ်ပဲ့တွေ သန်းနဲ့ချီပြီးဖြတ်သန်းနေကြပါတယ်။ အလ္လာ ရဲ့မဟာကရုဏာ ကြောင့်သာ လူသားတွေအားလုံး အသက်ရှူ ခွင့်ရနေတာ ပါ။

နောက်ဥပမာ တစ်ခု

ဆယ်မီနာ တစ်ခုမှာ မျက်စိ အထူးကု ပါရဂူ တစ်ယောက် က တိမ်ခွဲ ရာမှာ သူ့ရဲ့အောင်မြင်မှူကိုအခုလိုပြောပါတယ်။

“After removing the bandage, and when the patient can see you,…he will tell you that you are God”

သူကတော့ဘာသာမဲ့ မို့ ဒီလိုပြောတာပါ။ မျက်စိကို မြင်အောင်ခွဲ ပေးတဲ့ဆရာဝန်ကို ဒါလောက်ကျေးဇူးတင်ရင် မွေးကတည်း က သေသည်အထိ မပြတ်မစဲအမြင်အာရုံပေးတဲ့ကျေးဇူးရှင် ရဲ့ကျေးဇူးကိုဘယ်လို ဖော်ပြကြမလဲ။

နောက် ဆုံးဥပမာလေးတခုကတော့

အသက်ခုနစ်ဆယ်ကျော် အဖိုးအိုတစ်ယောက် ဆီးလမ်းကြောင်းပိတ် ပြီးဆီးမသွားနိုင် လို့မချိမဆန့်ဝေဒနာနဲ့ဆေးရုံရောက်လာပါတယ်။ဆေးရုံမှာဆရာဝန်တွေက ဆီးပိုက်ထဲ့ပေးလိုက်တော့ ဆီး သွားလို့ရပြီး ဝေဒနာယူပြစ် သလို ပျောတ် သွားပါတယ်။ အ ချိန်တန် တော့ဆေးရုံကဆင်းဖို့ကုသစရိပ် Bill ရတော့အဖိုးက ငိုရှာပါတယ်။

ဆရာဝန်တွေက သူတို့ယူတဲ့ဆေးဖိုး များရင်လျှော့ ယူပါ့မယ် အဖိုး မငိုပါနဲ့လို့တောင်းပန်ကြတော့ အဖိုကသူငိုတာဆေးဖိုး ကြောင့်မဟုတ်ပါ အရှင်မြတ်ကသူ့ဘဝတစ်ခုလုံးနေ့စဉ် ဆီးသွားခဲ့တဲ့ အတွက်ဘယ်တုန်းကမှ Bill မပို့ခဲ့လို့ငိုရတာပါလို့ ဖြေတယ်။

အလ္လာရဲ့ တုနှိုင်းမဲ့ဂရုဏာကျေးဇူး ကိုမပြတ်သိနိုင်ကြပါစေ။

ကျော်ကျော်ဦး

5 thoughts on “Allah’s Mercy (in Burmese Language)

  1. Harleemar says:

    Assalammo Alaikum,

    အလ္လာ ၏ မဟာဂရုဏာ နှင့်ကျေးဇူး Very nice post. Thanks for add my blog.

    Allah Hafiz.

  2. tomorrow says:

    ကျွန်တော်မရှင်းလို့တစ်ခုလောက်မေးချင်ပါတယ်။ အခုခေတ်မှာ ဗုံးတွေ ဗုံးပေါလအောခွဲနေတာတွေ့ရပါတယ်။ သတင်းမှာဖတ်လိုက်ရင် ဗုံးခွဲသူတွေတော်တော်များများဟာ အစ္စလာန်ဘာသာဝင်တွေဖြစ်နေတာပါပဲ။ ဗုံးခွဲခါနီးတောင် ကြွေးကျော်ပါ။ အလ္လာကောင်းချီးပေးပါစေလို့။ ပြီးတော့ သူတို့ကို အာဇာနည်လို့ခေါ်သတဲ့။သေတဲ့သူတွေထဲမှာ အလ္လာအရှင်ကိုနစ်နစ်ကာကာယုံတဲ့သူတွေလဲပါတယ်။ ပြီးတော့ အီရတ်မှာဆိုရင် ဗလီကျောင်းမှာခွဲခွဲတာပါ။ အလ္လာရှင်မြတ်က ဒီလိုလုပ်တာကိုခွင့်ပြုပါသလား။ သူတို့ကို အလ္လာက ဘာကြောင့်ဖန်ဆင်းတာလဲဆိုတာပါ။ အဲဒီလူတွေကို အလ္လာရှင်က ဘာကြောင့် ကြည့်နေတာပါလဲ။ အလ္လာရှင်ကအရေးမယူပဲနဲ့ အစိုးရတွေက ဖမ်းပြီး ထောင်ချ သေဒဏ်ပေးလုပ်နေတာလဲ။ တကယ်လို့ အဲဒီသူတွေက အလ္လာဘုရားသခင်တွက်လုပ်တယ်လို့ ပြောရင် အစ္စလာန်ဘာသာဝင်အနေနဲ့ လက်ခံနိုင်ပါသလား။ ဖြေကြားပေးပါခင်ဗျား

  3. kyawkyawoo says:

    အစ္စလမ်ဘာသာသည်အပြစ်မဲ့သူတွေကိုမတရားသတ်ဖြတ်ခြင်းကို
    ပြင်းထန်စွာတားမြစ်ထားတဲ့သာသနာဖြစ်ပါတယ်။
    ကျမ်းမြတ်ကုရအန် (ရှူ)
    ဒါပေမဲ့ဘာသာ သာသနာကိုကာကွယ်ဖို့ မတရားသောစစ်ကိုခုခံတော်လှန်ဖို့
    လဲ စနစ်တကျသင်ကြားပြထားပါတယ်။အခုမေးခွန်းမေးထားတဲ့မိတ်ဆွေရဲ့ မေးခွန်းကို
    နားလည်မိတာကတော့
    ၁။ ဘာလို့မွတ်စလင်တွေဗုံးခွဲတဲ့သတင်းတွေပဲကြားနေရသလဲ
    ၂။ဗလီဝတ်ကျောင်းတော်တွေမှာ ဘာသာတူခြင်းဖောက်ခွဲသတ်ဖြတ်နေတာဘာကြောင့်လဲ
    ၃။ဲအစ္စလမ်ဘာသာကအသေခံဗုံးဖောက်ခွဲဖို့သင်ထားသလား၊ခွင့်ပြူသလား

    ၁၊မွတ်စလင်တွေဗုံးခွဲတဲ့သတင်းပဲကြားနေရတာမီဒီယာတွေကဒါကိုပဲခေါင်းစဉ်သတင်းအနေနဲ့
    ဦးစားပေးဖော်ပြနေတာကတကြောင်း
    ၂။ဗုံးခွဲတဲ့နိုင်ငံတွေကိုကြည့်ရင် (အီရတ်၊ပါကစ်စတန်၊အာဖဂန်)အားလုံးအမေရိကန်ကရောသမမွှေ
    ထားလို့စုတ်ပြတ်သတ်နေတဲ့တရားဥပဒေစိုးမိုးမှူမရှိတဲ့နိုင်ငံများဖြစ်တာကတကြောင်း
    ၃။ဗုံးခွဲအသေခံသူများမှာအလွန်ဆင်းရဲမွဲတေပြီး ခေတ်ပညာ ဘာသာရေးပြီညာအသိ “ဝ”လုံးအဆင့်သာရှိပြီး
    ၄။အလွန်ဩဇာကြီးမားသောနိုင်ငံအဖွဲ့အစည်းများရဲ့စနစ်တကျဦးဏှောက်ဆေးကျောခံထားရခြင်းများကသာ
    အကြောင်းခံဖြစ်တယ်။
    အစ္စလမ်ဘာသာကမိမိကိုယ်ကိုယ်သတ်ခြင်းကိုခွင့်မပြူပါ။
    ထို့အတူအခြားစစ်မက်ဖြစ်ပွါးခြင်းမရှိသော
ူရန်သူမဟုတ်သော
    သူများကိုသတ်ဖြတ်ခြင်းကိုလဲခွင့်မပြူပါ။

    ကြုံလို့မိတ်ဆွေကိုမေးကြည့်ပါရစေ…
    အာဖဂန်နဲ့ပါကစတန်မှာနေ့စဉ် ဒရုံးလို့ခေါ်တဲ့ UAV` တွေ အပါချီရဟတ်ယဉ်တွေပေါ်ကစစ်သားတွေအပြစ်မဲ့အရပ်သားရာနဲ့
    ချီပြီး သူတို့နေထိုင်ရာနိုင်ငံရွာကျိုအကြားအထိ လိုက်ပြီးသတ်နေတာသိပါသလား။?
    သူတို့သတ်လို့အဖိုးအိုအဖွားအို ကလေးငယ်တွေရာနဲ့ချီပြီးနေ့စဉ်သေနေတာသိပါသလား?။
    သူတို့သေနတ်မောင်းမဖြုတ်ခင် Fxxxလို့ဆဲရေးတိုင်းတာပြီးမှ ရက်ရက်စက်စက်သတ်တာကြည့်ဖူးပါသလား?
    ဝါဒနဲ့ဝါဒီကိုခွဲမြင်တတ်ရင်ဘယ်သူကဘီလူးခေါင်းဆောင်းထားတဲ့သူယုတ်မာတွေလဲဆိုတာမြင်နိုင်ပါတယ်။
    ကျော်ကျော်ဦး

  4. as says:

    ၁. ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းခင်က အလ္လာဟ်ရှင် ဘယ်မှာ နေပါသနည်း? ၂. အလ္လာဟ်ရှင် ကို မည်သူဖန်ဆင်း ခဲ့သနည်း? အလ္လာဟ်ရှင် အဖြစ်သို့ ရောက်ရှိလာသည့် အလ္လာဟ်ရှင်၏ အတ္ထုပ္ပတ္တိ ကို ဖော်ပြပါ။

  5. kyawkyawoo says:

    အလ္လာအရှင်မြတ် ကို သိလိုလျှင်မူရင်းအာရဘီ (အာရပ်)ဘာသာအသုံးနှုန်း
    ကိုသိရန်လို၏။
    ဖန်ဆင်းရှင်ကို ကုရအန်က Allah ဟု ခေါ်ဆိုသည်။
    အဂ်လိပ် ဘာသာ အရ God ခေါ်ဆိုသော မြန်မာဘာသာအရ
    ဘုရားဟုခေါ်ဆိုသောသဘော နှင့် အလ္လာ၏ သဘောသဘာဝမတူကြောင်း
    အောက်ပါ သဒ္ဒါဥပမာကိုကြည့်ပါ

    Allah =/= God (အလ္လာကို God ဟု တိုက်ရိုက်ဘာသာပြန်၍မရပါ)

    God (noun), Goddess(noun), Gods (Pleural) Goddesses (Pleural),Godly (Adj),God Father(n), God Mother(n),

    Allah ကို God ဟုဘာသာပြန်၍မရပါ။အာရပ်ဘာသာ Grammarအရ Allah သည် gender မရှိပါ။ Allah သည်အာရပ်ဘာသာသဒ္ဒါအရ မည်သည့်စကားလုံးနှင့်မှဖလှယ်၍မရသည့်

    အမည်ဖြစ်သည်။

    Godဘုရား တွင် goddess ဟူ၍ gender ကျား၊မ..ရှိပါသည်။

    ထို့အပြင် Allah ကို singular, pleural အများ ကိန်း ပြု၍မရပါ။ God, Gods ဘုရား ဘုရားများဟုဘာသာပြန်၍မရပါ။

    Allah ကို English ဘာသာသုံးသလို God Father မွေးစားအဖေ God Mother မွေးစားအမေ

    စကားလုံးဖလှယ်၍မသုံးနိုင်ပါ။တစုံတဦး၏ကြင်နာမှူကို Godly Action, Allah ကိုစကားလုံးဖလှယ်၍မသုံးနိုင်ပါ။

    Allah သည်Allah သာဖြစ်သည် Allah နှင့်တူသည်အရာ ကျွန်တော်တို့dimension တွင်မရှိပါ။

    ဒီလိုဆိုရင်ကျွန်တော်တို့ကိုးကွယ်နေသော Allah (SWT) သည် မည်သူလဲလို့မေးသူ
    တို့အတွက်
    ကျမ်းမြတ်ကုရအန်ကအခုလိုရှင်းရှင်းလေး ဖြေပြထားပါတယ်။ ဖတ်ကြည့်ပါ။

    အကယ်၍ တစ်စုံတစ်ရာသည် Allah ဟုဆိုလာပါလျှင် ကျမ်းတော်မြတ်ကုရအန်က စူရာ112 တွင်

    Allah ကို အောက်ပါအတိုင်း ဖွင့်ဆိုထားသည်။

    In the name of Allah, Most Gracious, Most Merciful

    Say:1. He is Allah, the One and Only!

    Allah သည်တစ်ဆူတည်းသောကိုးကွယ်ရာအရှင်ဖြစ်ခြင်း

    2.Allah, the Eternal,Absolute;

    လိုလားတောင့်တခြင်းလုံးဝကင်းစင်သောနိစ္စထာဝရအရှင်ဖြစ်တော်မူခြင်း

    (အိုနာသေခြင်းမဲ့ထာဝရတည်ရှိနေတော်မူခြင်း)

    3. He begetteth not nor is He begotten.

    Allah သည်မည်သူတစ်ယောက်ကိုမှမွေးဖွားခဲ့ခြင်းမရှိ၊ မည်သူတစ်ယောက်၏မွေးဖွားခြင်းခံခဲ့ရခြင်းလဲမရှိခြင်း

    4. And there is non like unto Him.

    ဤစကြာဝဠာတွင် Allah နှင့်တူသည့်အရာတစ်ခုမှမရှိခြင်း

    ဤအချက်လေးချက်နှင့်ပြည့်စုံလျှင် ကျွန်တော်တို့ကိုးကွယ်နေသော Allah ဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s