Kyaw Kyaw Oo’s Words of Love

Entries from July 2009

The Way To Quran for the New Muslims

July 21, 2009 · 4 Comments

triluma 194

Following Q and A is copied from Reading Islam;

How can new Muslims understand the Quran?

Answer by Sahar El-Nadi

Thank you for your question.

It is indeed very important for both new Muslims and Muslim-enthusiasts to get a better understanding of the message of the Quran. This helps new Muslims to relate to their new faith, and Muslim-enthusiasts to get a better first hand idea of the basic concepts of Islam as a universal message and a balanced way of life.

To do this, here are some general guidelines, and please feel free to write again and give us your impressions and feedback:

1- Find a good translation in a language you understand well. For English speakers, I recommend Professor Mohamed Abdel Halim’s Modern English Translation, published by Oxford University Press. (more…)

Categories: Holy Quran
Tagged: , , , , , , , , , , , , , , , ,

တွေးမိတွေးရာ (7)

July 20, 2009 · 2 Comments

တွေးမိတွေးရာ (7)

စကားစပ်မိလို့ ကျွန်တော် ရဲ့အကြိုက်နှစ်သက်ဆုံးမြန်မာစာရေးဆရာ

ကြီးတွေရဲ့စာအုပ်တွေအကြောင်းပြောပါရစေ။

နံပတ်တစ် အကြိုက်ဆုံးက ဆရာကြီးရွှေဥဒေါင်းရဲ့ ဘဝတသက်တာ

မှတ်တမ်းများ ဖြစ်ပါတယ်။ကိုယ်တိုင်ရေး အထုပ္ပတိ အမျိုးအစားဖြစ်ပြီး

အတွဲ တစ် နဲ့နှစ်ဆိုပြီး နှစ်အုပ် ခွဲထုတ်ပါတယ်။

ဒီနေ့ အထိမကြာခဏ ပြန်ဖတ်နေမိတဲ့ ဆရာကြီးရဲ့ ရိုးသားရှင်းလင်းတဲ့

ကလေးဘဝ အ င်္ဂလိပ်မင်းလက်ထက်ကနေ နောက်ဆုံး ဆိုရှယ်လစ်အစိုးရခတ်

အထိအတွေ့အကြုံ တွေ ဖတ်လို့မဝနိုင်ပါ။

အဓီကနှစ်သက်မိရင်းအကြောင်းက ဆရာကြီးရဲ့ Sincerity လို့ခေါ်တဲ့ရိုးသားမှူ

ကိုဖတ်ရင်းလေးစားသထက်လေးစားမိလို့ပါ။

ဒီစာအုပ်မှာငယ်စဉ်ကလေးဘဝ မှစပြီးဆရာကြီးဖြတ်သန်းလာတဲ့ခေတ်ပေါင်း

စုံကိုရိုးရိုးစင်းစင်းတင်ပြသွားပါတယ်။

အသက်ကြီးလာလို့ဆရာကြီးအခေါ်ခံဘဝရောက်တဲ့ အခါမှာအရေးသားတွေက

ဘာသာရေးဖက်ပိုရေးလာပါတယ်။

ဒါပေမဲ့ဆရာကြီးဟာဘယ်ဘာသာကိုမှပုတ်ခတ်စော်ကားခြင်းမရှိပဲဘာကြောင့်မိမိ

ဗုဒ္ဓအယူဝါဒကိုယုံကြည်ရကြောင်းကိုရိုးရိုးရှင်းရှင်းလေးရေးပြသွားတာသတိပြုလေးစား

မိပါတယ်။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ဆရာကြီးရဲ့အခင်ဆုံးသူငယ်ချင်းကိုသိန်းဖေသည်ခရိယန်ဘာသာဝင်ဖြစ်ပြီး

ဖန်ဆင်းရှင်ရှိမရှိဆွေးနွေးကြတာလည်း အလွန်လူကြီးလူကောင်းဆန်ပါတယ်။

မန္တလေးဘာသာရေးတရားဝိုင်းမှာ မိမိတော် ကြောင်းတတ်ကြောင်းပြခြင်ဇောနဲ့

စကားနိုင်ကတ်ဖဲ့ ပြောတဲ့မြို့မိဖအမည်ခံလူကြီးများကိုသပိတ်မှောက်ထွက်လာတာလဲ

စိတ်ဝင်စားစရာပါ။

အဓိကပြောချင်တာကဆရာကြီးကွယ်လွန်ခဲ့တာကျွန်တော်တို့ချာတိတ်အရွယ်ကပါ။

ဒါပေမဲ့ လေးစားစရာကောင်းတဲ့ဆရာကြီးရဲ့စာပေနဲ့ရိုးသားပွင့်လင်းတဲ့ရေးဟန်ကဆရာကြီး

နှစ်သက်တဲ့ဂျင်းတဲလမင်း ဆိုတဲ့လူကြီးလူကောင်းတယောတ်ဖြစ်ကြောင်းသူ့စာတွေက

သက်သေခံနေကြောင်းနဲ့သူ့ရဲ့စာတွေနဲ့မရင်းနှီးတဲ့မိတ်ဆွေများကို

ဆရာကြီးရွှေဥဒေါင်းရဲ့ ဘဝတသက်တာမှတ်တမ်းများ စာအုပ်ကိုရှာဖွေဖတ်ရှူ

သင့်ကြောင်း တွေးမိတွေးရာအဖြစ်တင်ပြလိုက်ရပါတယ်။

ချစ်ခင်စွာ

ကျော်ကျော်ဦး

Categories: တွေးမိတွေးရာ
Tagged: , , , , , , , , ,

တွေးမိတွေးရာ (6)Alcoholism

July 20, 2009 · Leave a Comment

တွေးမိတွေးရာ (6)

ဒီ Post လေးကိုလွန်ခဲ့တဲ့နှစ်က ရေးခဲ့ပါတယ်။ ကျွန်တော့ရဲ့ အခုမရှိ

တော့တဲ့ Blog အဟောင်းလေးမှာပါ။

ဖတ်ကြည့်၊ တွေးကြည့် ကြပါ…..

(ဒီPost သည်အရက်မူးယစ်ဆေးတို့ရဲ့
သားကောင်ဖြစ်နေသော မြန်မာပြည်သား
ညီနောင်အားလုံးကိုရည်ရွယ်ပါသည်)

အရက်သမားအမှားတစ်ထောင်

ကွယ်လွန်သူဆရာကြီးလူထုဦးလှ ရဲ့ နာမည်ကျော် စာအုပ် နာမည်ပါ။ ဧရာဝတီ မှာ ပါတဲ့မြန်မာပြည်တွင် အန္တရာယ်ရှိ  အရက်ဖြူ သောက်သုံးသူဦးရေ မြင့်တက် ဆိုတဲ့ဆောင်းပါးကိုဖတ်မိ ပြီးဒီပို့စ် ကိုရေးဖြစ် သွားတာပါ။

အရက် အကြောင်းရေးဖို့ ရည်ရွယ်တာ အတော်ကြာ ခဲ့ပါပြီ။ မြန်မာစကား မှာ သောက်သောက်စားစား လူမင်းသား လို့ ဆိုစကားရှိသလို ယောက်ကျားဆိုစုံမှ ဆိုတဲ့စကားလဲရှိပါသေးတယ်။ ဒါကြောင့် မြန်မာလူမျိုး ကောင်ကလေးတယောက် ဘီယာလောက်သောက်တာ အဆန်းမဟုတ်တော့ပါ။ ဘီယာ ကြော်ညာတွေ ကလဲပေါမှပေါ၊ ဆင်ဆာ လဲမရှိ ဆိုတော့ ချာတိတ်တွေကို အပြစ် ပဲတင်နေလို့မရပါ။

(Islam ဘာသာဝင်လူငယ်တွေ အတွက် အရက်သည်ဟာရမ်ဖြစ်၍
အရက်သောက်သူ၊အရက်ထုတ်လုပ်သူ၊ရောင်းသူ အားလုံးကို ပြင်းထန်
စွာတားမြစ်ပါတယ်။ဆင်ခြေပေးလို့မရပါ။လူကြီးလူငယ်ခြွင်းချက်မရှိပါ။)

ကိုယ်ပြောချင်တာက အသက်အရွယ် ကြီးပြီးအရက်ကိုအကြောင်းအမျိုးမျိုး ကြောင့်စွဲ နေကြသောမိတ်ဆွေများကိုပါ။ ဆရာလုပ်တယ်လို့ ထင်ရင်လဲ ဟုတ်ပါတယ်လို့ဝန်ခံပါတယ်။

မမေ့နိုင်တဲ့အတွေ့အကြုံ

လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကျော်က ဆေးရုံကြီး တခုမှာ မှာအသည်းချောက်နာ နဲ့သေသွားရှာတဲ့ လူနာတယောတ်ကို ဒီနေ့အထိမမေ့နိုင်ပါ။ သူ့အလုပ်ကအရက်ဆိုင်မန်နေဂျာ ၊လူလတ်ပိုင်း အသားညိုညို ၊  သူသေမဲ့ညကဆေးရုံအဆောင်ရှိ လူနာတယောက်မှတညလုံးမအိပ်ရပါ။ အရက်ကြောင့်အသည်းချောက်နာ ဖြစ်တဲ့လူနာအများစုဟာ သွေးအန်ပြီးသေရင် သေ ဒါမှမဟုတ် ကိုမာဝင်ပြီး သတိလစ် သွေးဝမ်း အမဲတွေ သွား ပြီး သေဆုံးတတ်ပါတယ်။

ဒီကိုယ်တော်ချောက အသည်းကိုမာ နဲ့သတိလစ်နေတဲ့အချိန်မှာ အယု တ္တ အန တ္တ အဆဲပေါင်းစုံ ကိုတညလုံးမရပ်မနားကဆဲပါတော့တယ်။ အနားက ရှောင်လို့ရတဲ့လူနာ အများစုဟာနားမခံနိုင်လို့ နီးရာလဘက်ရေ ဆိုင် ရှောင်သွားကြပေမဲ့ ကုတင်ပေါ်လဲနေတဲ့ လူနာသက်ကြီးရွယ်အို တွေခမျာမှာ ညမအိပ်ရဘဲ အဆဲမျိုးစုံကို တယောတ်မျက်နှာတယောက် ကြည့်ပြီး နားထောင်နေရပါတယ်။

နံနက်မိုးလင်းအားကြီး အချိန်မှ ကိုယ်တော်ချောလဲ အသက်ထွက် အဆဲလဲ ရပ် သွား ရော၊ ကိုယ့်တသက်မှာလူတယောက်အသက် ပျောက်သွားလို့ လူအများစိတ်ချမ်းသာတာ ဒီတစ်ခါပဲ မှတ်မှတ်ရရ မြင်ဖူးပါရဲ့။

စိတ်သက်သာ တဲ့မျက်နှာ နဲ့အိပ်ဖို့ ပြင်နေတဲ့ လူနာအားလုံး ဟာ ပါးစပ်ကဘာမှ မပြောပေမဲ့ အမူအယာ အရ ဒီလူကိုဘယ်လောက်စက်ဆုပ် တယ်ဆိုတာအလွန်သိသာပါတယ်။

သနားစရာအကောင်းဆုံးက သေသူ ရဲ့မိသားစုတွေပါ၊ သူတို့ခမျာ မသေခင်ကယောင်ကတမ်း ပယ်ပယ်နယ်နယ် ဆဲနေတော့ အနေရကျပ်ရှာထင်ပါရဲ့ အလျှိုလျှိုပျောတ်ကုန်ကြတယ်။

သေသူအသက်ပျောက် မှ ညိုးငယ်တဲ့မျက်နှာ အားနာ ရှက်ရွံ့ ဝမ်းနည်း စွာနဲ့ အလောင်းကို သယ်ယူသွားတာ ဒီနေ့အထိမမေ့နိုင်ပါ။

အရက်နဲ့ ဒီနေ့မြန်မာပြည်

ဘာသာအယူဝါဒ အားလုံးက အရက်သေစာသောက်စားခြင်းကို တားမြစ်ပါတယ်။ ဆိုရှယ်ဒရင်ကာ လို့ကြေညာသောက်တဲ့သူတွေ၊ တကယ်စိတ်ညစ်စရာလောကဒဏ် ဖိစီးလာတော့ မသိမသာနဲ့ ဇိုးသမားကြီး လုံးလုံးဖြစ်သွားနေကြတာ ကိုယ် မြင်နေကြားနေရပါတယ်။ဘီယာဟာအရက်မဟုတ်လို့ ကြွေးကြော် နေရာက ဘီအီးရှာသောက်တဲ့ဘဝရောက် သွားတဲ့သူတွေတွေလဲ ရှိခဲ့ပါတယ်။

အရက် သည် စွဲတတ်တဲ့ သဘာဝရှိပါတယ်။ အရက်သောက်ရင် လတ်တလော စိတ်ညစ်စရာတွေ မေ့ပြီး ပျော် လာတာမှန် သော်လည်း ဆင်ခြင်တုံ့ တရားလွတ်ကင်းပြီး ဆရာကြီးလူထု ဦးလှ ရေးခဲ့ သလိုအမှားတစ်ထောင် ကျူးလွန်မိတတ်ပါတယ်။ အဓီက မှားတတ် တာကတော့ အရက်သောက်ပြီး ရင် လိင်ကိ စ္စ အပျော်ကြူးကြတာပါ။ မူးမူးရူးရူးနဲ့  တခါထဲမှား ပြီး  HIV/AIDS  ရသွားတဲ့မြန်မာ လူငယ် လူကြီးတွေ အများကြီးရှိ ပါတယ်။

မိသာ;စု သည် နိုင်ငံ ရဲ့ အခြေခံ ယူနစ်တစ် ခု ပါ။မိသားစု ယူနစ် တွေပေါင်းပြီး မှနိုင်ငံ တစ်ခု ရယ်လို့ ဖြစ်တည်တာပါ။

လက်ရှိအနေအထားအရ မြန်မာပြည် တွင်း နေသူများသာမဟုတ်ပြည်ပ နေသူများလဲ စိတ်ဖိစီးမှူ အနည်း နဲ့အများရှိကြတာ သဘာဝပါ။ အိမ်ထောင် တစ်ခုမှာ မြန်မာ့ယဉ်ကျေးမှူအရ ယောတ်ကျားက အိမ်ထောင်ဦးစီး  ပဲ့ကိုင်လမ်းပြသူဖြစ်ရပါမယ်။ အဖေဖြစ် သူကစိတ်ဖိစီးမှူ ကိုအရက်နဲ့ ဖြေရှင်း ရင် သားက ယာဘ သို့မဟုတ် နံပတ်ဖိုး နဲ့ရှင်းပါ လိမ့်မယ်။

တရုပ်ပြည်က  ဘိန်းစစ်ပွဲကို မမေ့ကြပါနဲ့။

တရုပ်ပြည်ကို မြန်မာပြည် အရေး အတွက်မကြိုက်ပေမဲ့ စည်းကမ်း နဲ့ကျိုးစားမှူမှာ အတုယူစရာတွေ အများကြီးတွေ့ရတယ်။အထူးသဖြင့် အားကစားလိုက်စား ခြင်း မှာ တရုပ် တွေ ဟာအင်မတန်တော်တယ်။ အားကစားလိုက်စားသူအများစုဟာစိတ်ဓတ်ကြံ့ခိုင် ပြီးကျန်းမာရေးထိခိုက်မဲ့ အလုပ်တွေရှောင်ကြတယ်။

နောက်တခုကဘာသာတရား လေ့လာလိုက်စား ခြင်း ဟာလူငယ်လူကြီးအားလုံး အတွက်အလွန်ကောင်းမွန်တဲ့ စိတ်အခြေခံ ပေးပါတယ်။အစွန်းမရောက်ဖို့ ပဲလိုပါတယ်။

ဆရာကြီးလူထုဦးလှရဲ့ အရက်သမားအမှားတစ်ထောင် စာအုပ်ရှိသေးရင် ပြန်ဖတ်ကြည့်ပါ။ တတ် နိုင် သူများက  online   ဖတ်လို့ရအောင်လုပ်ပေးနိုင်ရင် အားလုံးအတွက် အကျိုးရှိမယ်လို့ထင်ပါတယ်။ မူပိုင်သူများကခွင့်ပြုရင်ပေါ့လေ..

ချစ်ခင်စွာ

ကျော်ကျော်ဦး

Categories: တွေးမိတွေးရာ
Tagged: , , , , , , , , ,

  • RSS Myanmar Muslim Media