Kyaw Kyaw Oo’s Words of Love

ကျော်ကျော်ဦးမြန်မာစာမျက်နှာ

ဒေါက်တာရာရှစ် ခါလီဖာ

မြန်မာလိုကွန်ပြူတာကပြောသောကုရအန်ဆိုတဲ့စာအုပ်

လွန်ခဲ့တဲ့နှစ်အတော်ကြာကဖတ်ဖူးတယ်။ ဘာသာပြန်ပါ။

မူလသုတေသနလုပ်သူကဒေါက်တာရာရှစ် ခါလီဖာ ဖြစ်ပါတယ်။

အီဂျစ်နိုင်ငံသား ဇီဝကမ ဗေဒပညာရှင်ပါ။ အမေရိကန် မှာပညာ

သင်ယူခဲ့ပါတယ်။

သူ့ရဲ့သုတေသနပြုချက် အကျဉ်းကတော့ ကုရအန်ရဲ့အဖွင့်

(Bismillahir-Rahmaanir-Raheem), မှာ အရဗီလို အက္ခရာ

၁၉ လုံးပါ ပါတယ်။

စူရာ(al-Muddath-thir) ၇၄:၃၀ ရဲ့ “Over it are 19.” ဆိုတဲ့အာယတ်

နဲ့ (Bismillahir-Rahmaanir-Raheem),နဲ့ပေါင်းပြီး ဒေါက်တာရာရှစ်ကကျမ်းမြတ်ကုရအန်နဲ့၁၉ နဲ့သူ့ရဲ့

ဆပွါးကိန်း တွေနဲ့ထူးခြားစွာဆက်စပ်နေပုံကိုကွန်ပြူတာနဲ့ တွက်ချက်ပြပါတယ်။

မြန်မာလိုဆက်ဖတ်ရန်…

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အဲဒီတွေ့ရှိချက်မှ ကျမ်းမြတ်ကုရအန် ရဲ့အာယတ်တော်တွေထဲမှာ

အလွန်တိကျတဲ့ ၁၉ဂဏန်း ရဲ့ဆပွါးကိန်းတွေရှိနေကြောင်းသက်သေပြ

နေတဲ့အတွက် လူသားရဲ့လက်ရာမဟုတ်ပဲဖန်ဆင်းရှင်ရဲ့လက်ရာဖြစ်

ကြောင်းသုတေသနစာတမ်းရေးသားခဲ့ပါတယ်။

ဒေါက်တာရာရှစ်က သူ့ရဲ့စာတမ်းမှာ၁၉ ဂဏန်းသည်ကျမ်းမြတ်ကုအန်ရဲ့

လမ်းညွန်ချက်နဲ့ Islam ဘာသာကိုနားလည်အဓိကသော့ချက် ဖြစ်တယ်လို့

ဖွင့်ဆိုပြီး ၁ ၉ ဂဏန်းသည်ဖန်ဆင်းရှင်တဆူရှိသည်ကို ရည်ညွန်းကြောင်း

တင်ပြခဲ့ပါတယ်။

Islam ဘာသာဝင်အများစုဟာ ဒေါက်တာရာရှစ် ခါလီဖာ ရဲ့တွေ့ရှိချက်ကို

အပြုသဘောဆောင်တဲ့ ကျမ်းမြတ်ကုရအန် ရဲ့အနှိုင်းမဲ့ဖန်ဆင်းရှင်ရဲ့လက်ရာကို

ထောက်ခံတဲ့ တွေ့ရှိချက်အနေနဲ့ ကြိုဆိုခဲ့ကြပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒါပေမဲ့

အခြားIslam ဘာသာဝင်ပညာရှင်များကသူ့ရဲ့သုတေသနစာတမ်းကိုလေ့လာ

ကြတဲ့အခါ အာရဗီ အက္ခရာများကိုသူ့စာတမ်းနဲ့အံဝင်အောင်လိုတိုးပိုရှော့ လုပ်

ထားတာသွားတွေ့ရပါတယ်။

သူ့ရဲ့သုတေသနစာတန်းနဲ့ ကိုက်ညီအောင် ကျမ်းမြတ်ကုရအန်မှ

အက္ခရာများကို ပိုပြီးရေတွက်ခြင်း လျှော့ပြီးရေတွက်ခြင်းများအပြင်

ကျမ်းမြတ်ကုရအန်ရဲ့အာယတ်တော်များကိုပင်သူ့ရဲ့သီဝရီနဲ့ကိုက်ညီအောင်

ပြင်ဆင်ရေးတဲ့အဆင့်အထိ တွေ့ရပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

နောက်ဆုံးမှာ ကုရအန်ကျမ်းမြတ်ရဲ့အာယတ်တော်များကိုပြင်ဆင်ရေး

သားတဲ့အဆင့်မှ ကေယာမတ် ပြန်လည်အစားပေးရမဲ့နေ့တော်ကြီးကိုပါအ

တိကျသိတယ်လို့ ကြေညာတဲ့ အထိလမ်းလွဲကို ရောက်သွားပါတယ်။

နောက် ဆုံးရာရှစ်ခါလီဖာဟာမိမိ ကိုယ်တိုင်တမန်တော်ဖြစ်ပါတယ်လို့

ကြေညာတဲ့အထိလမ်းလွဲသွားပြီး အမေရိကန် နိုင်ငံအရီဇိုးနား ရှိတက်ဆင်ဆိုတဲ့

နေရာမှာနောက်လိုက်အနည်းငယ် ရှိခဲ့ပါတယ်။

၁၉၉၀ ခုနှစ်မှာအမည်မသိလူတဦး က ဓားနဲ့အကြိမ်များစွာထိုးသတ်ခြင်းခံရ

ပြီးဘဝနိဂုံးသတ်သွားပါတယ်။

ဒီ Post ကိုရေးရတဲ့ရည်ရွယ်ချက်ကပညာရှင်များပင်လျှင်

ရှိုင်တန်ရဲ့လှဲ့ဖြားခြင်းကို ခံရရင် ဒီဘဝမှာဇတ်သိမ်းမကောင်းသ

လို နောင်တမလွန်ဘဝမှာလဲ အပြစ်ပေးခြင်းခံရမဲ့အကြောင်းနဲ့

မိမိတို့ရေးသားတဲ့ Post များသည် Allahအရှင်မြတ်နဲ့ Islam အတွက်

သန့်ရှင်းတဲ့နီယက်သ ( Intention)နဲ့သာရေးသားသင့်ကြောင်း သတိပြု

ကြရန်တင်ပြလိုက်ရပါတယ်။

ချစ်ခင်စွာ

ကျော်ကျော်ဦး

ဘာသာရေး ဆွေးနွေးတဲ့ ထိုင်ဝိုင်း

March 31, 2009 · 3 Comments

ကျွန်တော်တို့မိတ်ဆွေတစ်စု လတိုင်းရဲ့ တနင်္ဂနွေတရက်မှာ ဘာသာရေး

ဆွေးနွေးတဲ့ ထိုင်ဝိုင်း ကလေးလုပ်ဖြစ်တာအတော်လေးအရှိန်ရလာပါပြီ။

ဒီအစီအစဉ်ကိုစသူက မိတ်ဆွေရင်း Professor တဦးဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာပုံမှန်လာသူတွေက မလေးရှား၊အင်ဒိုနီးရှား တရုပ်၊ဖီဂျီ၊နိုင်ဂျီးရီးရား၊

ယူဂန်ဒါ၊ရုရှား၊မှ Islam ဘာသာရေးပညာရှင်များဖြစ်ပါတယ်။

အနည်းဆုံးတော့ Master Degreeရယူထားပြီးသူများဖြစ်ပြီး တော်တော်များများကPhDကို

နှစ်ပေါင်းအတော်ကြာကြာထဲကရယူထားသူတွေပါ။

တခါတလေ ကမ္ဘာကလေးစားရသောအဆင့်သာသနာ့ပညာရှင်များလဲ

ကျွန်တော်တို့ထိုင်ဝိုင်းလေးကိုအလည်ရောက်လာတတ်ပါတယ်။

ပြောဖို့မေ့သွားလို့၊ အားလုံးထဲမှာပညာရှင်မဟုတ်တာကျွန်တော်တယောက်ပဲ

ပါပါတယ်။ကျွန်တော်ကတော့ဒီပညာရှင်တွေပြောတာကိုနားထောင်တဲ့သူပါ။

ဟုတ်ကဲ့ မသိတာတွေကိုလည်းမေးပါတယ်။

my memory1 354

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကျွန်တော်ပြောခြင်တဲ့အကြောင်းကဒီလူစုရဲ့နွေးထွေးစွာဆက်ဆံမှူအကြောင်းပါ။

ဒီလူတွေအားလုံးဟာမိမိရဲ့ပညာနဲ့ပတ်သက်လို့ကိုယ်ရည်သွေးစကား

တွေနဲ့ပညာပြနေတာတခါမှမတွေ့ဖူးပါ။

ကျွန်တော်မသိလို့မေးတဲ့မေးခွန်းတွေကိုအလွန်ညင်သာသိမ်မွေ့နူးညံ့စွာနဲ့

အမြဲဖြေပါတယ်။

ဥပမာ ဖီဂျီကပညာရှင်ဟာသူ့တိုင်းပြည်မှာမုဖသီ ပါ။သူ့ရဲ့အဓိက

လေ့လာမှူကHadith ပညာဖြစ်ပြီးHadith များနဲ့ပတ်သက်လို့အံ့ဩလောက်အောင်

ပိုင်နိုင်သူဖြစ်ပါတယ်။ဒါပေမဲ့ စကားဝိုင်းလေးကိုအမြဲနောက်ကျလေ့ရှိပါတယ်။

ကျွန်တော်တို့ကသူ့ကိုSheikh လို့ခေါ်ပါတယ်။

နောက်တယောက်ကနိုင်ဂျီးရီးယားက Hafitz လူငယ်ပညာရှင်ပါ။သူက

Sufism ကိုသုတေသနပြုနေသူပါ။ အလွန်သာယာနာပျော်ဖွယ်ကောင်းတဲ့

အသံရှိလို့ဆုဒိုအာများအမြဲတောင်းပေးရန်သူ့ကိုအားလုံးက Request လုပ်ကြ

ပါတယ်။

ဒေါက်တာဂဖူးကတော့ရူရှားလူမျိုး Islam ပါ။သူပြောပြတဲ့ ရူရှားပြည်ကဘိုးဘွားများ

အကြောင်း post တခုရေးဖို့ရည်ရွယ်ချက်ရှိပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒီလူများအားလုံးရဲ့တူညီတဲ့အချက်ကအလွန်ငြင်သာသိမ်မွေ့

သောအမူအရာနဲ့ရင်ထဲကလာသောစကားကိုမေတ္တာအပြည့်

နှင့်ပြောခြင်းပါ။တယောက်ရဲ့အမြင်ကိုသဘောမတူရင်တောင်

ငြင်းနေပါလားလို့မသိအောင်သိမ်မွေ့ပါတယ်။

ကျွန်တော်တို့အားလုံးEnglish ဘာသာစကားနဲ့ပြောဆိုကြပါတယ်။

ကုရအန်ရဲ့အာယတ်တော်များကို Arabic ဘာသာမူရင်းအတိုင်းမှ

English ဘာသာသို့ပြန်ဆိုဆွေးနွေးကြပါတယ်။

Muslim brotherhoodဆိုတဲ့အမည်နဲ့လိုက်အောင်နိုင်ငံစုံ

ဘာသာစကားအစုံ အသားရောင်အစုံနဲ့လူတစုကတဆူတည်းသောဖန်ဆင်းရှင်

Allah (SWT)ရဲ့ Islam သာသနာကို ဆွေးနွေးကြတဲ့ ကျွန်တော်တို့ရဲ့

စကားဝိုင်းလေးအကြောင်းမိတ်ဆွေများကို မိတ်ဆက်တင်ပြလိုက်ပါတယ်။

ဒီစကားဝိုင်းလေးက စိတ်ဝင်စားစရာအကြောင်းလေးတွေကိုလဲ

post အနေနဲ့အဆင်ပြေသလိုတင်ပြသွားမဲ့အစီအစဉ်ရှိပါတယ်။

ချစ်ခင်စွာဖြင့်

ကျော်ကျော်ဦး

Categories: Uncategorized

တွေးမိတွေးရာ

April 7, 2009 · 2 Comments

အခုရက်ပိုင်းမှာ ကျနော့ဘလော့မှာလာပြီးမြန်မာစာအထားအသိုနဲ့

သတ်ပုံကအစပြင်ပေးတဲ့ ညီနောင်များအားလုံးကိုအထူးကျေးဇူးတင်ပါတယ်။

ဒီဘလော့ကို မူလကမြန်မာဘာသာနဲ့ရေးဖို့ရည်ရွယ်ချက်မရှိပါ။

ကမာ့္ဘ.အစ္စလမ် ဘာသာဝင်လူနည်းစုညီနောင်များနှင့် မိတ်ဆက်ရန်နဲ့အမြင်ဖလှယ်ရန်

သာရည်ရွယ်ပါတယ်။

နောက်ပိုင်းမိတ်ဆွေများကတိုက်တွန်းလို့မြန်မာလို Post လေးတွေစမ်းပြီး

ရေးဖြစ်တော့မှထင်သလိုမလွယ်မှန်းသဘောပေါက်လာမိတယ်။

ဒါကြောင့်လည်းကုရအန်ကိုမြန်မာလိုဘာသာပြန်ခဲ့တဲ့ပညာရှင်ကြီးတွေကိုအထူးလေးစား

မိပြီး post တခုရေးဖြစ်ပါတယ်။

ကျနော့အားလပ်ချိန်နဲ့မြန်မာကီးဘုတ်နဲ့အမြန်ရိုက်ရန်လုံးဝမဖြစ်နိုင်ပါ။

ဒါကြောင့် Burglish software နဲ့ရိုက်ရပါတယ်။

ပြီးရင် Word document အဖြစ်ပြောင်းပြီးcopy လုပ်မှ word press template

ကလက်ခံပါတယ်။ဒါကြောင့် အချိန်အလွန်ကုန်ပါတယ်။

ဒါပေမဲ့

English လိုရေးထားတဲ့ post တွေကိုနီးစပ်တဲ့လူငယ်မိတ်ဆွေတွေကိုမေးကြည့်

တော့အများစုကနားမလည်ပါ ဆိုတဲ့အဖြေပေးပါတယ်။

စကားစပ်မိလို့

ဒီ Post မရေးခင်လေးတင်မိုရိုကိုကညီနောင်တယောက်နဲ့

စကားပြောဖြစ်ပါတယ်။ မိုရိုကို ကလူများစုက အာရပ်ဘာသာနဲ့ ပြင်သစ်

စကားပြောကြပါတယ်။

ဒီညီနောင်ကတော့ English,ပြင်သစ်၊အာရပ်၊စပိန် ဘာသာစကားလေးမျိုး

ကိုကျွမ်းကျင်စွာရေးသားပြောဆိုနိုင်ပါတယ်။ ပြောဖြစ်တဲ့အကြောင်းက

Gay လိင်တူဆက်ဆံသူ အနောက်နိုင်ငံများရှိ ( Gays Right Organizations) များက

NGO ပုံစံနဲ့

မိုရိုကို ကိုခြေကုတ်ယူပြီးအာရပ်နိုင်ငံများကို Gay Right အယူ

အဆဖြန့်ဖို့စီစဉ်နေတဲ့အကြောင်းပါ။သူကလည်းဒီအကြောင်းသိပြီး

သားဆိုတော့မိုရိုကို မှာဘာကြောင့် Gays Right movement မဖြစ်နိုင်

တဲ့အကြောင်းအချက်ကျကျရှင်းပြသွားပါတယ်။

စဉ်းစားမိတာက

ဒိန်းမတ်နိုင်ငံကကာတွန်းဆရာတယောက်က

တမန်တော်မြတ်ကိုစော်ကားတဲ့ကာတွန်းတွေ

ရေးလို့ အစ္စလမ်နိုင်ငံများက ဒိန်းမတ်နိုင်ငံထွက်ကုန်တွေသပိတ်မှောက်

တဲ့အထိလွန်ခဲ့တဲ့နှစ်ကဖြစ်ခဲ့ပါတယ်။အခု အသက်ခုနှစ်ဆယ်ကျော်ပြီဖြစ်တဲ့

ိကာတွန်းဆရာက

မနေ့တနေ့ကပုန်းအောင်းနေရာကထွက်လာပြီး Press freedomအအတွက်

ဒီလိုကာတွန်းတွေဆက်ရေးမယ်လို့ကြေညာပါတယ်

Fitnah ဆိုတဲ့မှတ်တမ်းရုပ်ရှင်ကိုဒတ်ချလူမျိုးလက်ယာအစွန်းရောက်

နိုင်ငံရေးသမားဂီရတ်ဝီလဒါဆိုသူကရိုက်ကူးပါတယ်။ဒါဟာဥပမာပဲရှိပါသေးတယ်။တကယ် အစ္စလမ်ဆန့်ကျင်တဲ့

သူတွေဘယ်လောက်များတယ်ဆိုတာညီနောင်အားလုံးအသိပါ။

အသိနောက်မှာပညာပါစေချင်ပါတယ်

ဒီလိုလူတွေကိုအနာဂတ်မှာကျနော်တို့မြန်မာMuslim တွေ

ဘယ်လိုတုန့်ပြန်ကြမလဲ။?

အချို့သောညီအကိုတော်တွေကတော့အခုပဲ စတင်တုန့်

ပြန်နေကြပါပြီ။

သူရဲ့အစ္စလမ်ကိုစော်ကားထားတဲ့မှတ်တမ်းရုပ်ရှင်ကို ဒီမှာဖော်ပြထား

တဲ့ You Tube video လေးကကုရအန်ကအာယတ်တော်များနဲ့ထိမိစွာ

ချေပထားပါတယ်။

ဒါပေမဲ့ အာရပ်ဘာသာစကားနဲ့မဟုတ် English နဲ့ဖြစ်ပါတယ်။

ဆိုလိုချင်တာကအခုလို အစ္စလမ်ကိုမုန်တီးးဆန့်ကျင်ရေးလုပ်နေတဲ့

အချိန်မှာ ကျနော်တို့မြန်မာလူငယ်များထဲမှဘက်စုံရသောပညာတတ်လူငယ်

များအလွန်လိုအပ်နေကြောင်း၊နဲ့ဒီလိုလူငယ်ပညာတတ်တွေပေါ်လာအောင်

ကျနော်တို့မျိုးဆက်မှာတာဝန်ရှိကြောင်းအားလုံး သတိရ ပါစေလို့။

ချစ်ခင်စွာ

ကျော်ကျော်ဦး

Categories: တွေးမိတွေးရာ
Tagged: ကုရအန်ကိုမြန်မာလိုဘာသာပြန်ခဲ့တဲ့ပညာရှင်ကြီး, ကျနော်တို့မျိုးဆက်, စကားစပ်မိလို့, စဉ်းစားမိတာက, အစ္စလမ် ဘာသာဝင်, အစ္စလမ် ဘာသာဝင်လူနည်းစ, အစ္စလမ်ကိုစော်ကားထား, ကျော်ကျော်ဦး, တွေးမိတွေးရာ, မြန်မာမိတ်ဆွေများ

တွေးမိတွေးရာ (2)

April 23, 2009 · Leave a Comment

ဒီနေ့ဘာရယ်မဟုတ် ကမ္ဘာ့ဘာသာကြီးများဆိုတဲ့ခေါင်းစဉ်နဲ့

ဂူးဂယ် မှာရှာကြည့်လိုက်တော့အတော်စိတ်ဝင်စားစရာကောင်းတဲ့

ဘာသာကြီးများစတင်ပေါ်ပေါက်လာပုံမှအစပြန့်ပွါးပုံကိုနားလည်လွယ်

အောင်ပြထားတဲ့ မြေပုံအတော်များများတွေ့ရတယ်။

ပထမဆုံးဒီလင့်မှာ Flash Player နဲ့ဘာသာတွေပေါ်ပေါက်လာပုံ သမိုင်းနဲ့

Time Line နားလည်လွယ်အောင်ပြထားတာ ကိုကြည့်စေချင်တယ်။

ခရိယန်တွေလုပ်ထားတဲ့မြေပုံ မို့ နောက်ဆုံးကမ္ဘာကြီးရဲ့နေရာအတော်များများကို

အပြာရောင်ခရိယန်ကိုးကွယ်တဲ့ဒေသလို့ပြထားတာ အတိအကျမမှန်ပါ။

တရုပ်နဲ့အနောက်နိုင်ငံအများစုဟာတကယ်တော့ ဘာသာမဲ့ အများစုဖြစ်ပါတယ်။

ဒီFlash Player နဲ့တင်ပြပုံလေးဟာအကြမ်းသဘောလောက်တော့လေ့လာရာမှာအ

ထောက်အကူဖြစ်ပါတယ်။

အောက်ကပုံကတော့ Wikepedia ကယူတာပါ။ဒီပုံကအမှန်နဲ့နီးနည်းပိုနီးစပ်ပါတယ်။

ဒါပေမဲ့ခရိယန် နဲ့ဘာသာမဲ့တွေကို ရောပြီး ခရိယန် နယ်မြေလို့ပြထားပါတယ်။

Map1800px-Major_religions_distribution1

နောက်တပုံက ခရိယန် ကို အုပ်စုမတူတဲ့ Roman Catholic,Orthodox စသည်ဖြင့်ခွဲပြထား ပြီး Islam ကို လဲ ဆွန်နီနဲ့ရှီအာဆိုပြီး ခွဲပြထားပါတယ်။

Worldreligion2

ဒီအောက်ကမြေပုံကိုတော့ကျွန်တော်အတော်လေးစိတ်ဝင်စားပါတယ်။

မိမိကိုကွယ်ယုံကြည်တဲ့ဘာသာအပေါ်မှာ ဘယ်လောက်လေးစားသမှူပြုကြ

တယ်ဆိုတာပြထားတာပါ။မြန်မာပြည်လဲဘာသာရေးလေးစားတဲ့နိုင်ငံအဖြစ်ပြထားတာ

တွေ့ရပါတယ်။

Religion_in_the_world3

ဒီအောက်ကမြေပုံက တမန်တော်အီဘရာဟင် (PBUH)ရဲ့နောက်လိုက်တွေလို့

လက်ခံယုံကြည်သူ သို့မဟုတ်လူသားများသည်ဖန်ဆင်းခံဖြစ်တယ်လို့ယုံကြည်

သူတွေနတိုင်ရာ အရပ်ကိုကိုခရမ်းရောင်နဲ့ပြထားပြီး မယုံကြည်သူများအများစုနေတိုင်ရာ အရပ်ကိုအဝါရောင်နဲ့ပြထားပါတယ်။

Abraham_Dharma

နောက်ဆုံးအောက်ကပုံကတော့ခရိယန်နဲ့ Islam ဘာသာဝင်တို့

ရောနှောနေမှူကိုပြထားပါတယ်။အစိမ်းရောင်တောက်လေလေ Islamဘာသာဝင်

များလေဖြစ်ပြီး အနီရောင်ကခရိယန်ကိုကိုစားပြုပါတယ်။အစိမ်းရောင်အစက်အပြောက်ကလေးများသည် Islam ဘာသာကိုကိုးကွယ်သောကျွန်းနိုင်ငံလေးများအဖြစ် သတိထားကြည့်ရင်မြင်နိုင်

ပါတယ်။

ဒီ post မှာပါတဲ့မြေပုံတွေကို Wikepedia ကယူပါတယ်။

Christ_Islam

ရည်ရွယ်ချက်က ကမ္ဘာ မှာ ရှိနေတဲ့ဘာသာကြီးတွေရဲ့

လက်ရှိအနေအထားကို မိတ်ဆွေတို့သိစေချင်လို့ပါ။

နောက်ဆုံးပုံက မြေပုံမဟုတ်ပါ။ လပေါ်ကနေကျွန်တော်

တို့ကမ္ဘာကြီးကိုမြင်ရတဲ့ပုံပါ။

Earth Rising လို့အမည်ပေးထားပါတယ်။

ကျွန်တော်ရဲ့အကြိုက်ဆုံးပုံဖြစ်ပါတယ်။

EarthRising

ချစ်ခင်စွာ

ကျော်ကျော်ဦး

Categories: Worlds religion demography
Tagged: ကမ္ဘာ့ဘာသာကြီးမျာ, ခရိယန်, ချစ်ခင်စွာ ကျော်ကျော်ဦး, ဂူးဂယ, ဂူးဂယ် မှာရှာကြည့်လိုက်တော့, တရုပ်နဲ့အနောက်နိုင်ငံအများစ, ဘာသာမဲ့, ဘာသာရေးလေးစားတဲ့နိုင်င, ကျော်ကျော်ဦး, တွေးမိတွေးရာ, မြေပုံ, burmese muslim, Burmese Muslims, Earth Rising, History of religions, islam, Maps of World Religions and Earth Rising, Myanmar Muslim, myanmar muslim minority, religion

တွေးမိတွေးရာ (3)

April 28, 2009 · Leave a Comment

လူသားနှင့်မာန

ပြီးခဲ့တဲ့Post မှာ Earth Rising လို့ခေါ်တဲ့ လပေါ်ကကမ္ဘာဂြိုဟ်

ထွက်လာတဲ့မြင်ကွင်းကိုအကြိုက်ဆုံးလို့ရေးခဲ့ပါတယ်။

မှန်ပါတယ်။ အာကာသဟင်းလင်းပြင်ကို ထွက်ကြည့်လိုက်ရင်လူသားရဲ့

ဖြစ်တည်မှူသည်ပုရွက်ဆိတ်တကောင်လောက်တောင် အမြင်အာရုံမှာ

မရှိတော့တာသိသာထင်ရှားစွာမြင်နိုင်ပါတယ်။

အောက်ကပုံတွေကိုကြည့်ပါ

photo

အာကာသထဲကိုထွက်စမှာကောင်းကင်ပြာ ကနေတဖြေးဖြေး

လေထုမဲ့တဲ့လေဟာနယ်ထဲရောက်တော့အနက်ရောင်နောက်ခံဖြစ်သွားတာကို

မြင်နိုင်ပါတယ်။

Blue sky above

လူတွေကိုမဆိုထားနဲ့ကမ္ဘာဂြိုဟ့်အမြင့်ဆုံးဧဝရက်တောင်ကိုတောင် ထင်ရှားစွာမ

မြင်နိုင်ပါ

blueblack sky1

လူသားတွေသတ်မှတ်ထားတဲ့တိုင်းပြည်နယ်နီမိတ်တွေ လူမျိုး အသားအရောင်

တွေ အောက်ကပုံမှာသင်ရှာလို့တွေ့ပါသလား?

blueskyabove cloud

ဒါပေမဲ့ကျွန်တော်တို့လူသားအများစုမှာ ငါမှငါဆိုတဲ့

လွဲမှားတဲ့မာနတွေနဲ့ လူတွေကအများစုဖြစ်နေတာကိုတွေ့ရပါတယ်။

ကျွန်တော်တို့နေတဲ့ကမ္ဘာဂြိုဟ်ကနေ မိုင်အနည်းငယ် အမြင့်တက်ကြည့်

လိုက်တာနဲ့ အင်မတန်မာနထောင်လွှားနေတဲ့လူသားကိုပရွက်ဆိတ်ကလေးတကောင်

လောက်တောင်မမြင်နိုင်တော့ပါ။

ဒါ့အပြင်ဖန်ဆင်းရှင်Allah ရဲ့အံ့ဩစရာအလွန်ကောင်းတဲ့ဖန်ဆင်းမှူကိုအခုလိုရင်သပ်ရှုမောမြင်ရပါတယ်။

earth and light

[It is God who raised the skies without support, as you can see, then assumed His throne, and enthralled the sun and the moon (so that) each runs to a predetermined course. He disposes all affairs, distinctly explaining every sign that you may be certain of the meeting with your Lord] (Ar-Ra`d 13:2)

ရိုးသားတဲ့စိတ်နဲ့ ဖန်ဆင်းရှင် Allah ကိုရှာကြည့်ပါ။

သင့်ရဲ့ပတ်ဝန်းကျင်မှာAllah ရဲ့သက်သေလက္ခဏာတော်တွေ ကြည့်တတ်လျှင်မည်သူ

မဆိုမြင်နိုင်ပါတယ်။

မာနတွေဖယ်ပြီး ဖန်ဆင်းရှင်Allah ရဲ့ လမ်းညွန်ကျမ်းမြတ်ကုရအန်ကိုနားလည်အောင်ဖတ်ကြည့်ကြပါ။

ပြီးတော့နေ့စဉ်လူနေမှူဘဝကို တရားတော်နဲ့အညီတည်ဆောက်ကြည့်ပါ။

သင်အောင်မြင်သူနဲ့ Allah ရဲ့နှစ်သက်ခြင်းခံရသူစာရင်းထဲမှာပါဝင်ပါလိမ့်မယ်။

Insha Allah,

ချစ်ခင်စွာ

ကျော်ကျော်ဦး

→ Leave a CommentCategories: တွေးမိတွေးရာ
Tagged: ကျမ်းမြတ်ကုရအန်, ပုရွက်ဆိတ်တကောင်, မာနတွေနဲ့ လူတွေ, ရိုးသားတဲ့စိတ, လူသားနှင့်မာန, အာကာသ, တွေးမိတွေးရာ, လေထုမဲ့တဲ့လေဟာနယ်, burmese muslim, burmese muslim minority, Burmese Muslims, Earth Rising, islam, Myanmar Muslim, myanmar muslim minority, religion

တွေးမိတွေးရာ(၄)

May 7, 2009 · 1 Comment

ကျွန်တော့ကို စာဖတ်သူအချို့က မြန်မာလိုပဲရေးစေချင်တယ်လို့စေတနာနဲ့အကြံပြုတာကိုသတိထားမိပါတယ်။

ဘာသာရေးစာပေသည်ဘလော့လိုင်းမှာ ပေါ်ပြူလာမဖြစ်ပါ်။ဒါကြောင့်

Islam ဘာသာရေး ရေးသောဒီ ဘလော့မှာလာပြီးဖတ်တဲ့မိတ်ဆွေများသည် ကိုးကွယ်ရာဘာသာ Islam ကိုလေးလေးနက်နက်သိချင်ကြသူများလို့ယူဆတဲ့အတွက် မူရင်း

အာရဗီ မှမပြန်ဆိုနိုင်ပဲအင်္ဂလိပ် ဘာသာမှတဆင့်ပြန်တဲ့အခါမှာ မူရင်းဆိုလိုချက်မှလွဲသွားမှာကိုစိုးရိမ်မိပါတယ်။

အာရဗီဘာသာမူရင်းသည်အလွန်ကြွယ်ဝသောဘာသာစကား

ဖြစ်ပါတယ်။ဖန်ဆင်းခြင်း ကို အင်္ဂလိပ်လို Creation လို့ဘာသာ

ပြန်လို့ ရတယ်လို့ထင်ရ ပေမဲ့ အာရဗီမှာ အလွန်ကြွယ်ဝသော

အင်္ဂလိပ်လိုဘာသာပြန်လို့မရတဲ့ အခြားအခေါ်အဝေါ်များစွာ့ရှိတဲ့အတွက်

အင်္ဂလိပ်ဘာသာဟာအာရဗီနဲ့ယှဉ်လိုက်ရင်ဝေါဟာရအလွန်ချို့တဲ့ပါတယ်။

ဒီကတဆင့်မြန်မာလိုဘာသာပြန်ရတာအလွန်တာဝန်ကြီးပြီး

အင်္ဂလိပ်,အာရဗိ နဲ့မြန်မာစာ ပိုင်နိုင်ပြီး ဘာသာရေးပညာရှင်များ အဖွဲ့အစည်း

နဲ့လုပ်ရမဲ့အလုပ်တခုပါ။

ဒါပေမဲ့  အင်္ဂလိပ် ဘာသာနဲ့အင်မတန်ကောင်းမွန်တဲ့ Islam ဘာသာဆိုင်ရာ

စာပေများ တနေ့တခြားတိုးပွါးလာတာကိုလဲမြင်နေရပါတယ်။

သိပ်မကြာခင်မှာကနေဒါနိုင်ငံမှာ Islamic Conference ကြီးတခုလုပ်

ဖို့ပြင်ဆင်နေကြပါတယ်။

အဲဒီမှာလဲပညာရှင်အများစုဟာ ကမ္ဘာသုံး

ဘာသာစကားဖြစ်တဲ့အင်္ဂလိပ်စကားကိုအများ

ဆုံးသုံးစွဲဆွေးနွေးကြမှာပါ။

နောက်တချက်က ကျွန်တောblogကိုလာရောက်လည်ပတ်သူအမျာစုဟာနိုင်ငံတကာကစာဖတ်သူ

အများစုအဖြစ်သတိပြုမိပါတယ်။

ကမ္ဘာအရပ်ရပ်က Muslim ညီနောင်များကလဲ မြန်မာပြည်မှာ Muslim များရှိကြောင်းသိပြီးဆက်သွယ်

လာကြတာတွေအများကြီးရှိလာပါတယ်။

မြန်မာပြည်မှဘာသာခြားညီနောင်များထဲကအင်္ဂလိပ်စာနဲ့ပိုအကျွမ်းဝင်တဲ့ သူများလဲဒီဘလော့ကို

ဖတ်ကောင်းဖတ်ပါလိမ့်မယ်။ ဒါကကျွန်တောအင်္ဂလိပ် လိုရေးဖြစ်တဲ့အကြောင်းရင်းပါ။

ဒီနေ့တော့ ဒီဘလော့ရဲ့ Right Side Bar ညာဘက်ကော်လံမှာ Islam အတွက်အလွန်အရေးကြီးတဲ့လင့်တွေ ချိတ်ဆက်ပေးလိုက်ပါတယ်။

Muslim Heritage News Letter သည်ဥရောပမှIslam ပညာရှင်များရဲ့ ဘာသာရပ်ပေါင်းစုံလေ့လာတဲ့ပညာရှင်တို့ရဲ့ပညာသိုက်ကြီးဖြစ်ပါတယ်။

True Religion of God သည်Tafsir Ibn Kathir – Quran Tafsir နှင့်အခြားသော Islam ပညာရှင်ကြီးများရဲ့စာတွေကိုDownload လုပ်နိုင်တဲ့နေရာတွေပါ။

မိတ်ဆွေများအားလုံးနှစ်သက်လိမ့်မယ်လို့ယူဆပါတယ်။

ချစ်ခင်စွာ

ကျော်ကျော်ဦး

Islamic perspective; Astrology vs Astronomy ( Myanmar Language)

May 29, 2009 · 5 Comments

တွေးမိတွေးရာ(ငါး)

fictional_Black_Hole_Cygnus_X1_1__Cham

Astrology, Astronomy and့ Islam

မနေ့ကနိုင်ငံတကာသတင်းမှာစူပါဘလက်ဟိုးလို့ ခေါ်

တဲ့် အာကာသဟင်းလင်းပြင်ထဲ မှမဟာတွင်းနက်ကြီး များအ

ကြောင်းဖတ်လိုက်ရတယ်။

အာကာသဟင်းလင်းပြင်ထဲမှာ Black Hole လို့ခေါ်တဲ့တွင်းနက်ကြီးတွေ

ရှိကြောင်းသိတာ နှစ်အတန်ကြာခဲ့ပါပြီ။ ကြယ် များသက်တမ်းကုန်တဲ့အခါ

ဒြပ်ထု ဟာပထမပိုင်းပွလာ ပြီးနောက်တဖြည်းဖြည်း ပြန်ကျုံ့ပါတယ်။ ဒီလိုပြန်ကျုံ့

လေလေသူ့ရဲ့ ဒြပ်ဆွဲအားဟာလဲကြီးလေလေ နဲ့နောက်ဆုံး ကြယ်သေရဲ့ ဒြပ်ထုဟာ

လူသားမျက်စေ့နဲ့ မမြင်နိုင်အောင် သေးငယ်သွားတဲ့အချိန်မှာ သူ့ရဲ့ဆွဲအားဟာ

အလွန်ကြီးမားလာတဲ့အတွက်အလင်းရောင်တောင်ပြန်မထွက်လာနိုင်ပဲ စုပ်ယူဝါးမြို

ခြင်းခံရပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx ဒီအလင်းရောင်မဲ့ တွင်းနက်ကြီးတွေကို အာကာသပညာရှင် တွေက X ray ရောင်ခြည်

သုံး အာကာသကြည့်တယ်လီစကုပ် မှန်ပြောင်းကြီးများနဲ့လေ့လာရာမှာ မနေ့က

မဟာတွင်းနက်ကြီးတခုကိုတွေ့ရှိတဲ့သတင်းကိုဖတ်လိုက်ရပါတယ်။

Super massive  Black Hole သို့မဟုတ် မဟာတွင်းနက်ကြီးများဟာ

ဂယ်လက်ဆီလို့ခေါ်တဲ့ ကြယ်အစု ကြီးတိုင်းရဲ့ အလယ်ခေါင်မှာနေရာယူထားတယ်

လို့ဆိုပါတယ်။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မဟာတွင်းနက်ကြီးတခုဟာ အချိန် တနာရီပြည့်တိုင်းကမ္ဘာဂြိုယ်အရွယ်ရှိ ဂြိုယ်နှစ်ခုကို

ဝါးမြိုတယ်လို့ဆိုပါတယ်။သူ့ရဲ့အလေးချိန်ကတော့ ကျွန်တော်တို့ရဲ့ နေမိသားစု ရဲ့ အကြီးဆုံး

ဂြိုယတခုဖြစ်တဲ့ နေ ရဲ့ဒြပ်ထုပေါင်းသန်းသုံး ထောင်မှသန်းငါးထောင် ရဲ့အလေးချိန်နဲ့ ညီပါသတဲ့။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ဗေဒင်ပညာရဲ့အခြေခံဟာ ဂြိုယ်များရဲ့အနေအထားနဲ့လူသားရဲ့ မွေးရက်

နဲ့ ရှေ့ဖြစ်ကိုတွက်ချက်တယ်လို့နားလည်ပါတယ်။

ဥပမာပေးရရင်လရဲ့ဆွဲ ငင်အားကြောင့်ဒီရေအတက်အကျ ဖြစ်ရသလို

ဒီဂြိုယ်တွေရဲ့ဆွဲအားနဲ့တည်နေရာကလူတဦးရဲ့ ရှေ့ဖြစ်ရပ်ကိုစိုမိုးတယ်

ဆိုတဲ့အယူအဆပါ။

Islam ဘာသာကAstrology လို့ခေါ်တဲ့ ကြယ်နှင့်ဂြိုယ်တွေကလူတွေရဲ့ဘဝနဲ့ရှေ့ရေးကိုလွှမ်းမိုးနိုင်တယ်ဆိုတဲ့

ပညာကိုလက်မခံပါ။

အကယ်၍ Allah မှတပါးအခြားတစုံတခုက(ကြယ်၊ဂြိုယ်) သင့်ရဲ့ဘဝရှေ့ရေးကိုအဆုံး

အဖြတ်ပြုနိုင်တယ်လို့ယုံကြည်မိ တာနဲ့(Shirk Akbar)လို့ခေါ်တဲ့ဖန်ဆင်းရှင်နဲ့တွဲဖက်

ကိုးကွယ်ရာ ရောက်တဲ့ အလွန်ကြီးလေးတဲ့အပြစ်ဖြစ်ပါတယ်။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

Astrology vs Astronomy

တကယ်လို့ ကြယ်တွေ ဂြိုယ်တွေမှာလူတွေကိုလွှမ်းမိုးနိုင်တဲ့

ပါဝါတွေရှိတယ်ဆိုတဲ့ အယူဝါဒကိုလက်ခံသူတွေ ဒီလိုမမြင်နိုင်သော်လည်း

အလွန်အင်အားကြီးတဲ့ မဟာတွင်းနက်ကြီးတွေကို ကြားဖူးကြမယ်မထင်ပါ။

သူတို့ရဲ့တွက်ချက်မှူများမှာလဲဒိလိုအင်မတန်ဆွဲငင်အား

ကြီးပြီးမမြင်ရတဲ့ Black hole တွေ နဲ့အခြားမမြင်နိုင်တဲ့စွမ်းအင်တွေ

ပါနိုင်မယ်မထင်ပါ။

ဒါဆိုရင် Islam ဘာသာဝင်မဟုတ်သူတောင်မှဒီပညာကိုလက်ခံဖို့

အသေချာစဉ်းစားရင်အတော်ခက်သွားပြီဖြစ်ပါတယ်။

Islam ဘာသာက Astronomy ဆိုတဲ့ကြယ်နဲ့ဂြိုယ်တွေရဲ့ရွေ့ရှားမှူတည်နေရာကို

လေ့လာတဲ့ပညာကိုလက်ခံပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒီကြယ်နဲ့ဂြိုယ်တွေဟာလူသားတွေအတွက်အချိန်ကို

တွက်ချက်ရန်မှအစ ခရီးလမ်းညွန်မှူပေးရန် အသုံးချခံဖန်ဆင်းခံတွေဖြစ်ပါတယ်။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

အလွန်အင်အားကြီးတဲ့ မဟာတွင်းနက်ကြီးတွေကိုတွေ့ရှိခြင်းဟာ

Allah ရဲ့ကြီးကြယ်မြင့်မြတ်မှူကို ညွန်ပြတဲ့သက်သေ လက္ခဏာများသာ ဖြစ်တယ်။

Allah အရှင်မြတ်ရဲ့ပေးထားတဲ့စွမ်းအားနဲ့လူသားတွေ အာကာသဟင်းလင်းပြင်ကို

ခြေဆန့်ခဲ့တာ လပေါ်ကိုလူရောက်ခဲ့တာ အနှစ်လေးဆယ်ကျော်ခဲ့ပါပြီ။

နောင်အနာဂတ်မှာလူသားတွေဒီကြယ်တွေအခြားဂြိုယ်တွေကို Allah အရှင်မြတ်ခွင့်

ပြုရင်ခြေဆန့်ကြဦးမှာပါ။အဲဒီမှာတွေ့တဲ့သယံဇာတတွေကိုလဲAllah အရှင်မြတ်ခွင့်

ပြုရင်ထုတ်ယူသုံးစွဲကြဦးမှာပါ။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ဒီPost ကိုရေးဖြစ်တဲ့အကြောင်းကမြန်မာမွတ်စလင် ညီနောင်များထဲမှအချို့

သောသူများမသိနားမလည်မှူ ကြောင့်ဒီပညာများကိုယုံကြည်မိလျှင် အလွန်အပြစ်ကြီး

ကြောင်း အမြန်ဆုံး Allah အရှင်မြတ်ရဲ့လမ်းကိုပြန်လှည့်ရန်အသိပေးလိုခြင်းဖြစ်ပါတယ်။

ဒီအထဲမှာ ဂျာနယ်မဂ္ဂဇင်းတွေမှာပါတဲ့ Horoscope ဖတ်ကြည့်တာကအစ

လက္ခဏာ ဗေဒင်မေးခြင်းနဲ့ ဂဏန်းဗေဒင်တွက်တာတွေ အားလုံးပါပါတယ်။

တကယ်တော့လူသားကိုAllah အရှင်မြတ်ကအကောင်းဆုံးပုံ

စံနဲ့ဖန်ဆင်းထားသလိုအခြားဖန်ဆင်းခံများကိုလဲ Allah ရဲ့အမိန့်

ခံများအဖြစ်ဖန်ဆင်းထားပါတယ်။

ထူးခြားတာကလူသားကို Allah အရှင်မြတ်က စမ်းသပ်ရန်ရွေးချယ်ပိုင်ခွင့်ပေးထား

ပါတယ်။

အားလုံး မိမိရဲ့ရွေးချယ်ပိုင်ခွင့်ကို အဖိုးတန်တဲ့အချိန်အတွင်းမှာအကောင်း

ဆုံး အသုံးပြုနိုင်ကြပါစေ။

ချစ်ခင်စွာ

ကျော်ကျော်ဦး

→ 5 CommentsCategories: တွေးမိတွေးရာ
Tagged: allah, Astrology Astronmy and Islam, တွေးမိတွေးရာ, burmese muslim, burmese muslim minority, Burmese Muslims, islam, Myanmar Muslim, myanmar muslim minority, religion, science

minority, religion, science

တွေးမိတွေးရာ (7)

July 20, 2009 · 2 Comments

တွေးမိတွေးရာ (7)

စကားစပ်မိလို့ ကျွန်တော် ရဲ့အကြိုက်နှစ်သက်ဆုံးမြန်မာစာရေးဆရာ

ကြီးတွေရဲ့စာအုပ်တွေအကြောင်းပြောပါရစေ။

နံပတ်တစ် အကြိုက်ဆုံးက ဆရာကြီးရွှေဥဒေါင်းရဲ့ ဘဝတသက်တာ

မှတ်တမ်းများ ဖြစ်ပါတယ်။ကိုယ်တိုင်ရေး အထုပ္ပတိ အမျိုးအစားဖြစ်ပြီး

အတွဲ တစ် နဲ့နှစ်ဆိုပြီး နှစ်အုပ် ခွဲထုတ်ပါတယ်။

ဒီနေ့ အထိမကြာခဏ ပြန်ဖတ်နေမိတဲ့ ဆရာကြီးရဲ့ ရိုးသားရှင်းလင်းတဲ့

ကလေးဘဝ အ င်္ဂလိပ်မင်းလက်ထက်ကနေ နောက်ဆုံး ဆိုရှယ်လစ်အစိုးရခတ်

အထိအတွေ့အကြုံ တွေ ဖတ်လို့မဝနိုင်ပါ။

အဓီကနှစ်သက်မိရင်းအကြောင်းက ဆရာကြီးရဲ့ Sincerity လို့ခေါ်တဲ့ရိုးသားမှူ

ကိုဖတ်ရင်းလေးစားသထက်လေးစားမိလို့ပါ။

ဒီစာအုပ်မှာငယ်စဉ်ကလေးဘဝ မှစပြီးဆရာကြီးဖြတ်သန်းလာတဲ့ခေတ်ပေါင်း

စုံကိုရိုးရိုးစင်းစင်းတင်ပြသွားပါတယ်။

အသက်ကြီးလာလို့ဆရာကြီးအခေါ်ခံဘဝရောက်တဲ့ အခါမှာအရေးသားတွေက

ဘာသာရေးဖက်ပိုရေးလာပါတယ်။

ဒါပေမဲ့ဆရာကြီးဟာဘယ်ဘာသာကိုမှပုတ်ခတ်စော်ကားခြင်းမရှိပဲဘာကြောင့်မိမိ

ဗုဒ္ဓအယူဝါဒကိုယုံကြည်ရကြောင်းကိုရိုးရိုးရှင်းရှင်းလေးရေးပြသွားတာသတိပြုလေးစား

မိပါတယ်။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ဆရာကြီးရဲ့အခင်ဆုံးသူငယ်ချင်းကိုသိန်းဖေသည်ခရိယန်ဘာသာဝင်ဖြစ်ပြီး

ဖန်ဆင်းရှင်ရှိမရှိဆွေးနွေးကြတာလည်း အလွန်လူကြီးလူကောင်းဆန်ပါတယ်။

မန္တလေးဘာသာရေးတရားဝိုင်းမှာ မိမိတော် ကြောင်းတတ်ကြောင်းပြခြင်ဇောနဲ့

စကားနိုင်ကတ်ဖဲ့ ပြောတဲ့မြို့မိဖအမည်ခံလူကြီးများကိုသပိတ်မှောက်ထွက်လာတာလဲ

စိတ်ဝင်စားစရာပါ။

အဓိကပြောချင်တာကဆရာကြီးကွယ်လွန်ခဲ့တာကျွန်တော်တို့ချာတိတ်အရွယ်ကပါ။

ဒါပေမဲ့ လေးစားစရာကောင်းတဲ့ဆရာကြီးရဲ့စာပေနဲ့ရိုးသားပွင့်လင်းတဲ့ရေးဟန်ကဆရာကြီး

နှစ်သက်တဲ့ဂျင်းတဲလမင်း ဆိုတဲ့လူကြီးလူကောင်းတယောတ်ဖြစ်ကြောင်းသူ့စာတွေက

သက်သေခံနေကြောင်းနဲ့သူ့ရဲ့စာတွေနဲ့မရင်းနှီးတဲ့မိတ်ဆွေများကို

ဆရာကြီးရွှေဥဒေါင်းရဲ့ ဘဝတသက်တာမှတ်တမ်းများ စာအုပ်ကိုရှာဖွေဖတ်ရှူ

သင့်ကြောင်း တွေးမိတွေးရာအဖြစ်တင်ပြလိုက်ရပါတယ်။

ချစ်ခင်စွာ

ကျော်ကျော်ဦး

→ 2 CommentsCategories: တွေးမိတွေးရာ
Tagged: တွေးမိတွေးရာ, တွေးမိတွေးရာ (8), burmese muslim, burmese muslim minority, Burmese Muslims, islam in Myanmar, Myanmar Blog, Myanmar Muslim, Mynamar Literature, Shwe U Daung

တွေးမိတွေးရာ (6)Alcoholism

July 20, 2009 · Leave a Comment

တွေးမိတွေးရာ (6)

ဒီ Post လေးကိုလွန်ခဲ့တဲ့နှစ်က ရေးခဲ့ပါတယ်။ ကျွန်တော့ရဲ့ အခုမရှိ

တော့တဲ့ Blog အဟောင်းလေးမှာပါ။

ဖတ်ကြည့်၊ တွေးကြည့် ကြပါ…..

(ဒီPost သည်အရက်မူးယစ်ဆေးတို့ရဲ့
သားကောင်ဖြစ်နေသော မြန်မာပြည်သား
ညီနောင်အားလုံးကိုရည်ရွယ်ပါသည်)

အရက်သမားအမှားတစ်ထောင်

ကွယ်လွန်သူဆရာကြီးလူထုဦးလှ ရဲ့ နာမည်ကျော် စာအုပ် နာမည်ပါ။ ဧရာဝတီ မှာ ပါတဲ့မြန်မာပြည်တွင် အန္တရာယ်ရှိ  အရက်ဖြူ သောက်သုံးသူဦးရေ မြင့်တက် ဆိုတဲ့ဆောင်းပါးကိုဖတ်မိ ပြီးဒီပို့စ် ကိုရေးဖြစ် သွားတာပါ။

အရက် အကြောင်းရေးဖို့ ရည်ရွယ်တာ အတော်ကြာ ခဲ့ပါပြီ။ မြန်မာစကား မှာ သောက်သောက်စားစား လူမင်းသား လို့ ဆိုစကားရှိသလို ယောက်ကျားဆိုစုံမှ ဆိုတဲ့စကားလဲရှိပါသေးတယ်။ ဒါကြောင့် မြန်မာလူမျိုး ကောင်ကလေးတယောက် ဘီယာလောက်သောက်တာ အဆန်းမဟုတ်တော့ပါ။ ဘီယာ ကြော်ညာတွေ ကလဲပေါမှပေါ၊ ဆင်ဆာ လဲမရှိ ဆိုတော့ ချာတိတ်တွေကို အပြစ် ပဲတင်နေလို့မရပါ။

(Islam ဘာသာဝင်လူငယ်တွေ အတွက် အရက်သည်ဟာရမ်ဖြစ်၍
အရက်သောက်သူ၊အရက်ထုတ်လုပ်သူ၊ရောင်းသူ အားလုံးကို ပြင်းထန်
စွာတားမြစ်ပါတယ်။ဆင်ခြေပေးလို့မရပါ။လူကြီးလူငယ်ခြွင်းချက်မရှိပါ။)

ကိုယ်ပြောချင်တာက အသက်အရွယ် ကြီးပြီးအရက်ကိုအကြောင်းအမျိုးမျိုး ကြောင့်စွဲ နေကြသောမိတ်ဆွေများကိုပါ။ ဆရာလုပ်တယ်လို့ ထင်ရင်လဲ ဟုတ်ပါတယ်လို့ဝန်ခံပါတယ်။

မမေ့နိုင်တဲ့အတွေ့အကြုံ

လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကျော်က ဆေးရုံကြီး တခုမှာ မှာအသည်းချောက်နာ နဲ့သေသွားရှာတဲ့ လူနာတယောတ်ကို ဒီနေ့အထိမမေ့နိုင်ပါ။ သူ့အလုပ်ကအရက်ဆိုင်မန်နေဂျာ ၊လူလတ်ပိုင်း အသားညိုညို ၊  သူသေမဲ့ညကဆေးရုံအဆောင်ရှိ လူနာတယောက်မှတညလုံးမအိပ်ရပါ။ အရက်ကြောင့်အသည်းချောက်နာ ဖြစ်တဲ့လူနာအများစုဟာ သွေးအန်ပြီးသေရင် သေ ဒါမှမဟုတ် ကိုမာဝင်ပြီး သတိလစ် သွေးဝမ်း အမဲတွေ သွား ပြီး သေဆုံးတတ်ပါတယ်။

ဒီကိုယ်တော်ချောက အသည်းကိုမာ နဲ့သတိလစ်နေတဲ့အချိန်မှာ အယု တ္တ အန တ္တ အဆဲပေါင်းစုံ ကိုတညလုံးမရပ်မနားကဆဲပါတော့တယ်။ အနားက ရှောင်လို့ရတဲ့လူနာ အများစုဟာနားမခံနိုင်လို့ နီးရာလဘက်ရေ ဆိုင် ရှောင်သွားကြပေမဲ့ ကုတင်ပေါ်လဲနေတဲ့ လူနာသက်ကြီးရွယ်အို တွေခမျာမှာ ညမအိပ်ရဘဲ အဆဲမျိုးစုံကို တယောတ်မျက်နှာတယောက် ကြည့်ပြီး နားထောင်နေရပါတယ်။

နံနက်မိုးလင်းအားကြီး အချိန်မှ ကိုယ်တော်ချောလဲ အသက်ထွက် အဆဲလဲ ရပ် သွား ရော၊ ကိုယ့်တသက်မှာလူတယောက်အသက် ပျောက်သွားလို့ လူအများစိတ်ချမ်းသာတာ ဒီတစ်ခါပဲ မှတ်မှတ်ရရ မြင်ဖူးပါရဲ့။

စိတ်သက်သာ တဲ့မျက်နှာ နဲ့အိပ်ဖို့ ပြင်နေတဲ့ လူနာအားလုံး ဟာ ပါးစပ်ကဘာမှ မပြောပေမဲ့ အမူအယာ အရ ဒီလူကိုဘယ်လောက်စက်ဆုပ် တယ်ဆိုတာအလွန်သိသာပါတယ်။

သနားစရာအကောင်းဆုံးက သေသူ ရဲ့မိသားစုတွေပါ၊ သူတို့ခမျာ မသေခင်ကယောင်ကတမ်း ပယ်ပယ်နယ်နယ် ဆဲနေတော့ အနေရကျပ်ရှာထင်ပါရဲ့ အလျှိုလျှိုပျောတ်ကုန်ကြတယ်။

သေသူအသက်ပျောက် မှ ညိုးငယ်တဲ့မျက်နှာ အားနာ ရှက်ရွံ့ ဝမ်းနည်း စွာနဲ့ အလောင်းကို သယ်ယူသွားတာ ဒီနေ့အထိမမေ့နိုင်ပါ။

အရက်နဲ့ ဒီနေ့မြန်မာပြည်

ဘာသာအယူဝါဒ အားလုံးက အရက်သေစာသောက်စားခြင်းကို တားမြစ်ပါတယ်။ ဆိုရှယ်ဒရင်ကာ လို့ကြေညာသောက်တဲ့သူတွေ၊ တကယ်စိတ်ညစ်စရာလောကဒဏ် ဖိစီးလာတော့ မသိမသာနဲ့ ဇိုးသမားကြီး လုံးလုံးဖြစ်သွားနေကြတာ ကိုယ် မြင်နေကြားနေရပါတယ်။ဘီယာဟာအရက်မဟုတ်လို့ ကြွေးကြော် နေရာက ဘီအီးရှာသောက်တဲ့ဘဝရောက် သွားတဲ့သူတွေတွေလဲ ရှိခဲ့ပါတယ်။

အရက် သည် စွဲတတ်တဲ့ သဘာဝရှိပါတယ်။ အရက်သောက်ရင် လတ်တလော စိတ်ညစ်စရာတွေ မေ့ပြီး ပျော် လာတာမှန် သော်လည်း ဆင်ခြင်တုံ့ တရားလွတ်ကင်းပြီး ဆရာကြီးလူထု ဦးလှ ရေးခဲ့ သလိုအမှားတစ်ထောင် ကျူးလွန်မိတတ်ပါတယ်။ အဓီက မှားတတ် တာကတော့ အရက်သောက်ပြီး ရင် လိင်ကိ စ္စ အပျော်ကြူးကြတာပါ။ မူးမူးရူးရူးနဲ့  တခါထဲမှား ပြီး  HIV/AIDS  ရသွားတဲ့မြန်မာ လူငယ် လူကြီးတွေ အများကြီးရှိ ပါတယ်။

မိသာ;စု သည် နိုင်ငံ ရဲ့ အခြေခံ ယူနစ်တစ် ခု ပါ။မိသားစု ယူနစ် တွေပေါင်းပြီး မှနိုင်ငံ တစ်ခု ရယ်လို့ ဖြစ်တည်တာပါ။

လက်ရှိအနေအထားအရ မြန်မာပြည် တွင်း နေသူများသာမဟုတ်ပြည်ပ နေသူများလဲ စိတ်ဖိစီးမှူ အနည်း နဲ့အများရှိကြတာ သဘာဝပါ။ အိမ်ထောင် တစ်ခုမှာ မြန်မာ့ယဉ်ကျေးမှူအရ ယောတ်ကျားက အိမ်ထောင်ဦးစီး  ပဲ့ကိုင်လမ်းပြသူဖြစ်ရပါမယ်။ အဖေဖြစ် သူကစိတ်ဖိစီးမှူ ကိုအရက်နဲ့ ဖြေရှင်း ရင် သားက ယာဘ သို့မဟုတ် နံပတ်ဖိုး နဲ့ရှင်းပါ လိမ့်မယ်။

တရုပ်ပြည်က  ဘိန်းစစ်ပွဲကို မမေ့ကြပါနဲ့။

တရုပ်ပြည်ကို မြန်မာပြည် အရေး အတွက်မကြိုက်ပေမဲ့ စည်းကမ်း နဲ့ကျိုးစားမှူမှာ အတုယူစရာတွေ အများကြီးတွေ့ရတယ်။အထူးသဖြင့် အားကစားလိုက်စား ခြင်း မှာ တရုပ် တွေ ဟာအင်မတန်တော်တယ်။ အားကစားလိုက်စားသူအများစုဟာစိတ်ဓတ်ကြံ့ခိုင် ပြီးကျန်းမာရေးထိခိုက်မဲ့ အလုပ်တွေရှောင်ကြတယ်။

နောက်တခုကဘာသာတရား လေ့လာလိုက်စား ခြင်း ဟာလူငယ်လူကြီးအားလုံး အတွက်အလွန်ကောင်းမွန်တဲ့ စိတ်အခြေခံ ပေးပါတယ်။အစွန်းမရောက်ဖို့ ပဲလိုပါတယ်။

ဆရာကြီးလူထုဦးလှရဲ့ အရက်သမားအမှားတစ်ထောင် စာအုပ်ရှိသေးရင် ပြန်ဖတ်ကြည့်ပါ။ တတ် နိုင် သူများက  online   ဖတ်လို့ရအောင်လုပ်ပေးနိုင်ရင် အားလုံးအတွက် အကျိုးရှိမယ်လို့ထင်ပါတယ်။ မူပိုင်သူများကခွင့်ပြုရင်ပေါ့လေ..

ချစ်ခင်စွာ

ကျော်ကျော်ဦး

About the Eternal Hell and the Day of Judgement

June 11, 2009 · 1 Comment

အခုတလော ကျွန်တော် post အသစ်မရေးဖြစ်ပါ။ အလုပ်များတာကတော့အ

မြဲ မို့လို့အထူးအထွေပြောစရာမရှိပါ။

ကျွန်တော့ဘလော့ကို Comment တွေ moderate လုပ်ဖို့နဲ့link အသစ်ချိတ်

ရန် သာရောက်ဖြစ်ပါတယ်။

စကားစပ်မိလို့ WordPress မှာ spam လို့ခေါ်တဲ့ပေါက်တတ်ကရကြော်ညာတွေ

နဲ့မဟုတ်မဟတ်ရေးထားတဲ့ link တွေ ကို comment မှာလာထဲ့ရင် အလိုလို spam box ထဲ

ရောက်သွားပါတယ်။

ကျွန်တော့အဖို့ကတော့ Delete  လုပ်လိုက်ယုံပါပဲ။

များသောအားဖြင့်အချိန်ကုန်ခံပြီးဖတ်မနေပါ။

ဒါပေမဲ့ ဒီspam တွေအများစုဟာ ဆေးကြော်ညာတွေ ညစ်ညမ်းတဲ့ linkတွေ

နဲ့ credit ပေးမယ်လို့လိမ်ညာတဲ့ ဝက်ဆိုက်တွေများပါတယ်။တွေးကြည့်လိုက်တော့ လွတ်လပ်ပါတယ်ဆိုတဲ့ ဘလော့ထဲမှာ

တောင် မဟုတ်မဟတ်လုပ်တဲ့သူတွေအတွက် Aktism လို့ခေါ်တဲ့

spam protector ရှိနေပါလားလို့တွေးမိပြီး တရားရမိပါတယ်။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ကျွန်တော် Post မရေးဖြစ်တာ Dr Zakir Naik ရဲ့ audio lecture တွေ

နားထောင်နေလို့ပါ။ကျွန်တော့ ဘလော့ရဲ့ညာဘက်ဆိုက်ဘားမှာလင့်ရှိပါတယ်။

ဒေါင်းလုပ် လုပ်ပြီးနားဆင်နိုင်ပါတယ်။

ကျွန်တော်အထူးစိတ်ဝင်တစားနားထောင်ဖြစ်တာကအမေးအဖြေ အပိုင်းဖြစ်

ပါတယ်။ဆိုကြပါစို့။ Concept of God in Islam အစ်စလမ်ဘာသာရဲ့ ဖန်ဆင်းရှင်အယူ

ဝါဒအမြင်ကို အခြားဘာသာအယူဝါဒများနဲ့ယှဉ်ပြီးပြောပါတယ်။

ပြီးတော့ ပရိတ်သတ်ထဲကမေးတဲ့သူတွေရဲ့မေးခွန်းကို ကုယအန်ကျမ်းမြတ်သာမက

အခြားကျမ်းစာများကိုပါ လက်တန်းကိုးကားပြီးဖြေသွားတာအလွန်စိတ်ဝင်စားစရာ

ကောင်းပါတယ်။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ကျွန်တော်ဒေါက်တာဇာကီရဲ့ ပို့ချချက်တွေကိုအလုပ်အသွားအပြန်သောကားထဲမှာ

နားထောင်ပါတယ်။ ကားရဲ့Mp3 player ထဲကို ဒေါင်းလုပ် လုပ်ပြီးရင် နားထောင်လို့

ရပါပြီ။

ဒီနေ့ပြန်ပြောပြချင်တာကကျွန်တော်တို့အားလုံးသိထားတဲ့ကိယာမတ် လို့ခေါ်တဲ့

ပြန်လည်အစားပေးရမဲ့ နေ့ကြီးရှိကြောင်းဘယ်လိုသက်သေပြမလဲဆိုတဲ့မေးခွန်းကို

ဒေါက်တာဇာကီနိက် ဖြေဆိုသွားပုံပါ။

မေးခွန်းမေးသူသည် Islam ဘာသာဝင်ဟုတ်မဟုတ်ကိုတော့ကျွန်တော်မသိပါ။

ဒေါက်တာဇာကီကမေးခွန်းမေးသူကို ဓားပြတယောက်ဟာလူကောင်းလားလူဆိုးလား

လို့ပြန်မေးပါတယ်။

မေး-   လူဆိုးဖြစ်ပါတယ်။

ဇာကီ -   ဘာကြောင့်လူဆိုးလို့ပြောသလဲ

မေး-   သူများပစည်းမတရားယူလို့ပါ

ဇာကီ –    ဒါပေမဲ့ဓားပြအတွက် အတော်ကောင်းတယ်။ လုလို့ရတဲ့ငွေနဲ့

အိမ်အကြီးကြီးဝယ်တယ်။ကားတွေဝယ်တယ်။ မိသားစု သုံးဖြုံးနိုင်တယ်။

နိုင်ငံခြားကိုခရီးအလည်သွားနိုင်တယ်။

မေး-  သူ့ကိုအပြစ်ပေးရမှာပေါ့

ဇာကီ    သူ့မှာလက်နက်နဲ့အစောင့်တွေရှိတယ်။ဒီလူတွေကိုလဲလခကောင်းကောင်းပေးတားတယ်။

အရေးယူမဲ့လူတွေကိုလဲလိုချင်သလောက်ပေးထားတယ်။

မေးသူ   ဒါပေမဲ့သူလုပ်တာတရားမှမတရားတာ။

ဇာကီ    မတရားဖူးဆိုတာခင်ဗျား ဘာကိုအမှီပြုပြီးပြောသလဲ။ဒီလူအတွက်တော့

သိတ်အဆင်ပြေနေတာ။သူနဲ့ပတ်သက်တဲ့သူတွေလဲကြေနပ်လို့ပဲ။

လောကမှာဒီလိုလူမျိုးတွေအများကြီးပဲ။မဟုတ်မတရားတာတွေလုပ်ပြီးလောကကြီးမှာ

ပျော်ပျော်ကြီးနေသွားကြတာ။သေတဲ့အထိ  ဘာမှအပြစ်မရဖူး။

ကျမ်းမြတ်ကုယအန်မှာလူသားတွေလိုက်နာရမဲ့ဥပဒေသတွေအတိအကျ ပြဋ္ဌန်းထားတယ်။အစားပေးရမဲ့ပြန်လည်ရှင်ပြန်ထမြောက်ရမဲ့

နေ့ကြီးအကြောင်းကို သင်ပြတယ်။

ဥပမာပေးရရင် ဟစ်တလာ လိုလူမျိုးတယောတ်ဆိုပါတော့။သူ့

ကြောင့်ဂျူးလူမျိုး ခြောတ်သန်းသေတယ်လို့ဆိုတယ်။စစ်ပွဲကြောင့်

အပြစ်မဲ့သေရတဲ့အခြားလူတွေ ချွေး သွေးမျက်ရေ နဲ့ခံစားမှူတွေမပါသေးဖူး။

ဆိုပါတော့ ဟစ်တလာကိုလူ့လောကဥပဒေအရ အများဆုံးအပြစ်

ပေးနိုင်ရင်သေဒဏ်ပေါ့။

တကယ်လဲသူ့ကိုသူသတ်သေသွားပါတယ်။

သူတခါသေ လို့တရားမျှတသွားပြီလား။သူသတ်ထားတဲ့လူတွေကသန်းပေါင်းများ

စွာနော်။

လူသားတွေရဲ့အသိညဏ်နဲ့ဖန်တည်းထားတဲ့ဥပဒေနဲ့ ဘယ်လိုမှတရားမျှတအောင်

မစီရင်နိုင်တာရှင်းလောက်ပါပြီ။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ဒီလောကမှာဟစ်တလာလိုလူမျိုး၊သူ့ထက်ဆိုးတဲ့လူတွေအများကြီးပါ။

ကျမ်းမြတ်ကုရအန်ကဒီလိုဆိုထားပါတယ်.

“Those who reject our signs, We shall cast into the fire; as often as their skins are roasted through.  We shall change them for fresh skins, that they may taste the punishment; for Allah is Exalted in power; Wise.” ( 4:56)


(إنَّ الذٌينّ كّفّرٍوا بٌآيّاتٌنّا سّوًفّ نصليهم نّارْا كٍلَّمّا نّضٌجّتً جلودهم بدلناهم جلوداَ غيرها ليذوقوا العّذّابّ إنَّ اللَّهّ كّانّ عّزٌيزْا حّكٌيمْا)  (النساء56).

လူ့ရဲ့အရေပြားမှာရှိတဲ့ နာကျဉ်မှူသိအာရုံခံကလပ်စည်းတွေကနာကျင်

မှူကိုသိစေရန်ဦးနှောက်သို့ သတင်းပို့ပါတယ်။

လူတယောတ်ဟာအရေပြားအောက်အထိမီးလောင်ကျွမ်းခဲ့ရင် နာကျင်မှူ

မရှိတော့ပါ။ နာကျဉ်မှူသိအာရုံခံကလပ်စည်း တွေအရေပြားနှင့်အတူမီးလောင်ရာ

မှာပါသွားလို့ပါ။အထက်ပါအာယတ်တော်အရ ငရဲလားသူများသည်မီးလောင်ကျွမ်းပြီးလျှင်အရေပြား

အသစ်ပြန်လည်ပေး မည်ဟုဆိုထားခြင်းသည် ခံစားမှူပေးသော နာကျဉ်မှူသိအာရုံခံကလပ်စည်းတွေပြန်လည်ဖြစ်ပေါ်စေမှာဖြစ်လို့ ငရဲမီးနဲ့လောင်ကျွမ်းပြီးတိုင်းနာကျင်မှူခံစားရမယ်လို့ဆိုထားခြင်းဖြစ်ပါတယ်။

လူပေါင်းများစွာကိုမတရားသတ်ဖြတ်အနိုင်ကျင့်သောလူယုတ်မာများသည်
ဒီလိုအပြစ်မျိုးနဲ့ထိုက်တန်တယ်ဆိုတာသဘောပေါက်နိုင်ပါတယ်။

ဒါကြောင့်လူသားအားလုံးကိုမျှတစွာတရားစီရင်နိုင်သူမှာဖန်ဆင်းရှင် Allahသာဖြစ်ပြီး

ထိုစီရင်မဲ့နေ့တော်ကြီးရှိ နေကြောင်းကို ဦးဏှောက်သုံးပြီးစဉ်းစားတတ်သူများ အတွက်

ရှင်းရှင်းလင်းလင်းသိနိုင်ကြောင်းဒေါက်တာဇာကီနိက်ရှင်းပြသွားတာကို တင်ပြလိုက်ရပါတယ်။

ချစ်ခင်စွာ

ကျော်ကျော်ဦး

→ 1 CommentCategories: Dr Zakir Naik · Hell · Hitler
Tagged: About the Eternal Hell and the Day of Judgement, ကျမ်းမြတ်ကုရအန, ဟစ်တလာ, burmese muslim, burmese muslim minority, Burmese Muslims, Concept of God in Islam, islam, Myanmar Muslim, myanmar muslim minority, religion, science

အယ်အာ့ဆာဗလီဝတ်ကျောင်းတော်

August 27, 2009 · 2 Comments

လမြတ်ရမ်ဇမ်မှာ Ramdan Mubarak လို့ကျွန်တော့စာမျက်နှာကို

အလည်ရောက်သူများ ကိုအရင်ဆုံးနှုတ်ဆက်ပါရစေ။

Post အသစ် မတင်ဖြစ်တာအတော်ကြာသွားလို့လာလည်သူများကို

တောင်းပန်ပါရစေ။

ဒီလ နှစ်ဆယ့်တစ်ရက်နေ့မှာ မွတ်စလင် အားလုံးအတွက်တတိယအထွတ်

မြတ်ဆုံး နဲ့ပထမဆုံး ကေ့ဘလာ ဖြစ်ခဲ့တဲ့ ဂျေရူစလင် မှာရှိ တဲ့အယ်အာ့ဆာ

ဗလီ ဝတ်ကျောင်းတော်ကြီး ကိုဇီယွန်ဝါဒီ ဂျူးတွေ မီးရှို့ဖျက်ဆီးဖို့ကျိုးစားခဲ့

တာ အနှစ်လေးဆယ် ပြည့်ခဲ့ပါပြီ။

အနှစ်လေးဆယ်ပြည့် တဲ့ အခုအချိန်ခါမှာအယ်အာ့ဆာဗလီ ဝတ်ကျောင်းတော်ကြီး ကို ဇီယွန်ဂျူးတွေက ခိုးကြောင်ခိုးဝှက်မဟုတ်ဘဲ အပြီးသတ်ဖျက်ဆီး ဖို့ဗျောင် ကျကျကျိုး စားနေပါတယ်။

ကမာ့္ဘ့မွတ်စလင်နိုင်ငံနဲ့မွတ်စလင်ထုကြီးကို အလ်အာ့ဆာဗလီဝတ်ကျောင်းတော်ကြီး

ကို ဖျက်ဆီးနေပါတယ်လို့ ဂျေရူစလင်နဲ့ပါလက်စတိုင်းကညီနောင်တွေရဲ့

တင်ပြတာတွေကိုကြားနေမြင်နေရပါတယ်။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

လွန်ခဲ့တဲ့အနှစ်လေးဆယ်က ဇီယွန်ဂျူးတွေ အယ်အာ့ဆာဗလီဝတ်

ကျောင်းတော်ကို မီးရှို့တာနဲ့ပတ်သက်လို့ ဂိုလဒါမေယာလို့ခေါ်တဲ့

ဂျူးအမျိုးသမီးဝန်ကြီးချုပ် ဟောင်းကဒီလိုပြောခဲ့ပါတယ်။

” ကျမဘဝမှာစိတ်အပူရဆုံးနေ့ကိုပြောပါဆိုရင် အယ်အာ့ဆာဗလီကိုမီး

ရှို့တဲ့နေ့ပါဘဲ။ အာရပ်နဲ့မွတ်စလင်နိုင်ငံတွေအားလုံး စိတ်ဆိုးပြီး ဖြစ်တည်စ

ဂျူးနိုင်ငံလေးကို အပြတ်ရှင်းလိုက်မလားလို့ပါ။ ကျမဘဝမှာ အပျော်ဆုံးနေ့ဟာလဲ

ဒီနေ့(အယ်အာ့ဆာဗလီကိုမီးရှို့တဲ့နေ့) ပါပဲ။ ဘာလို့လဲဆိုတော့ဘယ်မွတ်စလင်

အာရပ်နိုင်ငံကမှ သူတို့ခြေတွေမြေ ပေါ်ကမကြွခဲ့လို့ပါပဲ

အာရပ်နဲ့မွတ်စလင်တွေ အားလုံးထိထိရောက်ရောက် မလုပ်ခဲ့လို့ဂျူးတွေကစနစ်တကျ

နဲ့အယ်အာ့ဆာဗလီကို အပြီးအပိုင် ဖျက်ဆီးဖို့စီစဉ်ခဲ့ကြပါတယ်။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

အရှေ့ဂျေရူစလင်မှာရှိတဲ့ ပါလက်စတိုင်းတွေရဲ့အိမ်တွေ

ကိုနေ့စဉ် နဲ့အမျှ ဂျူးတွေကသိမ်းယူနေတာ အယ်ဂျာဇီရာသတင်းမှာ

မြင်နေရပါတယ်။

တစ်ထောင့်ကိုးရာ့ရှစ်ဆယ့်ကိုးခုနှစ်မှာ ဟေကယ်လို့ခေါ်တဲ့ဂျူးဝတ်ကျောင်း

အတွက်အုပ်မြစ်ကို ဗလီဝတ်ကျောင်းတော်နဲ့ကပ်ပြီး ချခဲ့ ပါတယ်။

အယ်အာ့ဆာဗလီဝတ်ကျောင်းရဲ့ နိမ့်ရာအရပ်မှာကပ်ဆောတ်တဲ့ ဂျူးပြတိုက်ကို

နောင်တချိန်ဝန်ကြီးချုပ်ဖြစ်လာမဲ့ အိုလ်မတ်ကိုတိုင် ဖွင့်ပေးခဲ့တယ်။

ဒီပြတိုက်မှာ နောင်တချိန် အယ်အာ့ဆာဗလီဝတ်ကျောင်းနေရာမှာ ဆောက်မဲ့

ဟေကယ်ဂျူးဝတ်ကျောင်းရဲ့ ပုံစံငယ်ကိုပါပြထားတယ်။

အယ်အာ့ဆာဗလီဝတ်ကျောင်းရဲ့အောက်မှာတိတ်တဆိတ်ဥမင်

လှိုင်ခေါင်းတွေဖောက်ပြီး လူလုပ်ငလျင်နဲ့ဝတ်ကျောင်းတော်ကို

ပြိုလဲစေဖို့ တူးတာ မီတာလေးရာရှိပါပြီ။

ဒါကိုလူသိရှင်ကြားဖြစ်အောင်ထုတ်ဖော်တဲ့ ဂျေရူစလင်က

မွတ်စလင်ဘာသာရေးခေါင်းဆောင်ရှိတ်ခရိတ်ဆိုလတ်ကို ဂျူးတွေကဖမ်း

ပြီးထောင်ထဲ ထဲ့လိုက်ပါတယ်။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ဒီနေ့ကျွန်တော်သွားနေကြဗလီဝတ်ကျောင်းတော်မှာ

ပါလက် စတိုင်းကျောင်းသားတွေကပ်ထားတဲ့ အယ်အာ့

ဆာဗလီဝတ်ကြောင်းတော်အန္တရယ် ကျရောက်နေပြီဆိုတဲ့

ပိုစတာလေး တွေ့လို့ ဒီ Post ရေးဖြစ်ပါတယ်။

ကဲ ကျွန်တော်တို့ဘာလုပ်ကြ မလဲ?

ချစ်ခင်စွာ

ကျော်ကျော်ဦး

→ 2 CommentsCategories: Uncategorized
Tagged: ဇီယွန်ဝါဒီ, လမြတ်ရမ်ဇမ်, အယ်ဂျာဇီရာ, အယ်အာ့ဆာဗလီဝတ်ကျောင်းတော်, ကေ့ဘလာ, ကျော်ကျော်ဦး, ဂျေရူစလင်, burmese muslim, burmese muslim minority, Burmese Muslims, holy month of Ramadan, islam, Myanmar Muslim, myanmar muslim minority, Myanmar Muslims, ramadan, Ramdan Mubarak, religion

Islam ဘာသာဝင်များဝက် ၏အသားကိုဘာကြောင့်မစားရသလဲ

April 30, 2009 · 2 Comments

ခပ်တိုတိုနဲ့လိုရင်းကိုဖြေရရင်တော့ဖန်ဆင်းရှင် Allah က စားခွင့်မ

ပေးပဲကျမ်းမြတ်ကုရအန်မှာတားမြစ်ထားလို့ပါ။

ကျမ်းမြတ်ကုရအန်သည်လူသားအားလုံးအတွက်ပြီးပြည့်စုံသောနောက်

ဆုံးပိတ်ကောင်းကင်ကျကျမ်းဖြစ်တဲ့အတွက် လူသားတွေအတွက်နေ့စဉ်

လူနေမှူဘဝကျန်းမာရေး၊လူမှူရေးမှသည် ပြန်လည်အစားပေးရမည့်နေ့တော်ကြီးအတွက်

လမ်းညွန်ကျမ်းဖြစ်ပါတယ်။

ဝက်၏အသားစားခြင်းကိုတားမြစ်ခြင်းနဲ့ပတ်သက်လို့ပညာရှင်တွေရဲ့သတိပေးချက်

ဟာရာစုနှစ်တခုနီးပါးရှိခဲ့ပါပြီ။ဒါပေမဲ့လူသားအများစုကမလိုက်နာခဲ့ကြပါ။

Islam ဘာသာဝင်အားလုံးကတော့ ဝက်သားကို Allah ရဲ့အမိန့်တော်ဖြစ်တဲ့

အတွက်ရှောင်ကြပါတယ်။ဘာသာရေးမှာပေါ့တဲ့သူများတောင်ဝက်သားရှောင်တဲ့နေရာမှာ

မပေါ့ကြတာသတိပြုမိပါတယ်။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

အခုဝက်တုပ်ကွေး ကြီး ကမ္ဘာပတ်မဲ့လမ်းမြင်တော့မှ

အားလုံးမျက်လုံးပြူးမျက်ဆံပြူးဖြစ်ကုန်ကြပါတယ်။

ုဝက်တုပ်ကွေးကိုဝက်သားစားလို့ မကူးပေမဲ့ဝက်

သည်ရောဂါဖြန့်ဖြူးတဲ့ပေါင်းအိုးကြီးလို့ဘီဘီစီကအောက်မှာ

ဖော်ပြထားတဲ့ ပုံ တခုမှာဆိုထားပါတယ်။

ဝက်သည် လူတုပ်ကွေး ငှက်တုပ်ကွေး ဝက်တုပ်ကွေး ဗိုင်းရပ်တွေကို

သူ့ကိုယ့်ထဲမှာပေါင်းစပ် ဗီဇပြောင်းစေပြီးလူအခြင်းခြင်းကိုကူးစက်နိုင်တဲ့ Swine

Flu ဖြစ်စေပါတယ်။

Islam ဘာသာဝင်တွေအနေနဲ့ Allah ရဲ့ကျေးဇူးတော်ကိုသတိရကြဖို့နဲ့

အခြားဘာသာဝင်ညီနောင်များကိုလဲဤကပ်ရောဂါကြီးဘေးမှလူသားအားလုံး

လွတ်မြောက်အောင်လက်တွဲလုပ်ဆောင်ကြပါစို့လို့။

ချစ်ခင်စွာ

ကျော်ကျော်ဦး

ငွေအတိုးစားသူများအကြောင်း

August 31, 2009 · 3 Comments

အစ္စလမ်ဘာသာက ရီဘာ လို့ခေါ်တဲ့ ငွေတိုးစားခြင်း

ကိုပြင်းထန်စွာတားမြစ်ပါတယ်။ ဘယ်အစ္စလမ်ဘာသာဝင်

မှ ငွေတိုးစား ခွင့်မရှိတဲ့အပြင် speculation လို့ခေါ်တဲ့ လောင်းကစား

ခြင်းလို လုပ်အားစိုက်ထုတ်ခြင်းမရှိပဲ ငွေအမြောက်အများရယူခြင်း

ကိုလဲတားမြစ်ပါတယ်။

လွန်ခဲ့တဲ့လက ရုရှားမှာ ကာစီနိုအကုန် ပိတ်ပြစ် ခဲ့ လို့လူပေါင်း

ငါးသောင်း လောက်အလုပ်လက်မဲ့ ဖြစ်တယ်လို့သိရပါတယ်။တာဝန်ရှိသူ

များက လောင်းကစားမှူ ရဲ့ဘေးထွက်ဆိုးကျိုး များဖြစ်တဲ့ ရာဇဝတ်မှူ ပိုများ

လာခြင်း၊ စီးပွါးပျက် ဒေဝါလီခံ ရသူတွေ များလာပြီး လူ့အသိုင်းအဝိုင်း

အတွက် မကောင်းတဲ့ အတွက်ပိတ် ဖို့ဆုံးဖြတ်ရတယ်လို့ဆိုပါတယ်။

******************************************

ဒီနေ့ကမာ့္ဘ မှာ Islamic Banking လို့ခေါ်တဲ့အစ်စ္စလမ်

တရားတော်နဲ့အညီလုပ်ကိုင်တဲ့ဘဏ်လုပ်ငန်း ဟာအချိန်တို

အတွင်းမှာ အောင်မြင်လာတာကိုတွေ့ရပါတယ်။

နှစ်စဉ် ၁၀ မှ ၁၅ ရာခိုင်နှုံးနဲ့ တိုးတက်နေပြီးနိုင်ငံ

ပေါင်း၅၁ ခု( အမေရိကန်) အပါအဝင်မှာ အမေရိကန်

ဒေါ်လာ ဘီလျံငါးရာ ကျော်တဲ့ လုပ်ငန်း ကြီးဖြစ်နေပါပြီ။

ကမာ့္ဘ တခုလုံးက စိတ်ဝင်စားစွာနဲ့လေ့လာကြ

ပြီး အောင်မြင်တဲ့ဘဏ်လုပ်ငန်းအသစ်အဖြစ် လက်ခံနေကြပါပြီ။

တရုပ် ဂျပန်နဲ့အနောက်နိုင်ငံမှဘဏ်ကြီးများအားလုံးလိုလို

Islamic Banking မှာဝင်ပြီးလုပ်ကိုင်လာတာကိုတွေ့ရပါတယ်။

လေထဲမှာ တကဲ့ ပစ္စည်းမရှိပဲလုပ်တဲ့စတော့ ရှယ်ယာ ဈေးကွက်

ပျက်ရတဲ့ အတွက် Islamic Model ကို စီးပွါးရေးပညာရှင်များက

အလေးပေးပြီးလေ့လာကြတာတွေ့ရပါတယ်။

*****************************************************

ဒါပေမဲ့ ဂျူးလူမျိုးတွေကတော့သူတို့ရဲ့အဓီကဝင်ငွေ

ကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းကအတိုင်း အတိုး

စားခြင်းမှ တရားဝင်ရနေပါတယ်။

၁၇ရာစုက ရော့ချိုင်းလို့ခေါ်တဲ့ဂျူးမိသားစုက အတိုးစား

တဲ့လုပ်ငန်းကို ဒီနေကမ္ဘာ့စီးပွါးရေးလို့ခေါ်တဲ့ ဂျူးထိန်းချုပ်

စီးပွါးရေးအင်ပါယာရဲ့ အစအဖြစ်ထူထောင်ခဲ့ပါတယ်။

အရင်တုန်းကတော့ဂျူး ငွေရှင်တွေဟာတပိုင်တနိုင် ငွေတိုး

ချေးစားသူတွေပါ။ ချစ်တီးက အဘခေါ်လောက်အောင် ဆိုး

လွန်းလို့ ရှိတ်စပီးယား ရဲ့ ဗင်းနစ်မြို့မှကုန်သည်ကြီး ဝထ္ထုမှာ

ရဟူဒီ ရှိုင်း လော့ဟာ အသားကို လှီးဖြတ်ယူမဲ့ သူအဖြစ်ရေး

ဖွဲ့ခဲ့ပါတယ်။

*********************************************************

ရော့ချိုင်းမိသားစုက ၁၇ ရာစုမှာ ငွေချေးရင်

ကြာကြာ ချေးထားလေလေ အတိုးများများရလေ

ဆိုတဲ့သဘာဝကို တွေ့ခဲ့ပါတယ်။

ဒီနေ့ ငွေချေးပြီးနက်ဖန်ပြန်ဆပ်မဲ့ သူကိုငွေချေး

တာအကျိုးမရှိ ပဲ လူများများကို အချိန်ကြာကြာ

ချေးထား ရင် အတိုးများများရတာကို သဘောပေါက်

ခဲ့ပါတယ်။ အကြွေးမဆပ် နိုင်သူတွေရဲ့လယ်ယာ အိမ်

မြေ သိမ်းယူလို့ ရတယ်ဆိုတာကို လဲ ဂျူးတွေကပဲစခဲ့

တာပါ။

နောက်ပိုင်း ရော့ချိုင်းမိသားစုဟာပို ကြွယ်ဝလာတဲ့အခါ

လူတွေကိုငွေချေးမဲ့အစား နိုင်ငံလိုက် ငွေချေးတာကအကျိုး

အမြတ်ပိုရတယ်ဆိုတာသိလာပါတယ်။

ဒါပေမဲ့နိုင်ငံရဲ့ ဘုရင် ဒါမှမဟုတ်အစိုးရတရပ်ကိုငွေချေးရင်

အကျိုးအမြတ်ပိုများသော်လဲ တကယ် လို့ ဒီနိုင်ငံ က ချေးငွေ

ပြန်မဆပ် ရင်ဘယ်လိုငွေပြန်ရအောင်လုပ်ရမလဲ လို့ ဦးဏှောတ်

ခြောတ် ရပါတယ်။

အဲဒီအချိန်က ဝါးတားလူး လို့ ခေါ်တဲ့ စစ်ပွဲ အတွက် အင်္ဂလိပ် နဲ့

ပြင်သစ် တို့ စစ်ပြင်နေတဲ့အချိန်ပါ။

ဆက်ရေးပါ့မယ်

ကျော်ကျော်ဦး

→ 3 CommentsCategories: Uncategorized
Tagged: ဂျူးလူမျို, ရဟူဒီ ရှိုင်း လော့, ရီဘာ, အစ်စ္စလမ်ဘာသာ, အနောက်နိုင်ငံမှဘဏ်ကြီးများ, ငွေတိုးစားခြင်း, ငွေအတိုးစားသူများအကြောင်း, လောင်းကစား ခြင်း, burmese muslim, burmese muslim minority, Burmese Muslims, islam, islamic banking, Myanmar Muslim, myanmar muslim minority, reli

ငွေတိုးစားသူများအကြောင်း (၂)

September 4, 2009 · 2 Comments

တိုက်တိုက်ဆိုင်ဆိုင် ပထမ post ရေးပြီး မကြာခင်

မှာ စီအင်အင် မှာ Islamic Banking and Finance  အ

ကြောင်းပါလာပါတယ်။

အသေးစိတ်သိလိုသူများဒီမှာဖတ်နိုင်ပါတယ်။

**********************************************************

ဝါးတားလူးစစ်ပွဲဟာ ပြင်သစ်နဲ့အင်္ဂလိပ်တို့ရဲ့တစ်ဆယ့်ရှစ်

ရာစု မှာ ဥရောပကို စိုးမိုး ဖို့ဗိုလ်လုတဲ့စစ်ပွဲဖြစ်တယ်။

ပြီးခဲ့တဲ့ post မှာဂျူးတွေရဲ့အဓိကငွေဝင်လမ်းဟာငွေတိုး

ချေးစား တဲ့အလုပ်ဖြစ်ပြီး၁၇ ရာစုမှာ ရော့ချိုင်းလို့ခေါ်တဲ့

ဂျူးမိသားစုဟာ ဒီလုပ်ငန်းနဲ့ အကြီးအကျယ်ချမ်းသာလာတဲ့

အခါ နိုင်ငံလိုက် ငွေထုတ်ချေး ဖို့ကြံစည်လာတဲ့အကြောင်းတင်ပြခဲ့ပါတယ်။

ပြသနာက ငွေချေးယူတဲ့နိုင်ငံတွေကို ဘယ်လို ကိုင်

ရမလဲ ဆိုတဲ့ပြသနာပါ။

************************************************

ဝါးတားလူးစစ်ပွဲမတိုင်မီ ရော့ချိုင်းမိသားစုရဲ့ စပိုင်တွေ

ဟာဥရောပတိုက်ရဲ့ မြို့ကြီးတိုင်းမှာရှိနေ ပြီး သက်ဆိုင်ရာနိုင်ငံ

ရဲ့ သတင်းတွေကိုရော့ချိုင်းမိသားစုကို မပြတ်သတင်းပို့နေရပါတယ်။

ဝါးတားလူးစစ်ပွဲဖြစ်ခါနီးမှာ ပြင်သစ် နပိုလီယံ ပဲနိုင်မလား အင်္ဂလိပ်ပဲနိုင်

မလားလို့ဥရောပ တိုက်တခုလုံးရင်တမမနဲ့စောင့်ကြည့်နေချိန်ပါ။

*******************************************************

၁၈၁၅ ခု ဇွန်လ၁၉ရက်နေ့ မှာ ရော့ချိုင်းရဲ့စပိုင်တယောတ်ဟာ

အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ပြီး ပြင်သစ် မှကိုယ်ပိုင် သင်္ဘောနဲ့

တိတ်တဆိတ် ရောက်လာပါတယ်။

ရော့ချိုင်းမိသားစုရဲ့ ခေါင်းဆောင်းနာသန်ဆိုတဲ့ ဂျူး ကြီးကိုတိတ်တဆိတ်

တွေ့ပါတယ်။

နောက် နေ့မှာ ရော့ချိုင်းကလန်ဒန်စတော့ဈေးကွက်မှာ အရင်ကကြိတ်ဝယ်

ထားတဲ့ရှယ်ရာတွေကိုချရောင်းပါတယ်။ အများစု သာမန်လက်လုပ်လက်စား

တွေကသူတို့ရဲ့ ချွေးနဲစာ နဲ့ဝယ်ထားတဲ့ ရှယ်ရာတွေဈေးထိုးကျလို့ အလန့်

တကြားဖြစ်ကြပါတယ်။

အများရဲ့အမြင်မှာဝါးတားလူးစစ်ပွဲမှာအင်္ဂလိပ်စစ်ရှုံးတော့မှာမို့ စတော့ဈေးကွက်

ပျက်တယ်ထင်ပြီး လန်ဒန်စတော့ဈေးကွက်မှာရင်းနှီးမြှုပ်နှံထားသူအားလုံး

ချရောင်းလိုက်ကြတာ တန်ဖိုးလုံးဝမရှိတော့ပါ။

ဒီတန်ဖိုးမရှိတဲ့ ရှယ်ရာတွေကိုရော့ချိုင်းမိသားစုက အလကားလောက်နီးပါးဈေးနဲ့

လိုက်ဝယ်နေတာဘယ်သူမှမသိလိုက်ပါ။

သိပ်မကြာခင်မှာပဲ ရှေ့တန်းကသတင်းလန်ဒန်ကိုရောက်လာပါတယ်။

နပိုလီယံရဲ့ပြင်သစ်နိုင်ငံ စစ်ရှုံးသွားတဲ့အကြောင်းပါ။

လန်ဒန် စတော့ဈေးကွက် ဝုန်းကနဲထိုးတက်သွားပါတယ်။

ရှိသမျှရှယ်ရာတွေ ရော့ချိုင်း ဂျူးမိသားစု လက်ထဲရောက်နေပါပြီ။

အင်္ဂ်လန်ကိုအင်္ဂလိပ်တွေအုပ်ချုပ်နေပေမဲ့စီးပွါးရေးက

ရော့ချိုင်းလို့ခေါ်တဲ့ဂျူးမိသားစုလက်ထဲရောက်သွားခဲ့ပါပြီ။

**********************************************************

စစ် ရှုံးတဲ့ပြင်သစ် ကိုလူဝီဘုရင် ဆက်အုပ်ချုပ်ပါတယ်။

ပြင်သစ်တွေက ရော့ချိုင်းမိသားစုကို မလောက်လေးမလောက်စားလို

ပဲသ ဘောထားပါတယ်။ ပြင်သစ်ရဲ့ ငွေစာချုပ် Bond တွေရဲ့ဈေးကလဲ

တရိပ်ရိပ်တက်နေပါတယ်။

ဒီငွေစာချုပ် တွေက ပြင်သစ်ရဲ့ဘဏ်တွေကစစ်မဖြစ်ခင်

ကတည်းကထုတ်ရောင်းထားတာပါ။ စစ်ရှုံးပြင်သစ်ရဲ့စီးပွါးရေးက

အလွန်ဆိုးနေပါတယ်။ပြင်သစ်အစိုးရကနိုင်ငံခြားဘဏ်တွေ ကငွေချေးလိုပေမဲ့

ဘယ် ဘဏ်ကမှပြင်သစ်ကိုငွေမချေး ပါဖူး။

ရော့ချိုင်းမိသားစုကပြင်သစ်အစိုးရကိုငွေချေးလိုပါတယ်။ဘုရင်

လူဝီတစ်ဆယ့်ရှစ် ကလက်မခံပါ။

ပြင်သစ်တို့ကလဲ အင်္ဂ်လန်င်္နိုင်ငံ ရော့ချိုင်းဂျူးမိသားစုလက်ခုပ်

ထဲ ကရေဘဝ ရောက်တာသိပါတယ်။မအ ပါ။

ဒါပေမဲ့ ပြင်သစ်အစိုးရ ထုတ်ရောင်းထားတဲ့ ငွေစာချုပ် Bond တွေ

ဟာတရိပ်ရိပ် တန်ဖိုးတက်နေရာက ဇောက်ထိုးမိုးမျှော်ဈေး ကျပါတယ်။

ရော့ချိုင်းမိသားစု ကလွန်ခဲ့တဲ့နှစ်အတန်ကြာက တည်းကဝယ် ထားတဲ့

bond တွေကိုချရောင်းလို့ပါ။

နောက်ဆုံးတို့ပြင်သစ်လူဝီဘုရင်လဲ ရော့ချိုင်းမိသားစုကိုဒူးထောက်ရပြီး

ရော့ချိုင်းမိသားစု မှ စစ်ရှုံးပြင်သစ်နိုင်ငံ အတွက် လိုနေတဲ့ငွေ တွေ ချေး

ယူရပါ တော့တယ်။

**********************************************

ဒိလိုနဲ့ပြင်သစ် နိုင်ငံဟာ အင်္ဂလိပ်နဲ့အတူ ဂျူးမိသားစု တခုတည်းဖြစ်တဲ့

ရော့ချိုင်းမိသားစု ရဲ့ခါးပိုက်ထဲ အတူတကွရောက်ခဲ့ပါတယ်။

ဂျူးတွေရဲ့နိုင်ငံလိုက် ငွေချေးရင်ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ လဲ

အဖြေရသွားတဲ့အပြင် ဥရောပတိုက် တခုလုံးရဲ့ နိုင်ငံရေးစီးပွါးရေး အ ညှာ

ကိုလဲကိုင်မိသွားပါတယ်။

**************************************************

ရော့ချိုင်းမိသားစုရဲ့ နောက်လှမ်းမဲ့ခြေလှမ်းက တော့

အလွန်ဝေးလံတဲ့နေရာမှာရှိ တဲ့ နိုင်ငံသစ် တခုဖြစ်တဲ့အမေရိကန်ပါ။

ဆက်ရေးပါမည်

ချစ်ခင်စွာ

ကျော်ကျော်ဦး

20 Comments

20 responses so far ↓

  • wrtgwe // November 27, 2008 at 11:15 am

    As you say.. why kill the cows for holy reason. one may kill you for holy reason too?

  • Mohammed Bilarl // December 9, 2008 at 3:54 am

    AS SA LAR MU A LAI KUM,
    Eidd Mubarak.
    I am a burmese muslim, living in Burma right now.My age is 16
    I want to be your friend.Can u accept me?
    Shall we share the knowledge of Islam and other knowledge.
    So,please reply me as fast as possible.
    Yours,
    Bilarl.

  • Myanmar Muslim Students and Youth // December 15, 2008 at 8:37 pm

    Salam,
    Please join Myanmar Muslim Students and Youth at http://groups.google.com/group/mm_sy

  • M.D.ALquarsim hayaak(makkee) // December 17, 2008 at 3:26 pm

    w/salaam ……….im so respect and happy

  • kyawkyawoo // December 18, 2008 at 3:07 am

    Asslamualaikum
    Thank you all for your wonderful comments.
    I will try to improve this blog but I would like to get the feedback from Myanmar readers that the language they preferred.
    Shall i write more posts in Burmese or in English?
    regards,
    Kyaw Kyaw

  • Harleemar // December 19, 2008 at 2:03 am

    Assallammo Alaikum

    Dear Brother,

    Thanks for visiting my site. How are you?
    Brother, I think that Burmese Muslims prefer to read in Burmese. It’s easy for us.

    May Allah bless you always.

    Sister Haleema

  • moosinar // March 1, 2009 at 1:48 pm

    assalamualaikom ko kyaw kyaw Oo,

    whenever I am on line ,I always come to ur blog and read ur articles…
    so I would like to say thanks..
    I get so much knowlege from u…
    If u write the articles in myanmar , it is better..
    If u write one articles in both languages…it is much more better…
    Young learners of English can improve not only their English but also religious knowledge…
    I do appreciate your effort for islam…
    I also would love to do like u inshallah
    but I am not knowledgable enough now ….
    this time I have something to confirm with u…
    in my knowledge hidu is a religion….it is not the term for race….
    I may be wrong…
    u mentioned in ur articles that hidu muslim, hidu buddhist …..I think they should be indian muslim .indian buddhist since hidu doesn’t represent race.
    I hope u would understand me if I m wrong..
    with regard
    moosinar

  • kyawkyawoo // March 2, 2009 at 3:47 am

    Moosinar,
    Thank you for your comment.
    I will edit the post. What I wanted to say was
    Hindu vs Muslims,Hindu vs Buddhism, that led to the historical problems.
    Regards,
    KKO

  • kyawkyawoo // March 2, 2009 at 3:50 am

    Assalmualaikum and W Salam Moosinar

    I have not started my reply with Salam and pls forgive me for that.
    Regards,
    KKO

  • Mg Salafi // March 29, 2009 at 4:43 pm

    တမန်တော်မိုဟာမက်၏ ဝါဒ

    မိမိ၏ပတ်ဝန်းကြင် ရှိသူများကို နှုတ် အားဖြင့်လည်းကောင်း လက်အားဖြင့်လည်းကောင်း ဒုက္ခ ရောက်အောင်လုပ်သူမြားသည်အစ်စ္စလမ်ဘာသာဝင် များမဟုတ် ကြချေ။

    ကိုကျော်ကျော်ဦးခင်ဗျာ
    စလာမ်
    အထက်ပါစာသားက ဘယ်ကျမ်းထဲက ရတာလဲ။ ဆွဟီးဟ် အလ်-ဗုခါရီကျမ်းထဲကလား။ အထောက်အထားလေး သိချင်ပါတယ်။

  • Omar // April 7, 2009 at 1:59 am

    Asslamoaliekom
    Dear brother;

    very nice blog , may Allah reward u and give u more power Taofeeq to write more and more….
    i would like to tell u , in this sentence
    ချစ်ခင်စွာဖြင့်
    ကျော်ကျော်ဦး
    no need to write ဖြင့် after စွာ ,,, pls check it in this book မြန်မာစာ မြန်မာစကား printed by မြန်မာစာအဖွဲ့ဦးစီးဌာန || tank u…
    ချစ်ခင်စွာ
    Omar

  • kyawkyawoo // April 7, 2009 at 5:25 am

    Salam Omar,

    Thank you for your comment and advice.
    regards,
    KKO

  • drhlahlawin // April 23, 2009 at 5:46 pm

    Assalamualaikum Wrt Wbt,

    Dear Brother,

    I visited your blog. It is so nice. I would like to request you for visiting to my blog. I already added your link in my blog page. Here is my link. http://drhlahlawin.wordpress.com

    Dr. Hla Hla Win

  • Phyo Ko Ko // July 17, 2009 at 4:55 am

    toilet wall ကislam မကောင်းကြောင်းရေးထားတာဖတ်ပြီး ပြီလား။
    အရမ်းရက်စက်တယ်ဗျာ။
    ခင်ဗျားကူညီပါဦး။
    ဒီလိုလူမျိုးတွေရှိလို.ကျွန်တော်တို့မျက်နှာငယ်ရတာ။
    http://toiletwall.ning.com/profiles/blogs/2387570:BlogPost:710087#comments

  • kyawkyawoo // July 20, 2009 at 11:15 am

    Phyo Ko Ko,
    Please ignore these kind of comments.
    Neither I will read nor pay attention to these type of websites. The name itself explains the level of knowledge of the contributors.
    regards,
    KKO

  • Hakeem Bhai // July 30, 2009 at 9:07 am

    As Salamm

    Your blog is very nice.
    This is also a good site http://infoislam01.ning.com
    http://infomuslims.blogcpot.com

  • Eid Mubarak 2009 from Kyaw Kyaw Oo « Kyaw Kyaw Oo’s Words of Love // September 17, 2009 at 10:38 am

    [...] နောက်ထပ်ရေးမဲ့ မြန်မာ လို Post တွေကို ကျော်ကျော်ဦး မြန်မာစာမျက်နှာ ခေါင်းစဉ် အောက်မှာပဲ post [...]

  • Rashid Khalifa by Dr Bilal Philips « Kyaw Kyaw Oo’s Words of Love // September 29, 2009 at 11:11 am

    [...] မြန်မာလိုဆက်ဖတ်ရန်… [...]

  • Htay Lwin Oo // November 6, 2009 at 3:39 am

    ဆလာမ်
    ခင်ဗျားဆိုဒ်ကို ကျွန်တော် ပထမတစ်ကြိမ်ဝင်ကြည့်ဘူးတယ်။ အချိန်မရလို့ မနှံ့စပ်ခဲ့ဘူး- အခုအကြိမ်ဝင်ကြည့်ပြီး- အသေချာဖတ်ကြည့်ပါတယ်။ ရိုးရိုးပြောရရင်- ခံတွင်းတွေ့တယ်ဗျာ-
    လေးစားစွာဖြင့်-
    ကိုဌေးလွင်ဦး

  • kyawkyawoo // November 6, 2009 at 6:31 am

    ဆလမ်
    ကိုဌေးလွင်ဦး

    comment အတွက်ကျေးဇူးတင်ပါတယ်။ဆက်ရေးဖို့
    အားဆေးတခုလိုခံစားရပါတယ်။
    လေးစားစွာဖြင့်-

Leave a Comment

  • RSS Myanmar Muslim Media